images
UN
UN
ဖက်ဒရယ် ဒီမိုကရေစီပုံဖော်ခြင်းဖြစ်သည့်ပုဒ်မ ၂၆၁ ပြင်ဆင်ခြင်းတွင် ၄၅ ဦးကော်မတီ၏ အစီရင်ခံစာကိုကန့်ကွက်
Thursday, 14 March 2019
ပြည်ထောင်စုလွှတ်တော် နာယကကြီး ခင်ဗျာ
ကျွန်တော်ကတော့ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဗိုလ် မှူး ဇော်ဝင်းနိုင်ဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ အစီရင်ခံစာမှာပါရှိတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၁နဲ့စပ်လျဉ်းတဲ့ ဥပဒေပြင်ဆင်ချက်အပိုင်းကို ခြုံငုံသုံး သပ်ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်။ ဦးသိန်းထွန်းအပါအဝင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၁၄၃ဦးက လက်မှတ်ရေးထိုးတင်ပြလာတဲ့ ဥပဒေ ပြင်ဆင်ချက်(မူကြမ်း)ကို လေ့လာကြည့် ပါက ပုဒ်မ ၂၆၁၊ ပုဒ်မခွဲ(ခ)နှင့် ပုဒ်မ ခွဲငယ်(၁၊ ၂)၊ပုဒ်မခွဲငယ်(ဂ)၊ (ဃ)၊ (င) တို့ကို ပြင်ဆင်ရန်တင်ပြထားတာကိုတွေ့ ရှိရမှာဖြစ်ပါတယ်။ ၄င်းပြင်ဆင်ချက်များ နှင့်စပ်လျဉ်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ မှာပါရှိတဲ့ ပြဋ္ဌာန်းချက်တွေနဲ့ နှိုင်းယှဉ် ကြည့်ရမှာဖြစ်ပါတယ်။ Power Point သုံးစွဲခွင့်ပြုနိုင်ပါရန် တင်ပြအပ်ပါတယ် ခင်ဗျာ။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈ခုနှစ်)ရဲ့ ဥပဒေပုဒ်မ ၁၁၊ ပုဒ်မခွဲ(ခ)မှာ ''နိုင်ငံ တော်၏ အာဏာသုံးရပ်ကို ပြည်ထောင် စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများအား ခွဲဝေအပ်နှင်းသည်''ဟု ပြဋ္ဌာန်းထားပါ တယ်။ ထို့အပြင်ပုဒ်မ ၁၇(က)မှာလည်း ''နိုင်ငံတော်အုပ်ချုပ်ရေးအာဏာကို ပြည် ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များအား ခွဲဝေအပ်နှင်းသည်။ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရစီရင်စုများအား ကိုယ်ပိုင် အုပ်ချုပ်ခွင့်အာဏာကို ဤဖွဲ့စည်းပုံအခြေ ခံဥပဒေအရ သတ်မှတ်ပေးသည့်အတိုင်း ခွဲဝေအပ်နှင်းသည်''လို့ ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်၏ အာဏာသုံးရပ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ တတ်နိုင်သမျှခွဲဝေအပ် နှင်းခွင့်ရှိပါတယ်။
