images
UN
UN
အဆိုရှင် လင်းချစ် ၏ ရှေ့ဆက်ချစ်နေမယ်
ဒဂုံဝေလင်း Thursday, 14 March 2019
ကိုယ်တိုင်ရေးသားထားသော တေးသီချင်းတွေပါဝင်ထားသည့် အဆိုတော်လင်းချစ်၏ ''ရှေ့ဆက် ချစ်နေမယ်'' ကိုယ်ပိုင်သံစဉ်တေး စီးရီးခွေကို M United တေးထုတ် လုပ်ရေးမှ မတ် ၁၂ ရက်တွင် စတင်ဖြန့်ချိခဲ့ကြောင်း သိရသည်။
''ဒီသီချင်းလေးတွေ စပြီး အကောင်အထည်ဖော်ဖြစ်ခဲ့တာ ကတော့ သီချင်းလေးတွေကိုကြည့် မယ်ဆို Pop ပုံစံလေးတွေလုပ်ခဲ့ တာပါ။ အချိန်တော်တော်ကြာယူ ပြီးလုပ်ခဲ့တာပါ။ ၂ဝ၁၁ လောက် ကတည်းကစတင်ခဲ့တာပါ။ လုပ် နေရင်းနဲ့ ကိုယ့်အလုပ်လေးတွေကို ပါလုပ်ရင်းနဲ့ ဖန်တီးရတာဆိုတော့ ၊၂ဝ၁၇ ခုနှစ်မှ အဆုံးသတ်နိုင်ခဲ့ ပါတယ်။ ကိုယ်တိုင်ဆိုထားတာ ထက် ရေးထားတာလေးတွေက လင်းချစ်ရဲ့ထူးခြားမှုပါပဲ။ပရိသတ် တွေအနေနဲ့ တစ်ယောက်နဲ့တစ် ယောက် အကြိုက်မတူကြတာကို လက်ခံပေမယ့် နားထောင်ကြတဲ့ အခါမှာလည်း အကုန်လုံးကြိုက်စေ မယ့်သီချင်းလေးတွေကို လင်းချစ် စိတ်ကြိုက် ဖန်တီးထားတာမို့ တစ်ပုဒ်ချင်းဆီ ပရိသတ်ရင်ကိုထိ စေမှာပါ''ဟု အဆိုတော်လင်းချစ် ကပြောသည်။
အဆိုပါ တေးစီးရီးခွေတွင် တေးသီချင်း ၁၁ ပုဒ်ပါဝင်ပြီး တေးသီချင်းများကို လင်းချစ် ကိုယ်တိုင် ခံစားရေးသားထား ကြောင်း သိရသည်။