images
UN
UN
ဆန်းသစ်မှုနည်းပါးခြင်းများကြောင့် iPhone ရောင်းအားဆိုးရွားစွာကျဆင်း
Thursday, 14 March 2019

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် စတင်ဖြန့်ချိခဲ့သော iPhone မော်ဒယ် သစ်များ၏ ရောင်းအားအခြေအနေမှာ ဆိုးရွားစွာကျဆင်းလျက်ရှိကြောင်း ဒေးလီးမေးလ်သတင်းဌာနက ဖော်ပြသည်။
ယခုနှစ်ဆန်းပိုင်းမှစတင်ကာ iPhone မော်ဒယ်သစ်များ၏ ရောင်း အားမှာ သိသိသာသာကျဆင်းလာခဲ့ခြင်းဖြစ်ပြီး မျှော်မှန်းထားသည့် ရောင်းအားအခြေအနေနှင့် နှိုင်းယှဉ်ကြည့်ပါက ကွာဟမှုမြင့်မားလျက် ရှိကြောင်း သိရသည်။ မိုဘိုင်းလ်ဖုန်းဈေးကွက်ကျွမ်းကျင်သူများက iPhone မော်ဒယ်သစ်များ ထုတ်လုပ်ရောင်းချခဲ့သည့် သမိုင်းတစ်လျှောက် တွင် အနိမ့်ဆုံးအနေအထားသို့ ရောက်ရှိလျက်ရှိပြီး ရောင်းအားကျဆင်းမှု များ ကြုံတွေ့နေရသည့် အဓိကအကြောင်းအရင်းမှာ ဆန်းသစ်တီထွင်မှု နည်းပါးခြင်းကြောင့်ဖြစ်ကြောင်း သုံးသပ်ခဲ့ကြသည်။ iPhone မော် ဒယ်သစ်များအတွက် သတ်မှတ်ထားသောရောင်းဈေးမှာ စွမ်းဆောင်ရည် တူညီသော အခြားမိုဘိုင်းလ်ဖုန်းများနှင့် နှိုင်းယှဉ်ပါက သိသာထင်ရှား သော အားနည်းချက်များရှိနေသည်ဟု ယူဆသူများ မြင့်မားလျက်ရှိခြင်း နှင့် ဝယ်ယူပြီးနောက် ပေးအပ်သောဝန်ဆောင်မှုများမှာလည်း အခြား ပြိုင်ဘက်ကုမ္ပဏီများ၏ ဝန်ဆောင်မှုများနှင့်နှိုင်းယှဉ်ပါက အားရကျေနပ် ဖွယ်မရှိဟု သတ်မှတ်ခံရခြင်းများကြောင့် iPhone မော်ဒယ်သစ်များ၏ ရောင်းအား သိသိသာသာကျဆင်းနေခြင်းဖြစ်သည်ဟုလည်း ကျွမ်းကျင် သူများက သုံးသပ်လျက်ရှိသည်။ NG(Ref; Dailymail)