images
UN
UN
မီလန်ဒါဘီပွဲစဉ်ကို အေစီနည်းပြဂတ်တူဆို ကြီးကြပ်ခွင့်ရ
Wednesday, 13 March 2019
အေစီမီလန်နည်းပြဂတ်တူဆိုသည် ချီယေဗိုနှင့်ပွဲတွင် ထုတ်ပယ်ခြင်း ခံခဲ့ရသော်လည်း မီလန်ဒါဘီပွဲစဉ်ကို ကြီးကြပ်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။ ဂတ်တူဆိုသည် နည်းပြစနစ်ဧရိယာမှထွက်ကာ ပြိုင်ဘက် ကစားသမားနှင့်ပတ်သက်၍ ဒေါသတကြီးမှတ်ချက်ပြုပြောကြားခဲ့ခြင်း ကြောင့် ချီယေဗိုနှင့်ပွဲတွင် ထုတ်ပယ်ခံခဲ့ရခြင်းလည်းဖြစ်သည်။ ထို့ ကြောင့် လာမည့်တနင်္ဂနွေနေ့တွင် ယှဉ်ပြိုင်ကစားမည့် မီလန်ဒါဘီပွဲစဉ် ကို ကြီးကြပ်ခွင့်ပိတ်ပင်ခံရနိုင်သည်ဟု ခန့်မှန်းမှုများရှိခဲ့သည်။ သို့သော် အီတလီဘောလုံးအဖွဲ့ချုပ်က ၄င်းကို သတိပေးမှုနှင့်အတူ ယူရို ၁၅ဝဝဝ ဒဏ်ရိုက်ခဲ့သည်။ လက်ရှိတွင် စီးရီးအေအမှတ်ပေးဇယား၌ အေစီနှင့် အင်တာတို့မှာ အဆင့် သုံးနှင့် လေးတွင် ရပ်တည်နေပြီး နိုင်ပွဲရခဲ့ပါက အင်တာကို အမှတ်ပိုဖြတ်နိုင်မည်ဖြစ်သည်။ Ref ;Footballitalia