images
UN
UN
မြောင်းမြအကျဉ်းထောင်၌ အကျဉ်းသားတစ်ဦးထံ ထောင်ဝင်စာ လာတွေ့သည့်သူမှယူဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၃၉ဝဖမ်းဆီးရမိ
စန္ဒာမိုး Thursday, 14 March 2019
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် မြောင်းမြအကျဉ်း ထောင်၌ ယမန်နေ့ ညနေ ၄ နာရီ ခန့်က WY စိတ်ကြွရူးသွပ်ဆေး ပြား ၃၉ဝ ဖမ်းဆီးရမိကြောင်း သိရသည်။ မြောင်းမြအကျဉ်း ထောင်တွင် ပြစ်ဒဏ်ကျခံလျက် ရှိသော အကျဉ်းသားနေလှိုင်းအား ထောင်ဝင်စာတွေ့ရန်လာရောက် သည့် ဟိန်းမင်းလတ်(ခ) မင်းမင်း ယူဆောင်လာသော ထောင်ဝင်စာ ပစ္စည်းများကို ရှာဖွေရေးတာဝန်ကျ လ/ထ ကြီးကြပ်ရေးမှူး ၁ အောင် ပြည့်နှင့်အဖွဲ့မှ ရှာဖွေစစ်ဆေးစဉ် ယုဇနလက်ဖက်ထုပ်နှစ်ထုပ်အား မသင်္ကာဖွယ်တွေ့ရှိ၍ သက်သေ များနှင့်အတူစစ်ဆေးရာ ယုဇန လက်ဖက်ထုပ်အကြော်စုံထည့်သည့် ပလတ်စတစ်အိတ်နှစ်အိတ်အတွင်းမှ WY စိတ်ကြွရူးသွပ်ဆေးပြား၃၉ဝ၊ အလေးချိန် ၃၉ဂရမ်၊တန်ဖိုးငွေကျပ် ၁၁၇ဝဝဝဝ၊ ICE ဟုယူဆရသော အဖြူရောင်ပုံဆောင်ခဲ ၁ဒသမ ၂၅ ဂရမ်၊ တန်ဖိုးငွေကျပ် ၆၂၅ဝဝနှင့် ဆင်းကတ်ပါ OPPO အမျိုးအစား အနက်ရောင်ဖုန်းတစ်လုံးတို့ကိုတွေ့ ရှိရပြီး သက်သေများရှေ့တွင် ရှာ ဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။
သိမ်းဆည်းရမိသောသက်သေ ခံပစ္စည်းမျာနှင့်အတူ စိတ်ကြွရူး သွပ်ဆေးပြားနှင့် ICE ဟု ယူဆ ရသောအဖြူရောင်ပုံဆောင်ခဲတို့အား တရားမဝင်လက်ဝယ်ထားရှိသယ် ဆောင်ပို့အပ်လက်ခံခြင်းဆောင်ရွက် ကြသူများဖြစ်သည့် ဟိန်းမင်းလတ် (ခ) မင်းမင်း (၂၅နှစ်) ဈေးရောင်း ချယ်ရီလမ်း(၂၂)ရပ်ကွက် တောင် ဒဂုံမြို့နယ် ရန်ကုန်တိုင်းဒေသကြီး နေသူနှင့် မြောင်းမြအကျဉ်းထောင် မှ ထောင်ကျအကျဉ်းသားနေလှိုင်း (၃၁နှစ်) ၃ လမ်း ကမ်းနီကျေးရွာ၊ ရွှေကျင်မြို့နယ် ပဲခူးတိုင်းဒေသကြီး နေသူတို့အား မြောင်းမြမြို့မရဲစခန်း မှ မမစမယ(ပ) ၃/၂ဝ၁၉၊ မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သော ပုဒ်မ ၁၉(က)/၂၁ဖြင့် အမှု ဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။