images
UN
UN
မော်ဒယ်လ် ပိုင်တံခွန် ၏ပထမဆုံးရုပ်သံဇာတ်လမ်း ခရီးသွားကောက်ကြောင်း တောင်ဘက်စွန်းဆီသို့
ကိုလင်း Thursday, 14 March 2019
မတ် ၁၅ရက်မှစတင်ပြီး ၁ဝ ရက်ကြာ ရိုက်ကူးသွားမည့် မော် ဒယ်လ်ပိုင်တံခွန်၏ပထမဆုံးရုပ်သံ ဇာတ်လမ်းအတွဲအဖြစ် ပရိသတ် များမြင်တွေ့ရမည့် ''ခရီးသွား ကောက်ကြောင်း တောင်ဘက်စွန်း ဆီသို့''ဟုအမည်ရသည့်ဇာတ်လမ်း အပိုင်း(၅)ကို ရိုက်ကူးမည်ဟု သိရ သည်။
''ခရီးသွားကောက်ကြောင်း'' ဆိုတဲ့အမည်လေးနဲ့ ညီမတို့ မတူ ညီတဲ့ဇာတ်လေးတွေကို ဖန်တီးပြီး ရိုက်ခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ ကိုနိုင်နိုင်နဲ့ရိုက်ခဲ့တယ်။ နောက် တော့ ကိုအလင်းရောင်၊ နေခြည်ဦး၊ ကိုလူမင်းတို့နဲ့ပေါ့နော်။ အခု အပိုင်း(၅)ကတော့ ပိုင်တံခွန်နဲ့ ရိုက်မှာပါ။ တိုင်းနဲ့ပြည်နယ်တစ်ခု ချင်းဆီကိုရိုက်ကူးသွားမှာပါ။တိုင်း တစ်တိုင်းကို ဇာတ်လမ်းတစ်ခုမျိုး ဖန်တီးသွားမှာပါ။ ဇာတ်ကား တော့မဟုတ်ဘူးပေါ့နော်။ သွားတဲ့ နေရာဒေသတွေမှာ တစ်ခုနဲ့တစ်ခု နဲ့ကမတူဘူး။ ဒေသတစ်ခုမှာ ဗဟုသုတရမယ့် အကြောင်းအရာ လေးတွေကို ဇာတ်လမ်းပုံစံလေး လုပ်သွားမှာပါ။ စိတ်ဝင်စားဖို့ အင်မတန်ကောင်းပါတယ်။ မြန်မာ ပြည်မှာရှိတဲ့ သဘာဝအလှတရား တွေကိုထုတ်ဖော်တဲ့အစီအစဉ်လေး ဆိုလည်းမှန်ပါတယ်။ အခုနောက် ဆုံး ပိုင်တံခွန်နဲ့သွားရိုက်မှာက တနင်္သာရီတိုင်းမှာရှိတဲ့ ထားဝယ်၊ မြိတ်၊ ကော့သောင်းမြို့တွေမှာရှိတဲ့ သဘာဝအလှတရားတွေ၊ ဒေသ ထွက်အစားအစာတွေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေကို ရိုက်ပြမှာပါ။ ပိုင်တံခွန်ရဲ့ မွေးရပ်ဇာတိမြေလို့ လည်းသိထားတယ်။ အဲတော့ပိုပြီး အဆင်ပြေတာပါ့နော်။ ကျွန်မတို့က ပါဝင်တဲ့သရုပ်ဆောင်တွေကို တိုင်း နဲ့ပြည်နယ်လိုက်တဲ့ဇာတ်လမ်အမျိုး အစားကိုရွေးချယ်ပြီးရိုက်ကူးခဲ့ တာပါ''ဟု ဒါရိုက်တာ EMMP က ပြောသည်။
အဆိုပါ ဇာတ်လမ်းတွဲကို Canel + Channel မှ ထုတ်လွှင့် သွားမည်ဖြစ်ပြီး အပိုင်း(၁)ကနေ ယခုအပိုင်း(၅)အထိ မတူညီသော သရုပ်ဆောင်များနှင့် မတူညီသော ဇာတ်လမ်းပုံစံများကို ဖန်တီးရိုက် ကူးခဲ့ကြောင်း သိရသည်။
ယင်းဇာတ်ကားကိုဇာတ်ညွှန်း မယ်ခိုင်၊ ရွှေပြည်က ရေးသားထား ပြီး ဒါရိုက်တာ EMMP က ရိုက် ကူးမည်ဟုသိရသည်။ ယင်းဇာတ် ကားတွင် သရုပ်ဆောင်ပိုင်တံခွန်၊ သင်ဇာဝင့်ကျော်၊ ဆုရွှေရည်ထူး နှင့်သရုပ်ဆောင်များစွာပါဝင်ထား ကြောင်း သိရသည်။