images
UN
UN
ငွေကြေးအသိပညာတိုးတက်စေရန်ရည်ရွယ်၍ Fin Lit HackathonFin Lit Hackathon ပြိုင်ပွဲကျင်းပ
မေလွင် Thursday, 14 March 2019
မြန်မာနိုင်ငံတွင် ပထမဆုံးကြိမ်အဖြစ် ငွေကြေးအသိပညာ တိုးတက်စေရန်ရည်ရွယ်ကျင်းပသည့် ငညူငအံခေုအေ့သည ပြိုင်ပွဲ တွင် စုစုပေါင်းပါဝင်သူ အယောက် ၉ဝရှိပြီး ပြိုင်ပွဲဝင်အဖွဲ့ ၂၁ ဖွဲ့ယှဉ်ပြိုင်ခဲ့ကြောင်း ရိုးမဘဏ်မှ သိရသည်။
''လူအများ ငွေကြေးအသိပညာဆိုင်ရာနားလည်မှု တိုးတက် လာခြင်းဟာ မြန်မာနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန် မြှင့်တင်နိုင်မယ့် အဓိကအချက်လည်းဖြစ်ပါတယ်။ ရိုးမဘဏ်က မြန်မာနိုင်ငံမှာရှိတဲ့ လူတွေအကုန်လုံး ဒီနိုင်ငံရဲ့ဘဏ္ဍာရေးနဲ့ငွေကြေး စနစ်ထဲကိုပါဝင်ပြီး ပိုမိုအသုံးပြုလာအောင် ကူညီလုပ်ဆောင်ပေး လျက်ရှိပါတယ်။ ဒီနေ့မှာ ရိုးမဘဏ်က Oracle ၊ Phandeeyar တို့နဲ့ပူးပေါင်းပြီး ပထမဆုံး Fin Lit Hackathon ကို မိတ်ဆက်ပေး ဖို့ အရမ်းကိုစိတ်လှုပ်ရှားလျက်ရှိပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ နည်းပညာစွန့်ဦးတီထွင်လူမှုအသိုက်အဝန်းမှာလည်း ဆန်းသစ်တီ ထွင်အဖြေရှာတဲ့ ဒီဂျစ်တယ်ဖန်တီးမှုတွေ ဖြစ်ပေါ်လာဖို့မျှော်လင့်ပါ တယ်''ဟု ရိုးမဘဏ်၏ CEOMr.HalBosher ဖြစ်သူ မြ.ံေူသျြ့နမက ပြော သည်။
မြန်မာနိုင်ငံ၏ ငွေကြေးအသိပညာဆိုင်ရာ ကျွမ်းကျင်မှုကို မြှင့်တင်နိုင်ရန်ရည်ရွယ်သည့် ၄၈ နာရီကြာ Financial Literacy Hackath on ပွဲကို ယခုလ ၈ ရက်မှ ၁ဝ ရက် အထိကျင်းပခဲ့ပြီး ရိုးမဘဏ်၊ Oracle နှင့် Phandeeyar တို့သည် မြန်မာနိုင်ငံတွင် ငွေကြေးအသိပညာဆိုင်ရာ ကျွမ်းကျင်မှုရှိလာစေရန် နည်းပညာ အသုံးချ၍ အဖြေရှာနိုင်သည့်ဖန်တီးမှုများ ဖြစ်ပေါ်လာစေရန်နှင့် ယင်းသို့ဖန်တီးခြင်းအားဖြင့် နည်းပညာဆိုင်ရာ အရပ်ဘက်လူ့အဖွဲ့ အစည်းအသိုက်အဝန်းတစ်ခု ပိုမိုအားကောင်းလာစေရန်အတွက် ပူးပေါင်းလုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။