images
UN
UN
ဘက်ဆစ်တပ်အသင်းကို ကာရီအက်စ် တရားစွဲဆိုမည်
Wednesday, 13 March 2019
လီဗာပူးမှ ဘက်ဆစ်တပ်သို့ အငှားသွားကစားနေသော ဂိုးသမား ကာရီအက်စ်က ၄င်းနှင့်ပတ်သက်၍ တရားဝင်ဝေဖန်မှုပြုလုပ်ခဲ့ခြင်းနှင့် လစာပေးချေနိုင်မှုမရှိခြင်းတို့ကြောင့် အသင်းကို တရားစွဲဆိုရန် စီစဉ်နေ ပြီဖြစ်ကြောင်း ပြောကြားလိုက်သည်။ အသက် ၂၅ နှစ်ရှိ ကာရီအက်စ် သည် ဘက်ဆစ်တပ်သို့ နှစ်ရာသီအငှားစာချုပ်ဖြင့် ပြောင်းရွှေ့ကစားနေ သူဖြစ်သည်။ သို့သော် ကွန်ယာစပေါလ်အား အနိုင်ရရှိခဲ့သည့်ပွဲအပြီး တွင် နည်းပြဆီနော်ဂူနက်စ်က ၄င်း၏စွမ်းဆောင်ရည်နှင့်ပတ်သက်၍ လူသိရှင်ကြား ထုတ်ဖော်ဝေဖန်ခဲ့သည်။ ထို့ပြင် ဘက်ဆစ်တပ်သည် ၄င်းအား လေးလစာအထိ ပေးချေရန်ကျန်ရှိနေသေးသည်။ ၄င်းသည် ပြီးခဲ့သောလက လစာကိစ္စနှင့်ပတ်သက်၍ ဖီဖာသို့ တိုင်ကြားမှုပြုလုပ် ထားသေးသည်။ Ref ;Telegraph