images
UN
UN
သုံးစွဲမှုပြတ်တောက်ခြင်းများ ဖြစ်ပေါ်ခဲ့ခြင်းအတွက် Facebook ကုမ္ပဏီ ပြန်လည်တောင်းပန်
Thursday, 14 March 2019
Facebook ကုမ္ပဏီသည် ယမန်နေ့က ဖြစ်ပွားခဲ့သော ကုမ္ပဏီ ဝန်ဆောင်မှုများ သုံးစွဲနိုင်မှုပြတ်တောက်ခြင်းများ ဖြစ်ပေါ်ခဲ့ခြင်းအတွက် ပြန်လည်တောင်းပန်ခဲ့ကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြသည်။
ယမန်နေ့ ဂရင်းနစ်စံတော်ချိန် မွန်းလွဲပိုင်းမှစတင်ကာ Facebook အပါအဝင် ဆက်စပ် Application များနှင့် ဝန်ဆောင်မှုများ သုံးစွဲရာ တွင် ချိတ်ဆက်မှုပြတ်တောက်ခြင်း၊ အလိုအလျောက် Logout ဖြစ် ခြင်း၊ မက်ဆေ့ခ်ျများ ပေးပို့၍မရခြင်း စသည့်ဖြစ်စဉ်များကို ကြုံတွေ့ ခဲ့ရသည်။ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကြုံတွေ့ခဲ့ရသော ဖြစ်စဉ် များသည် ၁၄နာရီခန့် ကြာမြင့်ခဲ့ကာ သန်းရာနှင့်ချီသော Facebook၊ Messenger နှင့် Instagram သုံးစွဲသူများသည် အကျပ်အတည်းများ ရင်ဆိုင်ခဲ့ရသည်။ လက်ရှိအချိန်၌ လစဉ်ပုံမှန်သုံးစွဲသူ ၂ ဒသမ ၃ ဘီလီယံခန့်ရှိနေသောကြောင့် အဆင်မပြေမှုများ ကြုံတွေ့ချိန်တွင် အကျိုး သက်ရောက်မှုကြီးမားသည့်ဖြစ်စဉ်များကို ရင်ဆိုင်ခဲ့ရကြောင်း၊ သုံးစွဲမှု ပြတ်တောက်ခြင်းများ ဖြစ်ပေါ်ခဲ့ခြင်းအတွက် အဖြေရှာမှုများ ပြုလုပ် လျက်ရှိကာ အလားတူဖြစ်စဉ်များ ထပ်မံမဖြစ်စေရန် ပြင်ဆင်လျက်ရှိ ကြောင်း Facebook ကုမ္ပဏီ၏ သတင်းထုတ်ပြန်ချက်အတွင်း၌ ဖော် ပြသည်။ NG(Ref; BBC)