images
UN
UN
မြန်မာနှင့်ဂွမ်ဒေါင်းပြည်နယ်အကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဖလှယ်ပွဲကျင်းပ
ကြယ်လေး Thursday, 14 March 2019
မြန်မာနှင့် တရုတ် (ဂွမ်ဒေါင်း ပြည်နယ်)အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ဖလှယ်ရန် အတွက် တရုတ်နိုင်ငံ Guangdong CCPITမှ ဒုတိယအုပ်ချုပ်ရေးမှူး Mr.Ouyang Weimin ဦးဆောင်၍ Guangdong CCPIT ဥက္ကဋ္ဌအပါ အဝင် စီးပွားရေးလုပ်ငန်းရှင် ၄၅ ဦးပါဝင်သောအဖွဲ့သည် “China (Guangdong)-Myanmar Trade and Investment Cooperation Conference”ကို ကုန်သည်စက်မှု အသင်းချုပ်နှင့် မြန်မာနိုင်ငံတရုတ် ကုန်သည်များအသင်းတို့နှင့်ပူး ပေါင်းက ယခုလ ဒုတိယပတ်က ရန်ကုန်မြို့ရှိ WYNDHAM ဟိုတယ်၌ ကျင်းပခဲ့သည်။
ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌဦးဇော်မင်းဝင်းက ''အပြည် ပြည်ဆိုင်ရာမှ လာရောက်ရင်းနှီး လုပ်ကိုင်လိုသူများအတွက် ရင်းနှီး လုပ်ကိုင်နိုင်ရန် ပြည်ပရင်းနှီးမြှုပ်နှံ မှုဥပဒေ၊ ကုမ္ပဏီများ ဥပဒေတို့ကို ပြုပြင်ပြဋ္ဌာန်းပေးခဲ့ပြီးဖြစ်ပါတယ်။ အခြားလိုအပ်တဲ့ဥပဒေများကို လည်း ဆက်လက်ပြဋ္ဌာန်းပေးခဲ့ အတွက် မြန်မာနိုင်ငံရဲ့ ခေတ်သစ် စီးပွားရေးဖွံ့ဖြိုးရေးနယ်ပယ်မှာ စည်းကမ်းရှိရှိတာဝန်သိသိဖြင့် လာ ရောက်ရင်းနှီးလုပ်ကိုင်ရန် ဖိတ်ခေါ် ကြိုဆိုလျက်ရှိနေပါတယ်''ဟုပြော သည်။
အဆိုပါဖလှယ်ပွဲတွင် တရုတ် စီးပွားရေး လုပ်ငန်းရှင်များအဖွဲ့တွင် ကျန်းမာရေး၊ ပညာရေးနှင့်အသက် မွေးဝမ်းကျောင်းပညာရပ်များ၊ ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင် ရေးနှင့် မော်တော်ယာဉ်လုပ်ငန်း များ၊ ရေထွက်ပို့ကုန်နှင့် စိုက်ပျိုး ရေးဆက်စပ်လုပ်ငန်းများ၊ ချည်မျှင် နှင့် အထည်ချုပ်လုပ်ငန်းများ၊ ခရီးသွား၊ အိမ်ခြံမြေ၊ အကြံပေး နှင့်ဘဏ်ဝန်ဆောင်မှုများ၊ လျှပ်စစ် ပစ္စည်းများထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းများ၊ ဆောက် လုပ်ရေးနှင့် အိမ်တွင်းအလှဆင် ခြင်းလုပ်ငန်းတို့မှ စီးပွားရေးလုပ် ငန်းရှင်များပါဝင်ခဲ့ကြသည်။
ဂွမ်ဒေါင်းပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး Mr.Ouyang Weimin က ၂ဝ၁၈ ခုနှစ်တွင် ကွမ်ဒုံး-မြန်မာကုန်သွယ်မှုမှာ ကျပ် သန်းပေါင်း ၁၆ဝဝ ရှိကြောင်းနှင့် ၁၁ ဒသမ ၆ရာခိုင်နှုန်း တိုးတက် လာကြောင်း ပြောကြားခဲ့သည်။ ကုန်သွယ်မှုမြှင့်တင်ရန်အတွက် အခြေခံအဆောက်အအုံများပူး ပေါင်းတည်ဆောက်ရန်၊ လမ်းပန်း ဆက်သွယ်ရေးအတွက် တံတား များ၊ ဆိပ်ကမ်းများ ဆောက်လုပ် ရေးတို့တွင် ပူးပေါင်းဆောင်ရွက် ရန်၊ စက်မှုကဏ္ဍ၊ အထည်အလိပ် လုပ်ငန်းကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ တို့၏ အကြီးစားထုတ်လုပ်မှုများ အတွက် ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်းနှင့် ပို့ဆောင်ဆက် သွယ်ရေး၊ စားသောက်ကုန်၊ စိုက် ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေး နှင့် ခရီးသွားလုပ်ငန်းကဏ္ဍတို့တွင် လည်း ကွမ်ဒုံးမှ နည်းပညာများကို ပံ့ပိုးပေး၍ ပူးပေါင်းသွားမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။