images
UN
UN
စစ်ကိုင်းမြို့နယ်တွင် ရေယာဉ်ဖြင့် တရားမဝင်သစ်များသယ်ဆောင်လာသူကိုဖမ်းဆီးရမိ
ကျော်ကျော်(မလှိုင်) Thursday, 14 March 2019
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့မရဲစခန်းနယ်မြေ၌ ယခုလ ၁၁ ရက်နံနက် ၁၁ နာရီခန့်က ရေယာဉ်ဖြင့် တရားမဝင်သစ်များသယ် ဆောင်လာသူအား ဖမ်းဆီးရမိခဲ့ကြောင်း ရဲမှတ်တမ်းများအရသိရသည်။
ဖြစ်စဉ်မှာ စစ်ကိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များ၊ ရေကြောင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ စစ်ကိုင်းမြို့နယ် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ရေကြောင်းလှည့်ကင်းဆောင်ရွက်နေစဉ် စစ်ကိုင်းမြို့၊ ထုံးဘိုရပ်ကွက်ရှိ ဂရိတ်ဝေါသင်္ဘောဆိပ်၌ ရပ်တန့်ထားသော ဝေဖြိုးအောင်အမည်ပါ ရေယာဉ်တစ်စင်းကို မသင်္ကာဖွယ်တွေ့ရှိရ၍ ရှာဖွေခဲ့ရာရေယာဉ်ပေါ်၌ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့နေ စိုးနိုင်(၃၈ နှစ်)က တရားမဝင်ကျွန်းသစ် ၃၆ လုံး(၁ ဒသမ ၅၃ တန်) ပျဉ်းကတိုးသစ်ခွဲသားဆိုက်စုံ ၆၈ ချောင်း (၁ ဒသမ ဝ၆ဝ၄ တန်)တို့နှင့်အတူတွေ့ရှိ ဖမ်းဆီးရမိခဲ့သောကြောင့် ၄င်းအား စစ်ကိုင်းမြို့မရဲစခန်း (ပ)၃ဝ၄/၂ဝ၁၉၊ သစ်တောဥပဒေပုဒ်မ ၄၃(က)/၄၂(က) ဖြင့် အရေးယူထားကြောင်း ရဲမှတ်တမ်းများအရသိရသည်။