images
UN
UN
မြန်မာ့စီးပွားထူးချွန်သူများနှင့်တွေ့ဆုံခြင်းအခမ်းအနားပြုလုပ်
သူရကို Thursday, 14 March 2019
Myanmar B2B Management Magazine က ကြီးမှူး ကျင်းပသော မြန်မာ့စီးပွားထူးချွန် သူများနှင့်တွေ့ဆုံခြင်းအခမ်းအနား ကို ယမန်နေ့က ရန်ကုန်မြို့ CBC Ballroom ၌ပြုလုပ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ပါမောက္ခဒေါက်တာအောင်ထွန်း သက်က စီးပွားရေးနယ်ပယ်မှ ထင်ရှားသူများဖြစ်သောSP Gems ၏ CEO ဦးအောင်ကျော်ဇင်၊SP Bakery၏ CEO ဒေါ်သင်းသင်းကျော် တို့နှင့် တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရသည်။
ထိုသို့မေးမြန်းရာတွင်၎င်းတို့၏ စီးပွားရေးလုပ်ငန်းအခြေအနေများ၊ လက်ရှိအခြေအနေထိရောက်အောင် တည်ဆောက်ခဲ့မှုများနှင့် အနာဂတ် အိပ်မက်များအကြောင်း စသည် တို့ကို မျှဝေခဲ့ကြောင်း သိရသည်။
Myanmar B2B Management Magazine အနေဖြင့် ယခု ပြုလုပ်သောပွဲကမြန်မာနိုင်ငံအတွင်း ရှိသည့် မြန်မာ့စီးပွားထူးချွန်သူ များကိုဖော်ထုတ်သည့် အင်တာဗျူး အစီအစဉ်ဖြစ်ကြောင်း သိရသည်။
ယခင်ကထိုသို့ အင်တာဗျူး အစီအစဉ်များကို Indoor မှသာ အင်တာဗျူးလေ့ရှိပြီး မြန်မာ့စီးပွား ထူးချွန်သူများ၏အကြောင်းကို ဆောင်းပါးပြန်လည်ရေးသားခဲ့ ကြောင်း သိရသည်။
ယခုနောက်ပိုင်းတွင် ခေတ် အနေအထား၊ နည်းပညာအနေ အထားများပြောင်းလဲလာမှုများ ကြောင့် အင်တာဗျူးအစီအစဉ်ကို ကိုယ်တိုင်လာတက်ချင်သူများလာ သည့်အတွက် ယခုက ပထမဆုံး အကြိမ်အဖြစ် မြန်မာ့စီးပွားထူးချွန် သူများနှင့်တွေ့ဆုံခြင်းအခမ်းအနား ကို ပြုလုပ်ခြင်းဖြစ်ကြောင်း သိရ သည်။
Myanmar B2B Management Magazine ကို ၂ဝ၁၂ ခုနှစ် စက်တင်ဘာက စတင်ထုတ်ဝေခဲ့ ခြင်းဖြစ်ပြီး ယခုလာမည့် စက်တင် ဘာတွင် ခုနစ်နှစ်ပြည့်ခဲ့ပြီဖြစ် ကြောင်း သိရသည်။၏