images
UN
UN
အေရိုးဗစ်ကစားခြင်းသည် ဦးနှောက်ကောင်းမွန်သည့် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်နိုင်
KK(IR) Thursday, 14 March 2019
သုတေသနသစ်တစ်ခုအရ အေရိုးဗစ်အားကစား နည်းသည် ဦးနှောက်အပေါ်ကောင်းမွန်သည့် အကျိုး သက်ရောက်မှုများ သိသာစွာဖြစ်ပေါ်စေပြီး မှတ်Óဏ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်သည်ဟု သိရသည်။ အေရိုးဗစ်အားကစားလေ့ကျင့်ခန်းသည် အချိန်အတိုင်းအတာတစ်ခုအတွင်း နှလုံးခုန်နှုန်းနှင့် ချွေးထွက်နှုန်းမြန်ဆန်လာစေပြီး ဦးနှောက်နှင့် နှလုံး ကျန်းမာရေးကို ကောင်းမွန်စွာ အထောက်အကူပြုနိုင် သည်ဟု သိရသည်။
အဆိုပါသုတေသနကို ရင်သားကင်ဆာရောဂါ ဝေဒနာခံစားရပြီး အသက်မသေဘဲ သက်သာပျောက် ကင်းလာသူများ၏ မှတ်ဉာဏ်အပေါ် အေရိုးဗစ်ကစား နည်းများ၏ အကျိုးသက်ရောက်မှု မည်မျှရှိသည်ကို တိုင်းတာခဲ့ခြင်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ရင်သားကင်ဆာကုသရာ၌ ကီမိုဆေးများသုံးစွဲကုသ ခံထားရသည့်လူနာများတွင် chemo brain ခေါ် ယာယီမှတ်ဉာဏ်ပျောက်ဆုံးခြင်းနှင့် အာရုံစူးစိုက် နိုင်မှုလျော့ကျခြင်း ဝေဒနာများဖြစ်လာနိုင်စေသည့် အတွက် ဖြစ်သည်။
လမ်းလျှောက်ခြင်း၊ ရေကူးခြင်းနှင့် အေရိုးဗစ် အားကစားလေ့ကျင့်ခန်းများသည် ၄င်းရောဂါလက္ခ ဏာများကို ပျောက်ကင်းအောင် ကူညီလုပ်ဆောင်နိုင် စွမ်းရှိမရှိကို သုတေသီများက ရင်သားကင်ဆာ ဝေဒနာသည်ဟောင်း ၃ဝဝ ခန့်၏ နေ့စဉ်လှုပ်ရှားမှု များကို တိုင်းတာခဲ့ခြင်းဖြစ်သည်။
ထို့ပြင် မှတ်ဥာဏ်အတွက် iPad app တစ်မျိုး ဖြစ်သည့် Brain Baseline ကိုလည်း နေ့စဉ်သုံးကာ ဥာဏ်စမ်းမေးခွန်းများဖြင့် ၄င်းတို့၏ အာရုံစူးစိုက်နိုင် မှုနှင့်မှတ်ဉာဏ်ကို တိုင်းတာပေးရာ ဥာဏ်စမ်းမေးခွန်း (quizz) များကိုလည်း ပိုမိုကောင်းမွန်စွာဖြေဆိုလာ နိုင်ကြောင်း သိရသည်။ သီတင်းတစ်ပတ်အကြာတွင် နေ့စဉ်လေ့ကျင့်ခန်းလုပ်သည့် ကင်ဆာဝေဒနာရှင် ဟောင်းများသည် လေ့ကျင့်ခန်းလုံးဝမလုပ်သည့် ဝေဒနာရှင်များနှင့်ယှဉ်လျှင် ယခင်ကလောက် မောပန်း လွယ်ခြင်းမရှိတော့သည်ကို သိသာစွာတွေ့ရှိရသည်ဟု သိရသည်။
Ref: www.businessinsider.com