images
UN
UN
မြန်မာနိုင်ငံစွမ်းအင်စာရင်းအင်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လေးနှစ်စီမံကိန်းအစီအစဉ်အရ Myanmar National Energy Statistics ထုတ်ပြန်
ဝဿန် Thursday, 14 March 2019
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံရေး ဦးစီးဌာနနှင့် Economic Research Institute for ASEAN and East Asia (ERIA)တို့ပူးပေါင်း၍မြန်မာ နိုင်ငံစွမ်းအင်စာရင်းအင်းဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ လေးနှစ်စီမံကိန်း (၂ဝ၁၆-၂ဝ၁၇ ခုနှစ်မှ၂ဝ၁၉-၂ဝ၂ဝ) အစီအစဉ်အရ Myanmar National Energy Statistics ကို ထုတ်ပြန်လိုက်ပြီဖြစ်သည်။
National Energy Statistics ပြုစုခြင်း၏ရည်ရွယ်ချက်မှာလိုအပ် ချက်အားပံ့ပိုးပေးနိုင်သည့်အခြေခံ စွမ်းအင်အရင်းအမြစ်များ၊ ပြောင်း လဲပြုပြင်အသုံးပြုနိုင်သည့် စွမ်း အင်များနှင့်စွမ်းအင်သုံးစွဲမှုပမာဏ တို့အပေါ်အခြေခံသော Energy Balance Tables အားပြုစု၍ Energy Policy အရ စွမ်းအင်ဖူလုံရေး နှင့်ရေရှည်အသုံးပြုနိုင်ရေး၊လျှပ်စစ် စွမ်းအားဖွံဖြိုးတိုးတက်ရေးအစီအမံ နှင့် လုံခြုံပြည့်ဝသောစွမ်းအင်ဖြည့် ဆည်းပံ့ပိုးနိုင်ရေးသုံးသပ်နိုင်ရန် ရည်ရွယ်၍ပြုစုခြင်းဖြစ်သည်။
စွမ်းအင်မှုဝါဒနှင့် စီမံချက်များ ချမှတ်နိုင်ရေးအတွက် Myanmar National Energy Statics သည် အထူးလိုအပ်ပြီး စွမ်းအင်ကဏ္ဍဆိုင် ရာဝန်ကြီးဌာနများနှင့် ERIA တို့မှ အနာဂတ်မြန်မာ့စွမ်းအင်ကဏ္ဍ ပိုမို ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက် လက်ပူးပေါင်းပါဝင်ကူညီပံ့ပိုးသွား ရန်တိုက်တွန်းကြောင်း သိရသည်။