ဒီနေရာမှာ ဥပဒေပြင်ဆင်ချက်ရဲ့ အနှစ်သာရ(Essence of Law) ကို လေ့လာကြည့်ရမှာဖြစ်ပြီး အဓိကအချက် နှစ်ချက်တွေ့ရှိရမှာဖြစ်ပါတယ်။ ပထမ အချက်က တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီိးချုပ်ကို သက်ဆိုင်ရာ လွှတ်တော်က ရွေးချယ်တင်မြှောက်ခြင်း ဖြင့် အစိုးရနဲ့လွှတ်တော်စောင့်ကြည့် ထိန်းညှိတဲ့ Check and Balance ပြုလုပ် နိုင်ခြင်းဖြစ်ပါတယ်။ ဒါဟာ တော်တော် အကျိုးကျေးဇူးကြီးတဲ့ ကိစ္စရပ်ဖြစ်ပါ တယ်။ ယခုအခါမှာ တွေ့ရှိနေရတာတွေ ဟာ တိုင်းဒေသကြီးနဲ့ ပြည်နယ်များမှာ အုပ်ချုပ်ရေးတာဝန်ထမ်းဆောင်တဲ့ ဝန် ကြီးချုပ်တချို့ဟာ ကိစ္စရပ်အချို့ကို သက် ဆိုင်ရာလွှတ်တော်က သဘောတူသည် ဖြစ်စေ၊ သဘောမတူသည်ဖြစ်စေ မိမိ သဘောအတိုင်း ဇွတ်အတင်းဆောင်ရွက် နေတာကို တွေ့ရှိရပါတယ်။ ''ဝန်ကြီး ချုပ်များကို ခန့်ထားသူဟာ နိုင်ငံတော် သမ္မတဖြစ်တယ်။ လွှတ်တော်က ခန့် ထားတာမဟုတ်ဘူး''ဆိုပြီး မိမိစိတ်တိုင်း ကျ ထင်ရာစိုင်းအနေအထားများကို ဆောင်ရွက်နေကြခြင်းဖြစ်တယ်လို့ သုံး သပ်ရပါတယ်။ ''ငါ့ကိုငါ့အထက်လူ ကြီးက ကြိုက်ရင်ပြီးရော၊ ငါ့ပါတီက သဘောကျရင်ပြီးရော၊ လွှတ်တော်ကို ဂရုစိုက်စရာမလိုဘူး''ဆိုတဲ့ အနေအထား မျိုးနဲ့ ဆောင်ရွက်နေကြလို့ ဝန်ကြီးချုပ်နဲ့ ဒေသခံမဲဆန္ဒရှင် ပြည်သူလူထုကို ကိုယ် စားပြုတဲ့ လွှတ်တော်၊ တစ်နည်းအားဖြင့် အုပ်ချုပ်ရေးပိုင်းနဲ့ ဥပဒေပြုပိုင်းတို့ ပွတ် တိုက်မှုတွေ ပြင်းပြင်းထန်ထန်ဖြစ်ကြတာ တွေ၊ အချိန်တန်တော့ လွှတ်တော်ပိုင်းက ပဲ လက်မြှောက်အရှုံးပေးလိုက်ရတာတွေ ဟာ မမြင်ချင်၊ မကြားချင်အဆုံးဖြစ်နေ တာကို အထင်အရှား တွေ့ရှိနေရခြင်း ဖြစ်ပါတယ်။
ဒုတိယအချက်ကတော့ ခုလို ဥပဒေ ပြင်ဆင်ခြင်းဟာဗဟိုချုပ်ကိုင်မှု လျော့ နည်းအောင် Decentralization ပြုလုပ် ခြင်းဖြစ်ပါတယ်။ ဒါဟာ တိုင်းရင်းသား များလိုလားနေတဲ့ Fedral ရဲ့ သဘော သဘာဝပဲဖြစ်ပါတယ်။ ဖက်ဒရယ်ရဲ့ သဘောသဘာဝအရ တိုင်းဒေသကြီးများ နှင့်ပြည်နယ်များအား ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရအာဏာကိုတတ်နိုင်သမျှ ထိထိ ရောက်ရောက် ဖြန့်ခွဲပေးနိုင်ခြင်းပင်ဖြစ်ပါ တယ်။ သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ်များရဲ့ဆုံးဖြတ်ပိုင်ခွင့်ကို ပိုမိုရရှိ အောင်ပြုလုပ်နိုင်ခြင်းဟာ တိုင်းရင်းသား များရဲ့လိုလားချက်ကိုတတ်နိုင်သမျှအမြန် ဆုံးအကောင်အထည်ဖော်ပေးခြင်း ဖြစ်ပြီး နိုင်ငံတော်နဲ့နိုင်ငံသားများအတွက် ငြိမ်း ချမ်းရေးရလဒ်ကိုလည်းအမြန်ဆုံးအကောင် အထည်ဖော်ပေးနိုင်မှာပဲဖြစ်ပါတယ်။

