images
UN
UN
မြန်မာ့အနုပညာသည် အမျိုး၏ဂုဏ် ဇာတိဂုဏ်ဖြစ်သည်
တက္ကသိုလ်သင်္ခ Thursday, 14 March 2019
ကမ္ဘာပေါ်ရှိလူမျိုးတိုင်းတွင် ကိုယ် ပိုင်အနုပညာရှိ၏။ ယင်းအနုပညာကို မြတ်နိုးတန်ဖိုးထားကြ၏။ အရှည်တည် တံ့အောင်လည်း ကြိုးပမ်းကြ၏။ ထိုနည်း တူစွာ မြန်မာလူမျိုးတွင်လည်း ကိုယ်ပိုင် အနုပညာရှိ၏။ ကိုယ်ပိုင်အနုပညာကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် အမျိုး သားယဉ်ကျေးမှုကို ထိန်းသိမ်းစောင့် ရှောက်ခြင်းပင် ဖြစ်သည်။
အနုပညာနှင့်ယဉ်ကျေးမှုသည် အစဉ် အမြဲဆက်စပ်လျက်ရှိ၏။ သို့ရာတွင် အနု ပညာနှင့်ယဉ်ကျေးမှုသည်တစ်ခုနှင့်တစ်ခု မတူညီပေ။ အနုပညာသည် အသီး အပွင့်နှင့်တူ၍ ယဉ်ကျေးမှုသည် အကိုင်း အခက်၊ အလက်နှင့်တူ၏ လူ့လောက လူ့ဘောင်တည်ဆောက်ရေးသည် ပင်မ ကြီးနှင့်တူပေသည်။
ယဉ်ကျေးမှုကွယ်ပျောက်လျှင် လူ မျိုးပါကွယ်ပျောက်နိုင်သည်ဟူသော ဆို စကားကို လူမျိုးတိုင်းလက်ခံကြ၏။ ထို့ ကြောင့် လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှု အဆင့်အတန်းမြင့်မားသည် နိမ့်ကျသည် ဟူသော အချက်ကိုသိလိုလျှင် ယင်းတိုင်း ပြည်၏ အနုပညာကို လေ့လာခြင်းဖြင့် သိနိုင်၏။
ထိုမျှမကသေး သဘာဝမှန်၊ မူမှန်၊ အခြေခံမှန်သည့် ယဉ်ကျေးသော လူ့ ဘောင်လောကကြီး တည်ဆောက်ရေး တွင် အနုပညာသည် အလွန်အရေးပါလှ ၏။ သဘာဝမှန်သော အနုပညာနှင့် ယှဉ်တွဲ၍ သဘာဝမှန်သော ယဉ်ကျေးမှု သည် ဖြစ်တည်လာသည်။ ထို့အတူ သဘာဝမှန်သော ယဉ်ကျေးမှုမှ သဘာဝ မှန်သောအနုပညာသည်ပေါ်ထွန်းလာ၏။
ထို့ကြောင့် မြန်မာလူမျိုးတို့သည် အနုပညာ၏ အခြေခံသဘောကို သိသင့် ၏။
အနုပညာနှင့်စပ်လျဉ်း၍'ဒဂုန်ဦးလှ ဘေ'၏အတွေးအမြင်နှင့်အယူအဆကို ကောက်နုတ်ဖော်ပြလိုပါ၏။ ဒဂုန်ဦးလှ ဘေက ''အနုပညာဆိုတာ ဘာကိုခေါ် သည်ဟု ပီပီသသ သရုပ်တစ်ခု တွေး ခေါ်သိထားခြင်းအသင့်မရှိပေ။ မိုးကုတ် စက်ဝိုင်းနှင့်အပြည့် အဓိပ္ပာယ်ကျယ် ဝန်းနိုင်သော်လည်း ဆောင်ပုဒ်တစ်ခုဖြင့် လက်တစ်ကိုင်ခြုံ၍ မရနိုင်သေး။
