images
UN
UN
နိုင်ဂျီးရီးယားတွင် မူလတန်းကျောင်းရှိသည့် အဆောက်အအုံပြိုကျမှုကြောင့် ကလေးငယ်များအပါအဝင် လူ ၁ဝ ဦးကျော်သေဆုံး
KK(IR) Thursday, 14 March 2019
နိုင်ဂျီးရီးယားနိုင်ငံ လာဂို့စ်မြို့ တွင်မူလတန်းကျောင်းတစ်ကျောင်း ရှိသည့် အဆောက်အအုံတစ်ခု ပြို ကျခဲ့မှုအတွင်းကလေးငယ်အများစု အပါအဝင် လူ၁ဝဦးထက်မနည်း သေဆုံးခဲ့ပြီး နောက်ထပ်ကလေး ငယ် ၁ဝဝ ကျော် အပျက်အစီး များအောက်တွင် ပိတ်မိနေဖွယ်ရှိ သည့်အတွက် ကယ်ဆယ်ရေးအဖွဲ့ များက ရှာဖွေကယ်ဆယ်နေလျက် ရှိကြောင်း သိရသည်။ လာဂို့စ်မြို့ Ita Faji ဈေးဧရိယာရှိ မူလတန်း ကျောင်းတစ်ကျောင်းရှိသည့်သုံးထပ် အဆောက်အအုံ ယမန်နေ့ ဒေသစံ တော်ချိန် နံနက် ၁ဝ နာရီဝန်းကျင် တွင် ပြိုကျခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
မူလတန်းကျောင်းသည်အဆိုပါ အဆောက်အအုံ၏ အပေါ်ဆုံးထပ် တွင်တည်ရှိနေခြင်းဖြစ်ပြီးကျောင်း သားကျောင်းသူပေါင်း၁ဝဝ ကျော် ရှိသည်ဟုသိရသည်။လက်ရှိအချိန် အထိ လူသေဆုံးမှုနှင့်အဆောက် အအုံပြိုကျရသည့်အကြောင်းရင်း အတိအကျကို မသိရှိရသေးဟု သိရသည်။ ဒေသခံမီဒီယာများ၏ ဖော်ပြမှုအရပြိုကျခဲ့သည့်အဆောက် အအုံသည့် လူနေတိုက်ခန်းတွဲဖြစ် ပြီး လူနေအိမ်ခန်းအများအပြား လည်းရှိကြောင်း သိရသည်။
ကယ်ဆယ်ရေးအဖွဲ့များသည် အပျက်အစီးများကြားထဲမှ အသက် ရှင်နေသည့်လူပေါင်း ၄ဝ ကျော်ကို ဆွဲထုတ်ကယ်ဆယ်နိုင်ခဲ့ကြောင်း နှင့် ၄င်းတို့ထဲမှ အချို့မှာ ဒဏ်ရာ ဆိုးဆိုးရွားရွားရရှိထားကြောင်း သိရသည်။ ၄င်းအဆောက်အအုံ အပျက်အစီးများအောက်တွင် ကလေးငယ်များအပါအဝင် လူများ စွာ ပိတ်မိနေဖွယ်ရှိသည်ဟုလည်း သိရသည်။ ယခုပြိုကျခဲ့သည့် အဆောက်အအုံကို ဖြိုချရန်အတွက် အာဏာပိုင်များကနှစ်ကြိမ်တိုင်တိုင် သတိပေးစာ ကပ်ထားခဲ့ပြီးဖြစ် ကြောင်းလည်း သိရသည်။
Ref: Aljazeera