images
UN
UN
ပင်လည်ဘူးမြို့နယ် ဆားကျင်းကျေးရွာ၌ ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်သစ်တင်ပွဲပြုလုပ်
မျိုးညီညီ(ပင်လည်ဘူး) Thursday, 14 March 2019
စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့နယ် ကဘာကျေးရွာအုပ်စု ဆားကျင်း ကျေးရွာ ဦးချစ်ဝင်းနေအိမ်၌ ယနေ့ နံနက် ၉ နာရီက ပါတီဆိုင်းဘုတ် တင်ပွဲအခမ်းအနားပြုလုပ်ရာ ပြည် ခိုင်ဖြိုးပါတီဆိုင်းဘုတ်သစ်အား အောင်သပြေအမွှေးနံ့သာများဖြင့် ပက်ဖျန်းပြီး ပါတီဆိုင်းဘုတ်တင် ခြင်းအခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ပြည် ခိုင်ဖြိုးပါတီခရိုင်အမှုဆောင် ဦးမြင့် ကျော်၊ မြို့နယ်အတွင်းရေးမှူး ဦးသောင်းဌေး၊ ပင်လည်ဘူးမြို့ နယ် မြောက်ပိုင်းဒေသတာဝန်ခံ ဦးမင်းအောင်၊ ရပ်/ကျေးပါတီ ဥက္ကဋ္ဌဦးချစ်ဝင်းနှင့် ကျေးရွာမှ ပါတီဝင်ရပ်မိရပ်ဖများ တက် ရောက်သည်။
ဆက်လက်၍ ရေနွေးကြမ်း စကားဝိုင်းပြုလုပ်ရာ လက်ရှိအမျိုး ဘာသာသာသနာနှင့် ဒေသအကျိုး စီးပွားဖြစ်မြောက်ရေးအကြောင်း အရာတို့ကို ဆွေးနွေးမှုများပြုလုပ် ခဲ့ကြောင်း သိရသည်။