တွေ့သိခံစားရသည့် အာရုံရသလို မိမိခံစားရသည့် ရသအတိုင်း ပုံတူပေါ် အောင် သူတစ်ပါးတို့အားထုတ်ဖော်တင် ပြနိုင်သော အတတ်ပညာသည်ရှိ၏။ ထို အတတ်ပညာသည် သိမ်မွေ့၏၊ နု၏၊ ယင်းကို အနုပညာဟုခေါ်သည်။ ကြမ်း သော သြဠာရိက အာရုံ၊ သြဠာရိက အတတ်သည် အနုပညာမဟုတ်''ဟူ၍ ဖော်ညွှန်းပြုထားပါ၏။
အနုပညာ၏သဘောသရုပ်ကို ခွဲ ခြမ်းစိတ်ဖြာကြည့်လျှင် ယေဘုယျအား ဖြင့် ပန်းချီ၊ ပန်းပု၊ သီဆိုတီးမှုတ်ခြင်း နှင့် အနုစာပေဟူ၍ လေးမျိုးခွဲခြားနိုင် မည်ထင်ပါ၏။
ပန်းချီ
မည်သည့်ပုံသဏ္ဌာန်အကြောင်းအရာ ကို မဆို မျက်စိပသာဒဖြင့် ကြည့်မြင် နိုင်ရန် မင်၊ ခဲ၊ ဆီဆေး၊ ရေဆေးစသည် တို့ဖြင့်သော်လည်းကောင်း၊ အခြားအရာ ဝတ္ထုတစ်ခုခုဖြင့်သော်လည်းကောင်း၊ အရောင်ဖြင့်သော်လည်းကောင်း ဖော်ပြ ရေးဆွဲခြယ်မှုန်းထားသော အရုပ်ကားကို ''ပန်းချီ''ဟုခေါ်သည်။
ပန်းပု
မည်သည့်အကြောင်းအရာကိုမဆို မျက်စိပသာဒဖြင့် ကြည့်မြင်နိုင်ရန် သစ် သား၊ ကျောက်၊ သတ္တု၊ ဘိလပ်မြေ စသည်ဖြင့်နိမိတ်ပုံသဏ္ဌာန်ပေါ်လွင်အောင် ထုလုပ်ထားသောအရုပ်ကို 'ပန်းပု' ဟု ခေါ်၏။ ပန်းပု၏အဓိပ္ပာယ် ကို ဖွင့်ဆို ရသော် သစ်သားကိုခြူးပန်း၊ ခြူးနွယ်၊ ယိုးဒယားပန်းခက်၊ ပန်းတက်၊ ပန်းထပ်၊ ပန်းချပ်၊ ပန်းတွန့်၊ ပန်းညွန့်၊ ပန်းပွား၊ ပန်ြး<ွကား၊ တစ်ထပ်ပန်း၊ နှစ်ထပ်ပန်း၊ သုံးထပ်ပန်းစသည်ဖြင့် ထုတ်လုပ်ခြင်း နှင့်ပတ်သက်သည့် လက်မှုအနုပညာကို ဆိုလိုခြင်းဖြစ်၏။
သီဆိုတီးမှုတ်ခြင်း၊ ကခြင်း
ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက် ခုပ်မှစ၍ အမျိုးမျိုးသောတီးမှုတ်သည့် ကိရိယာတို့ဖြင့် သာယာနာပျော်ဖွယ်၊ နှစ် လိုဖွယ်ဖြစ်စေရန် သီချင်းနှင့်ဖြစ်စေ၊ အကနှင့်ဖြစ်စေ တွဲဖက်၍ထားသော အနု ပညာရပ်ကို သီဆို၊ တီးမှုတ်၊ ကခြင်းဟု ခေါ်သည်။

