images
UN
UN
သရုပ်ဆောင် ခိုင်နှင်းဝေ မွေးနေ့အလှူပွဲကျင်းပ
သူရကို Thursday, 14 March 2019
သရုပ်ဆောင် ခိုင်နှင်းဝေက မွေးနေ့မတိုင်မီ အသင်းသားများ က မတ် ၁၂ ရက်တွင် ပြုလုပ် ပေးသော Surprise ကြောင့် ဝမ်းသာပီတိဖြစ်နေပြီး သူမသည် ကုသိုလ်ရေးနှင့် ပတ်သက်လာလျှင် လက်မနှေးသူတစ်ဦးဖြစ်ကြောင်း သိရသည်။
သရုပ်ဆောင် ခိုင်နှင်းဝေက မတ် ၁၃ ရက်သည် သူမ၏ မွေး နေ့ဖြစ်ပြီး သူမ၏မွေးနေ့မတိုင်မီ ပရဟိတအသင်းသားများ၏မွေးနေ့ Surprise ကြောင့် ပျော်ရွှင်နေ ကြောင်း သိရသည်။
သရုပ်ဆောင် ခိုင်နှင်းဝေက ''ကျွန်မမွေးနေ့လေးမတိုင်မီမှာ မွေး နေ့အကြိုအနေနဲ့ ကျွန်မချစ်တဲ့ မမခင်ဥမ္မာအေး (နာယက)နှင့် ကျွန်မရဲ့အသင်းသားများက ကျွန်မ ကို Surprise အနေနဲ့ တွံတေးမြို့ မင်္ဂလာပရဟိတကျောင်းမှ ကလေး ၈ဝဝ အား နေ့လယ်စာကျွေးမွေး၍ ကလေးများနဲ့မွေးနေ့ပွဲကို ကျွန်မ မသိအောင် ကြိုတင်စီစဉ်ပေး ထားခဲ့ပါတယ်။ တကယ့်ကို ပျော် စရာ မွေးနေ့အကြိုနေ့လေးဖြစ်ခဲ့ ပါတယ်''ဟု ပြောကြားခဲ့သည်။
ခိုင်နှင်းဝေကပရဟိတအသင်း သားများ ပြုလုပ်ပေးသော မွေးနေ့ ပွဲလေးကလည်း သူမအတွက် ဝမ်းသာမျက်ရည် ကျခဲ့ရသည့် အထိ ဝမ်းသာပီတိဖြစ်ခဲ့ရသည်ဟု ဆိုသည်။
သရုပ်ဆောင် ခိုင်နှင်းဝေက ''ကျွန်မကိုချစ်ပေးကြတဲ့အတွက် လည်းရင်ထဲမှာပီတိဖြစ်ရင်းဝမ်းသာ မျက်ရည်ကျခဲ့ရပါတယ်။ နောက် ထပ် နှစ်ပေါင်းများစွာလည်း ပရဟိတအလုပ်တွေမှာအတူ တက် ညီလက်ညီနဲ့ လက်တွဲလုပ်ကြရ အောင်နော်။အမြဲတမ်းလက်တွဲလုပ် နိုင်ကြပါစေလို့လည်း ဆုတောင်း မိပါတယ်ရှင်''ဟု ဆက်လက် ပြောကြားခဲ့သည်။
သရုပ်ဆောင် ခိုင်နှင်းဝေက မကြာသေးမီကမှ မိဘမဲ့ ရင်သွေး လေးများဖြစ်ကြသည့် သားလေး သုံးဦးကို ပိုင်ဆိုင်ခွင့်ရလိုက်ပြီဖြစ် ပြီး ယင်းအတွက် သားများအပေါ် ထားသော သူမ၏ရည်မှန်းချက် များကိုလည်း ဆက်လက်ပြော ကြားခဲ့သည်။
သရုပ်ဆောင် ခိုင်နှင်းဝေက ''သားလေးတွေနေဖို့ အမေအိမ် လေးတစ်လုံး ဆောက်နိုင်အောင်၊ သားလေးတို့ကို ပညာတတ်ကြီး ဖြစ်အောင် ကျောင်းထားနိုင်အောင်၊ သားလေးတို့ ဆာလောင်မှုဒဏ်ကို မခံစားရခင် အမေကျွေးနိုင်အောင် ရှိတဲ့အားတွေနဲ့ အားတင်းပြီး ရှေ့ ဆက်နေတယ်နော်။ အမေ့ မေတ္တာ တွေကြောင့် သားလေးတို့ဘဝတစ် လျှောက်လုံး အေးချမ်းနေမှာ ယုံ ကြည်လျက်သားလေးတို့ရှဲ့ Strong Mommy ခိုင်နှင်းဝေ''ဟု ပြော ကြားခဲ့သည်။
ပရဟိတအလုပ်များ၊ ကုသိုလ် ရေးများတွင် လက်မနှေးသော မင်းသမီးချောလေး ခိုင်နှင်းဝေက ဆင်းရဲသားပြည်သူများကိုလည်း တစ်ဖက်တစ်လမ်းက ကူညီစောင့် ရှောက်တတ်ပြီး ဘုရား၊ တရား ကိုလည်း မမေ့မလျော့ဆောင်ရွက် တတ်သူတစ်ဦးဖြစ်ပြီး ဘာသာ ရေး၊ သာသနာရေးများလည်း အဆက်မပြတ်ဆောင်ရွက်လေ့ရှိ ကြောင်း သိရသည်။