images
UN
UN
စီရော်နယ်ဒို၏ အောင်ပွဲခံပုံအတွက် ဝေဖန်မှုမလုပ်လိုကြောင်း ဆီမြွန်နီပြော ချန်ပီယံလိဂ်တွင်အကူအညီဖြစ်ရန် ဂျူဗင်တပ်က မိမိကိုခေါ်ယူခဲ့ခြင်းဟု စီရော်နယ်ဒိုဖွင့်ဟ
Wednesday, 13 March 2019
အက်သလက်တီကိုနည်းပြ ဆီ မြွန်နီက ချန်ပီယံလိဂ်ပွဲစဉ်တွင် ပြိုင်ဘက်ကစားသမား စီရော်နယ် ဒို၏ အောင်ပွဲခံပုံနှင့်ပတ်သက်၍ ဝေဖန်မှုမလုပ်လိုကြောင်း ပြော ကြားခဲ့သည်။ ဆီမြွန်နီသည် ပထမ အကျော့အိမ်ကွင်းပွဲစဉ်တွင် ဂျူဗင် တပ်အား အက်သလက်တီကိုက အဖွင့်ဂိုးသွင်းယူနိုင်ပြီးနောက် ဆိုး ရွားသည့်အောင်ပွဲခံပုံပြုလုပ်ခဲ့သည်။ ထို့ကြောင့် ၄င်းသည်လည်း ဥရောပ ဘောလုံးအဖွဲ့ချုပ်၏ ဒဏ်ငွေ ပေါင် ၁၇ဝဝဝအထိ ချမှတ်ခြင်းကို ခံခဲ့ရသည်။ ဂျူဗင်တပ်ကွင်းတွင် ကစားခဲ့သည့် ဒုတိယအကျော့ပွဲ တွင် စီရော်နယ်ဒိုက ၄င်းပြုမူခဲ့ သည့်ပုံစံအတိုင် ပြန်လည်ပြုလုပ် ကာ အောင်ပွဲခံခဲ့ခြင်းဖြစ်သည်။
ဆီမြွန်နီက ''ပထမအကျော့ တုန်းက ကျွန်တော်ဘယ်လိုပြုမူခဲ့ သလဲဆိုတာကို သူလည်းမြင်ခဲ့ပါ တယ်။ ကျွန်တော့်လိုပဲ စီရော်နယ်ဒို ကလည်း သူ့ရဲ့ စရိုက်လက္ခဏာ ကို ပြသဖို့ ကြိုးစားခဲ့တာဖြစ်ပါလိမ့် မယ်။ သူက ကမ္ဘာ့အကောင်းဆုံး ကစားသမားပါ။ ဒီနေ့ညလို ကြီး ကျယ်ခမ်းနားတဲ့ အောင်ပွဲတွေကို လည်း သူက ရယူနိုင်သူပါ''ဟု ပြောခဲ့သည်။
အက်သလက်တီကိုအား ဟက် ထရစ်သွင်းနိုင်ခဲ့ပြီးနောက် ဂျူဗင် တပ်က မိမိကို အဘယ့်ကြောင့် ခေါ်ယူခဲ့သနည်းဆိုသော မေးခွန်း အတွက် အဖြေထွက်ခဲ့ပြီဟု စီရော် နယ်ဒိုက ပြောသည်။ စီရော်နယ်ဒို သည် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ဟက် ထရစ် ရှစ်ကြိမ်မြောက် သွင်းယူနိုင် ခဲ့ခြင်းဖြစ်ပြီး မက်ဆီ၏ ဟက်ထ ရစ် မှတ်တမ်းကို လိုက်မီနိုင်ခဲ့ သည်။ ထို့ပြင် ဂျူဗင်တပ်ကွင်း၌ ချန်ပီယံလိဂ်သွင်းဂိုး အများဆုံး သွင်းယူနိုင်သူအဖြစ်လည်း ဗီဒယ် နှင့် သွင်းဂိုးအရေအတွက် တူညီ ခဲ့ပြီဖြစ်သည်။ စီရော်နယ်ဒိုသည် ပြီးခဲ့သောနွေက ဂျူဗင်တပ်သို့ ပေါင်သန်း ၁ဝဝဖြင့် ရောက်ရှိခဲ့သူ ဖြစ်သည်။ မှော်ဆန်သော ချန်ပီယံ လိဂ်ညများကို ကူညီရန်အတွက် ဂျူဗင်တပ်က ခေါ်ယူခဲ့ခြင်းဟု ၄င်း က ပြောသည်။ Ref ;Dailymail