သီဆိုခြင်းမှာမူ အနုပညာတစ်ရပ် သီးသန့်ဖြစ်၏။ ထို့အတူ တီးမှုတ်ခြင်းနှင့် ကခြင်းတို့သည်လည်း အနုပညာရပ်အနေ ဖြင့် တစ်ခုစီသီးခြားဖြစ်ကြ၏။ ထိုသို့ အနုပညာရပ်အနေဖြင့် တစ်ခုစီသီးခြား ဖြစ်ကြသော်လည်း သီဆိုခြင်း၊ တီးမှုတ် ခြင်းနှင့် ကခြင်းတို့သည် တစ်ခုနှင့်တစ်ခု သဘောအားဖြင့် ဆက်နွှယ်လျက်ရှိကြ ၏။ အချင်းချင်း အပြန်အလှန်ကျေးဇူးပြု လျက်ရှိကြ၏။
အနုစာပေ
အနုစာပေတစ်ရပ်အနေဖြင့် အနုစာ ပေသည် မပါလျှင်မပြီးသည့် အချက်ဖြစ် ၏။ ပျို့၊ ကဗျာ၊ လင်္ကာ၊ စကားပြေမှ စ၍ သာယာနာပျော်ဖွယ်ဖြစ်စေရန် တန် ဆာဆင်၍ ရသပေါ်အောင် ရေးသားပြုစု ထားသော စာပေကို 'အနုစာပေ'ဟုခေါ် ၏။
အနုစာပေသည် ရသစာပေအမျိုး အစားဖြစ်၏။ ရသစာပေဟူသည် ရသ ကိုးပါးရှိသည့်အနက် အနည်းဆုံးရသ တစ်ပါးပါး အကျုံးဝင်သော စာဖြစ်၏။ တစ်နည်းဆိုရလျှင် 'ချစ်၊ ရွှင်၊ သနား၊ တည်ကြား၊ ကြမ်းကြုတ်၊ စက်ဆုပ်၊ ကြောက်ရွံ့၊ ရဲဝံ့၊ အံ့သြ စသည့် ရသကိုးပါးအနက် တစ်ပါးပါးခံစားနိုင် စေရန် ဖန်တီးထားသောစာမျိုးဖြစ်၏။
ပန်းချီ၊ ပန်းပု၊ တီးမှုတ်ခြင်းနှင့် အကတို့အပြင် အနုစာပေကိုလည်း အနု ပညာရပ်အဖြစ် ယေဘုယျသတ်မှတ် ရမည်ဖြစ်သော်လည်း ပန်းချီကားတိုင်း၊ ပန်းပုတိုင်း၊ သီဆိုတီးမှုတ်သူတိုင်း၊ အက တိုင်းသည် အနုပညာအဆင့်အတန်းသို့ ဝင်သည်ဟုမဆိုနိုင်သကဲ့သို့ စာပေတိုင်း သည်လည်း အနုပညာရပ်အဖြစ်မထည့် သွင်းနိုင်ပါ။
အနုပညာ အဆင့်အတန်းမီသည့် ပန်းချီကား၊ ပန်းပုရုပ်၊ သီဆိုတီးမှုတ်ခြင်း၊ ကခြင်းတို့ကိုသာ အနုပညာအဖြစ်လက်ခံ နိုင်မည်ဖြစ်သည်။ ထို့အတူ အနုစာပေ ဖြစ်မှသာ အနုပညာရပ်တွင်ပါဝင်နိုင် မည်ဖြစ်သည်။
အနုပညာရပ်တွင်အပါအဝင် ပန်းချီ၊ ပန်းပု၊ သီဆိုတီးမှုတ်၊ ကခြင်းတို့သည် တစ်ခုနှင့်တစ်ခုနီးကပ်စွာတည်ရှိ၏။ ထို့ အတူကခြင်း၊ သီဆိုတီးမှုတ်ခြင်းနှင့် စာပေသည်လည်း အတူနီးကပ်ကြ၏။ ဆိုလိုသည်မှာ အခြေခံသဘာဝအားဖြင့် အနုပညာရပ်တစ်ခုသည် အခြားသော အနုပညာရပ်များနှင့်ဆက်သွယ်လျက်ရှိ သည့်သဘောပင်ဖြစ်ပါ၏။
