images
UN
UN
ဗြိတိန်နိုင်ငံ၏ ဆယ်ကျော်သက် မိန်းကလေး လေးပုံတစ်ပုံသည် စိတ်ကျရောဂါခံစားနေရဟုဆို
KK(IR) Thursday, 14 March 2019
ဗြိတိန်နိုင်ငံ၏ အသက် ၁၄နှစ် အရွယ် မိန်းကလေး လေးပုံတစ်ပုံ တွင် စိတ်ကျရောဂါလက္ခဏာများ တွေ့ရှိနေရကြောင်း ဗြိတိန်သုတေ သီများက ထုတ်ဖော်ပြောကြား လိုက်သည်။ အသက်၁၄နှစ်အရွယ် မိန်းကလေးလေးဦးတွင် တစ်ဦး နှုန်းနှင့် ယောက်ျားလေး ၁ဝဦးတွင် တစ်ဦးနှုန်းစိတ်ကျရောဂါလက္ခဏာ များ တွေ့ရှိရသည်ဟု သိရသည်။
အဆိုပါရှာဖွေတွေ့ရှိချက်ရလဒ် သည် လူငယ် ၁ဝဝဝဝ ကျော်တို့မှ ၄င်းတို့၏ စိုးရိမ်ပူပန်မှုများနှင့် စိတ် ခံစားချက်များကြောင်း မျှဝေထား သည့် အချက်အလက်များပေါ်တွင် အခြေခံထားခြင်းဖြစ်သည်။ လီဗာ ပူးလ်တက္ကသိုလ်မှ သုတေသန ခေါင်းဆောင်ဒေါက်တာ Praveetha Patalay ၏ ပြောကြားချက်အရ ဆယ်ကျော်သက်များ အထူးသဖြင့် မိန်းကလေးများသည် လွန်ခဲ့သော မျိုးဆက်များကထက် စိတ်ပိုင်း ဆိုင်ရာ ကျန်းမာရေးပြဿနာများ ဖြင့် ရင်ဆိုင်နေရလျက်ရှိသည်ဟု သိရသည်။ ယင်းသို့ဖြစ်ပွားရ သည့်အကြောင်းအရင်းများတွင် စာမေးပွဲကြောင့် စိတ်ဖိစီးမှုများ အပါအဝင် ကိုယ်လုံးအလှဖော်ပြ သည့်ပုံများအား မျှဝေဖော်ပြရာ တွင် ရရှိလာမည့်အကြောင်းအရာ များအပေါ် ပူပန်ဖိစီးမှုများပါဝင် သည်ဟု ကျွမ်းကျင်ပညာရှင်များ က ယူဆကြသည်။
အရွယ်ရောက်သူများ၏ စိတ် ပိုင်းဆိုင်ရာကျန်းမာရေးထိခိုက်မှု ပြဿနာများ၏ထက်ဝက်သည် အသက် ၁၄ နှစ်အရွယ်မှ စတင် ခြင်းဖြစ်ပေါ်ပြီး ¤င်းရောဂါကို စောစီးစွာရှာဖွေဖော်ထုတ်နိုင်ရန်နှင့် ကုသရန် အရေးကြီးသည်ဟု သိရ သည်။ အထူးကုဆရာဝန်ကြီးများ နှင့် ကုသလိုမှုများသည် မြင့်တက် လာနေလျက်ရှိသော်လည်း ကလေး ငယ်များနှင့်ဆယ်ကျော်သက်များ ၏ စိတ်ပိုင်းဆိုင်ရာကျန်းမာရေး ကုသသည့်အဖွဲ့များသည် အင်အား နှင့်တာဝန်မမျှမတဖြစ်ကာငယ်ရွယ် သည့်လူနာ လေးပုံတစ်ပုံနီးပါး၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်နေမှုကို ထုတ်ဖော်နိုင်ခြင်း မရှိကြောင်း ဗြိတိန်ကလေးငယ်များ ဆိုင်ရာ အစိုးရဌာနကထုတ်ဖော် ပြောကြားခဲ့ကြောင်း သိရသည်။
¤င်းဌာန၏ ညွှန်ကြားရေးမှူး ချုပ် Anna Feuchtwang က အသက် ၁၄ နှစ်အရွယ်မိန်းကလေး လေးပုံတစ်ပုံတွင် စိတ်ကျရောဂါ လက္ခဏာများ တွေ့ရှိရမှုသည် သံသယဖြစ်ရမည့် အနေအထား ထက် ပြဿနာဖြစ်ပွားနေသည့် အနေအထားသို့ရောက်ရှိနေပြီဖြစ် ကြောင်းပြောကြားခဲ့သည်ဟုလည်း သိရသည်။
Ref: Channel News Asia