images
UN
UN
ပုဒ်မ ၂၆၁ ကိုပြင်ဆင်ကာ ဒီမိုကရေစီ၏တန်ဖိုးများကို ပိုမိုတိုးမြှင့်ရယူရန် ဥပဒေနှင့်အညီဆောင်ရွက်ရန်လို
Thursday, 14 March 2019
လွှတ်တော်နာယကနှင့်အားလုံးမင်္ဂလာပါ
ကျွန်တော်ကတော့ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဗိုလ်မှူး သန်းဝင်းဖြစ်ပါတယ်။ ၈-၂-၂ဝ၁၉ရက် နေ့တွင် ဦးသိန်းထွန်း(ကျောင်းကုန်းမဲဆန္ဒ နယ်)အပါအဝင်ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၄၃ ဦးက ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၃၊ ၄၃၅နှင့် ပြည် ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၇အရ လက်မှတ်ရေးထိုးတင်ပြခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေမူကြမ်းနှင့်စပ်လျဉ်း၍ လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့်သဘောထားမှတ် ချက်ပါဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁ ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးပါ မယ်။ Power Point ဖြင့် တင်ပြခွင့်ပြု ပါခင်ဗျာ။
လွှတ်တော်နာယကခင်ဗျာ
၅-၃-၂ဝ၁၉ ရက်နေ့တွင်တင်သွင်းခဲ့ သော ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယ အကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းလေ့ လာရေးပူးပေါင်းကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာအပိုဒ် ၄ တွင်တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ခန့်အပ် တာဝန်ပေးခြင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁၊ ပုဒ်မခွဲ(ခ)၏ မူလပြဋ္ဌာန်း ချက်မှာနိုင်ငံတော်သမ္မတသည်သက်ဆိုင် ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တာဝန်ပေး အပ်နိုင်ရန်ဆိုသောနေရာတွင် ပြင်ဆင် ချက်အဖြစ် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်သည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တာ ဝန်ပေးအပ်နိုင်ရန်၊ ပုဒ်မခွဲငယ်(၁) မူလ ပြဋ္ဌာန်းချက်မှာ သက်ဆိုင်ရာတိုင်းဒေသ ကြီး သို့မဟုတ်ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်များထဲက သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသော သင့် လျော်သည့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအားရွေးချယ်ရမည်။ ပြင်ဆင်ချက် မှာသက်ဆိုင်ရာတိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ထဲမှ သတ်မှတ်ထားသည့်အရည်အချင်း နှင့်ပြည့်စုံသော သင့်လျော်သည့် ကိုယ် စားလှယ်တစ်ဦးအား ''ဆန္ဒမဲ''ဖြင့် ရွေး ချယ်ရမည်။ ပုဒ်မခွဲငယ်(၂) မူလပြဋ္ဌာန်း ချက်ရွေးချယ်ထားသည့်လွှတ်တော်ကိုယ် စားလှယ်၏အမည်စာရင်းကိုသက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်သို့ ပေးပို့သဘောတူညီချက် ရယူရမည်။ ပြင်ဆင်ချက်မှာ ဆန္ဒမဲဖြင့် ရွေးချယ်ထားသည့် ကိုယ်စားလှယ်၏ အမည်စာရင်းကို နိုင်ငံတော်သမ္မတထံ ပေးပို့ရမည်ဟု ဖော်ပြထားရှိပါတယ်။ ယခုပြင်ဆင်မည့် ပြင်ဆင်ချက်များမှာ ယနေ့ လက်ရှိအစိုးရဖော်ဆောင်နေသည့် ''ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံ သော ပြည်ထောင်စုအဖြစ်ဖွဲ့စည်းရမည်'' ဟူသောရည်မှန်းချက်အတိုင်း ဗဟိုချုပ် ကိုင်မှုကိုဖြေလျှော့ပေးသည့်အခြေအနေ ဖြစ်သည့်အပြင်ဖက်ဒရယ်စနစ်အား ပိုမို ပီပြင်စွာအထောက်အပံ့ဖြစ်မှာ ဖြစ်ပါ တယ်။ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များက ဒေသခံပြည်သူတို့ ရွေး ချယ်ခန့်အပ်ထားသော ကိုယ်စားလှယ် များအနေဖြင့် မိမိတို့ တိုင်းဒေသကြီး၊ ပြည်နယ်၊ လွှတ်တော်ကိုယ်စားလှယ် များထဲမှသင့်လျော်သူကိုမဲဆန္ဒဖြင့် ရွေး ချယ်ပေးခြင်းသည်ပိုမိုသင့်လျော်ကောင်း မွန်မည်ဖြစ်ပါ၍ ပြင်ဆင်သင့်ပါသည်။
ပုဒ်မခွဲ(ဂ)မူလပြဋ္ဌန်းချက်မှာ နိုင်ငံ တော်သမ္မတသည် တိုင်းဒေသကြီး သို့ မဟုတ် ပြည်နယ်လွှတ်တော်၏သဘောတူ ညီချက်ရရှိပြီးသည့် လွှတ်တော်ကိုယ်စား လှယ်အား သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရမည်။ ပြင်ဆင်ချက် မှာ နိုင်ငံတော်သမ္မတသည် တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က ဆန္ဒမဲဖြင့်ရွေးချယ်ထားသည့်လွှတ်တော် ကိုယ်စားလှယ်အား သက်ဆိုင်ရာ တိုင်း ဒေသကြီးသို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် အဖြစ် ခန့်အပ်တာဝန်ပေးရမည်ဖြစ်၍ ပြင်ဆင်ချက်မှာ သက်ဆိုင်ရာတိုင်း ဒေသ ကြီး၊ ပြည်နယ်လွှတ်တော်က ရွေးချယ် သည့်ကိုယ်စားလှယ်ကိုနိုင်ငံတော်၏ အုပ် ချုပ်ရေးအကြီးအကဲဖြစ်သည့် နိုင်ငံတော် သမ္မတက အတည်ပြုခန့်အပ်ခြင်းဖြစ်၍ အပြန်အလှန်ထိန်းညှိသည့်သဘောတာဝန် ယူမှု၊ တာဝန်ခံမှုပြုသည့် သဘောဖြစ်ပါ သည်။

ပုဒ်မခွဲ(ဃ)မူလပြဋ္ဌာန်းချက်မှာ တိုင်း ဒေသကြီးသို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် အတွက်သတ်မှတ်ထားသောအရည်အချင်း များနှင့် မပြည့်စုံကြောင်း အထင်အရှား မပြနိုင်ပါက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်သည် နိုင်ငံတော် သမ္မတက အမည်စာရင်းတင်သွင်းသည့် လွှတ်တော်ကိုယ်စားလှယ်အား တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီး ချုပ်အဖြစ်ခန့်အပ်တာဝန်ပေးရန်ငြင်းပယ် ခွင့်မရှိစေရ၊ ပြင်ဆင်ချက်မှာ တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်က ဆန္ဒမဲဖြင့် ရွေးချယ်ထားသော ပုဂ္ဂိုလ် သည် တိုင်းဒေသကြီး သို့မဟုတ် ပြည် နယ်ဝန်ကြီးချုပ်၏ အရည်အချင်းများနှင့် ပြည့်စုံမှုမရှိကြောင်း ခိုင်လုံသည့် အချက် ပေါ်ပေါက်လာပါက နိုင်ငံတော်သမ္မတ သည်တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ် ဝန်ကြီးချုပ်အဖြစ်ခန့်အပ်တာဝန်ပေးအပ် ရန် ငြင်းပယ်ခွင့် ရှိစေရမည်ဖြစ်၍ ပြင် ဆင်ချက်မှာ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ် တော်သို့ အပြန်အလှန် Check and Blance အား ပိုမိုပီပြင်စွာ ဆောင်ရွက် နိုင်မည်ဖြစ်၍ ပြင်ဆင်သင့်ပါကြောင်း တင်ပြအပ်ပါတယ်။