ဥပမာအားဖြင့် အိုးစည် ကရင်းက နာမည်ကြီးအဆိုအကအကျော်အမော် မင်းသားအဖြစ် 'ဦးဖိုးစိန်'ပေါ်ထွက်ခဲ့၏။ ဆိုင်းအတီးမှ နိုင်ငံကျော်ဇာတ်မင်းသား အဖြစ် 'ဦးအောင်မောင်း'ကျော်ကြားခဲ့၏။ ရုပ်သေးမင်းသား ဦးသာပြော၊ ဦးသာဇံ၊ ဦးဖူးညိုတို့သည် အနုစာပေပညာရှင်များ ဖြစ်လာကြ၏။ နန်းတော်ရှေ့ဆရာတင် သည် စာလည်းဆိုနိုင်သလို အတီးအမှုတ် လည်း ကောင်း၏။ သီချင်းအဆိုလည်း တော်သည်။ မျက်မှောက်ခေတ်တွင် ဤကဲ့သို့ သက်စုံထူးချွန်သည့်အနုပညာ ရှင်များ အများအပြားရှိပါ၏။
အနုပညာရပ်နှင့်စပ်လျဉ်း၍ ပြည့် ပြည့်စုံစုံသိရှိရန် အမှန်ပင်လိုအပ်ပါ၏။ သို့မှသာ မြန်မာ့အနုပညာအရည်အ သွေးကို ပိုမိုတောက်ပြောင်အောင်ဆောင် ရွက်နိုင်မည်ဖြစ်သည်။
အထူးသဖြင့် အနုပညာရပ်အသီး သီးကို ပညာရှင်တို့က လေ့လာ၍ သုတေသနပြုသင့်၏။ ထိုသို့ပြုလုပ်ခြင်း ဖြင့် မြန်မာ့အနုပညာအစစ်အမှန်ကို သိရှိလာမည်။ ဆက်လက်ထိန်းသိမ်းနိုင် မည်။ ဤသို့အားဖြင့် မြန်မာတို့၏ အမျိုး သားယဉ်ကျေးမှုကို မယိုင်မလဲ ခိုင်မြဲ အောင် စောင့်ရှောက်နိုင်ပေမည်။ အစစ် အမှန်ကို အခြေခံ၍ ခေတ်နှင့်လျော်ညီ အောင် အသစ်ပွားလိုလျှင် ပွားနိုင်မည် ထင်ပါ၏။
ဤနေရာတွင် အလျဉ်းသင့်၍ တိုင်းခြား အနုပညာကို အတုယူမမှားစေ ရန် အကြံပြုလိုသည်။ တိုင်းခြားအနု ပညာသည်လည်း အနုပညာပင်ဖြစ်ရာ အနုပညာဂုဏ်ရှိမည်မှာ သေချာသည်။ သို့ရာတွင် သူ့အနုပညာ၌ သူ့လူမျိုး၏ ဇာတိ၊ သူ့ယဉ်ကျေးမှု၏ဂုဏ်တို့ရှိကြမည် ဖြစ်ရာ ထိုဇာတိနှင့်ဂုဏ်တို့သည် မြန်မာ တို့၏ဇာတိနှင့်ဂုဏ်တို့နှင့်သင့်မြတ်မှုရှိချင် မှ ရှိပေမည်။ ယင်းအချက်ကို အထူး သတိပြုသင့်ပါ၏။
မြန်မာ့အနုပညာသည် မြန်မာနိုင်ငံ သားအားလုံး၏စိတ်ဓာတ်နှင့်သက်ဆိုင် သောပညာရပ်တစ်ခုဖြစ်၏။ထိရောက်စွာ အသုံးချနိုင်လျှင် ထိုပညာသည် အမျိုး ဂုဏ်၊ ဇာတိဂုဏ်နှင့်အမျိုးသားယဉ်ကျေး မှုကို ထိန်းသိမ်းစောင့်ရှောက်နိုင်မည်ဟု ယုံကြည်မိပါ၏။