နာယကကြီးခင်ဗျာ
ယခင်နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် ဦးဆောင်တဲ့ ဒီမိုကရေစီခေတ် ပထမ အစိုးရသက်တမ်းကစပြီးတော့ နိုင်ငံတော် တစ်ဝန်းလုံးမှာ ထာဝရငြိမ်းချမ်းရေးရရှိ အောင်အထူးကြိုးပမ်းဆောင်ရွက်ခဲ့ပြီးတော့ ယခုလက်ရှိအစိုးရ လက်ထက်မှာလည်း ငြိမ်းချမ်းရေးပန်းတိုင်ဆီသို့ ဆက်လက် ပြီးလျှောက်လှမ်းလျက်ရှိပါတယ်။ယခင်အစိုးရလက်ထက်ကစတင်ခဲ့တဲ့''ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံ''ကိုလက်ရှိ အစိုးရလက်ထက်မှာလည်း''၂၁ရာစု ပင်လုံညီလာခံ''အဖြစ်ဆက်လက်ကျင်းပ နေခြင်းဖြင့် ငြိမ်းချမ်းရေးပန်းတိုင်ကို ဆက်လက်လျှောက်လှမ်းနေကြပါတယ်။ ဒီလို ကြိုးပမ်းဆောင်ရွက်နေကြရာမှာ ၂၉-၅-၂ဝ၁၇ ရက်မှာ လက်မှတ်ရေးထိုးခဲ့ ကြတဲ့ပြည်ထောင်စုငြိမ်းချမ်းရေးသဘော တူညီချက်စာချုပ် အစိတ်အပိုင်း(၁)မှာ ''ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံ သော ပြည်ထောင်စုကို တိုင်းဒေသကြီး/ ပြည်နယ်များဖြင့် ဖွဲ့စည်းရမည်''လို့ သဘောတူညီချက်ရရှိထားပြီးသားဖြစ်ပါ တယ်။ ယခုဦးသိန်းထွန်းရဲ့ဥပဒေ ပြင် ဆင်ချက်ဟာ တိုင်းရင်းသားများလိုလား ချက်ဆန္ဒကိုပိုမိုပီပြင်အောင်ဆောလျင်စွာ အကောင်အထည်ဖော်ပေးနိုင်ခြင်းဖြစ်တဲ့ အတွက် ထောက်ခံကြိုဆိုရမယ့် ဥပဒေ ပြင်ဆင်ချက်ဖြစ်ပါတယ်။
ဦးသိန်းထွန်းအပါအဝင်ကိုယ်စားလှယ် ၁၄၃ ဦးရဲ့ ဥပဒေပြင်ဆင်ရန်တင်ပြချက် ဟာ ဘယ်သူ/ဘယ်အဖွဲ့အစည်းကိုမှ ယှဉ်ပြိုင် လုပ်ဆောင်နေခြင်းမဟုတ်ဘဲ ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းနှင့် ဥပဒေနှင့်မညီဆောင်ရွက်ခြင်းတို့သာကွဲပြား ခြားနားကြခြင်းဖြစ်ပါတယ်။ လွှတ်တော် ရဲ့အချိန်တွေကိုဖြုန်းတီးနေတယ်လို့ ယူဆ မှုဟာ သိပ်အစွန်းရောက်လွန်းပြီး မတူ ကွဲပြားမှုကို လက်သင့်မခံနိုင်ခြင်းဖြစ် သည့်အတွက် ဒီမိုကရေစီရဲ့စံနှုန်းကိုသေး သိမ်ယုတ်လျော့စေပါတယ်။ လွှတ်တော် ဆိုတာလည်း ဒီလိုမတူညီမှုတွေ၊ ကွဲပြား ခြားနားမှုတွေကို ညှိနှိုင်းဆွေးနွေးတဲ့ နေရာဖြစ်ရုံသာမက လွှတ်တော်ကိုယ်စား လှယ်တစ်ဦးရဲ့တာဝန်ထဲမှာလည်းယခုလို အချိန်ယူဆွေးနွေးကြတာဟာ အဓိကလုပ် ငန်းတာဝန်တစ်ရပ်ပင်ဖြစ်ပါတယ်။ ပြည် ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၈၊ နည်းဥပဒေခွဲ(ပ)မှာ ဖော်ပြပါရှိထား တဲ့နာယကရဲ့လုပ်ပိုင်ခွင့်ဆိုတာဟာလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်းကိစ္စကို ဆောင်ရွက်ခြင်းနဲ့ မသက်ဆိုင်ဘဲ လွှတ် တော်ဆိုင်ရာ အခြားကိစ္စရပ်များနှင့် သာ သက်ဆိုင်တယ်ဆိုတာ သေသေချာချာ ဖတ်ရှုလေ့လာထားသူတိုင်း နားလည်ကြ မှာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာအတွက်တော့ နည်းဥပဒေ ၁၃၉ နှင့်အညီသာဆောင်ရွက်ရမှာဖြစ်ပါတယ်။
ယခုလိုတိုင်းရင်းသားများရဲ့ လိုလား ချက်များကို အကောင်အထည်ဖော်ပေး ခြင်းကိုမလိုလားသူ၊ဆန့်ကျင်လိုသူ၊နှောင့် နှေးကြန့်ကြာအောင် ကြိုးပမ်းနေသူများ ဟာ ငြိမ်းချမ်းရေးကိုဟန်ပြသာ လူကြား ကောင်းအောင် မြတ်နိုးပြနေသူများသာ ဖြစ်ပြီး အမှန်တကယ်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့ အမှိုက်သရိုက်များသာဖြစ် ကြပါလိမ့်မယ်။ ယခုဦးသိန်းထွန်းရဲ့ ဥပဒေပြင်ဆင်ချက်များဟာငြိမ်းချမ်းရေး ခရီးမှာတာသွားတဲ့ခြေလှမ်းကျဲတစ်လှမ်း ဖြစ်ရုံသာမက ဖက်ဒရယ်ဒီမိုကရေစီရဲ့ သဘောကိုပီပြင်အောင်ပုံဖော်ခြင်းတစ်ရပ် လည်းဖြစ်တဲ့အတွက် ပုဒ်မ ၂၆၁၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ်(၁၊ ၂)၊ ပုဒ်မခွဲ(ဂ)(ဃ)နဲ့ (င)တို့ရဲ့ ပြင်ဆင်ချက်များအား လှိုက် လှိုက်လှဲလှဲထောက်ခံပါကြောင်း၊ ဥပဒေ ပုဒ်မပြင်ဆင်တဲ့ လုပ်ငန်းစဉ်ကိုလည်း ၄၅ ဦးကော်မတီတွင် ထည့်သွင်းဆောင် ရွက်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅ တို့နှင့် ကိုက်ညီ ခြင်းမရှိသည့်အပြင် ပြည်ထောင်စုလွှတ် တော်ဆိုင်ရာနည်းဥပဒေ ၁၃၃၊ ၁၃၆ တို့ နှင့်လည်း ညီညွတ်ခြင်းမရှိသည့်အတွက် ကော်မတီ၏ အစီရင်ခံစာကို ကန့်ကွက် ပါကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်တည်ဆဲဥပဒေများအရသာဆက်လက် ဆောင်ရွက်သင့်ပါကြောင်း တိုက်တွန်း ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။