ပုဒ်မခွဲ(င) မူလပြဋ္ဌာန်းချက်မှာ နိုင်ငံ တော် သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်လွှတ်တော်၏သဘော တူညီချက်မရသည့် ပုဂ္ဂိုလ်အစား အမည် စာရင်းသစ်ကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ ထပ်မံတင်သွင်းခွင့်ရှိသည်။ ပြင်ဆင်ချက်မှာ တိုင်းဒေသ ကြီး သို့မဟုတ်ပြည်နယ်လွှတ်တော်သည် နိုင်ငံတော်သမ္မတ၏ သဘောတူညီချက် မရရှိသည့်ပုဂ္ဂိုလ်အစား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် အမည် စာရင်းအသစ်ကို နိုင်ငံတော်သမ္မတထံ ထပ်မံတင်သွင်းခွင့်ရှိသည်ဖြစ်၍ပြင်ဆင် ချက်မှာ ပိုမိုသင့်လျော်ပြီး ပုဒ်မခွဲ(ဃ)နှင့် လည်း ချိတ်ဆက်လိုက်ဖက်ပါသဖြင့် ပြင်ဆင်သင့်ပါသည်။
နိဂုံးချုပ်အားဖြင့် လွှတ်တော် ကိုယ် စားလှယ် ဦးသိန်းထွန်းတင်သွင်းထား သော ပုဒ်မ ၂၆၁ နှင့် ပုဒ်မခွဲများအား တင်ပြထားသည့် ပြင်ဆင်ချက်များပါ အတိုင်း ပြင်ဆင်နိုင်မည်ဆိုပါက ၂၁ရာစု ပင်လုံညီလာခံမှ အတည်ပြုပြီးဖြစ်သည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ် အပိုင်း(၁)တွင် ပါရှိသောအရေးအကြီးဆုံး အချက်ဖြစ်သည့် ''နိုင်ငံတော်ကို ဒီမို ကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုအဖြစ် ဖွဲ့စည်းရမည်'' ဟူ သောအချက်အား တိုက်ရိုက်ကူညီအား ပေးရာရောက်ခြင်း၊ နိုင်ငံတော်၏အုပ်ချုပ် ရေးအာဏာကို ပြည်ထောင်စု၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်များအားခွဲဝေအပ် နှင်းသည်ဟူသည့်အခြေခံမူအား ပီပြင်စွာ အကောင်အထည်ဖော်ပေးခြင်း၊ ပြည်ထောင် စုငြိမ်းချမ်းရေးညီလာခံ သီးသန့်အစည်း အဝေးတွင်တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ပြောကြားခဲ့သည့်မိန့်ခွန်းပါပြည်နယ် နှင့်တိုင်းဒေသကြီးဝန်ကြီးချုပ်များရွေးချယ် ခြင်း၊ အုပ်ချုပ်ရေးမှူးများ ခန့်ထားခြင်း များနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၏ အနှစ်သာရကို မထိခိုက်စေဘဲ တိုင်းပြည်အတွက်ပြင်ဆင်သင့်သည်များ အားပြင်ဆင်ရန်ပြောကြားခဲ့သောအချက် အတိုင်းဆောင်ရွက်ခြင်း၊ယနေ့ပြည်သူများ လိုလားတောင်းဆိုနေကြသော ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ခြင်းအားလက်တွေ့ ပြင်ဆင်ရာရောက်ခြင်း၊ အစိုးရအဆက် ဆက်မသိမသာခွဲခြားခံနေရသည်ဟူသော အတွေးများရှိနေကြသည့် တိုင်းရင်းသား များအတွက် ယနေ့ ဒီမိုကရေစီအစိုးရ လက်ထက်တွင် အားလုံးတန်းတူညီမျှရေး ဆောင်ရွက်ပေးနေသည့်ပုံရိပ်ကိုလက်တွေ့ သက်သေပြနိုင်မည့်အတွက် ပုဒ်မ၂၆၁ ကိုပြင်ဆင်ကာ ဒီမိုကရေစီ၏ တန်ဖိုးများ ကို ပိုမိုတိုးမြှင့်ရယူနိုင်မည်ဖြစ်ကြောင်း နှင့်အရေးကြီးအဆိုအရသီးခြားဖွဲ့စည်းထား သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ လုပ်ငန်းစဉ်များ တွင် ထည့်သွင်းဆောင်ရွက်ရန်မသင့်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေမူကြမ်းလေ့လာစိစစ် ရေးပူးပေါင်းကော်မတီသည် ဥပဒေနှင့် အညီသာ ဆက်လက်ဆောင်ရွက်ရန်လိုပြီး သဘောသဘာဝမတူသောကော်မတီနှစ် ရပ်ကိုပေါင်းစပ်ပြီး(လုံးဝ)မဆောင်ရွက်သင့် ကြောင်းဆွေးနွေးရင်းနိဂုံးချုပ်အပ်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။