images
UN
UN
ကညင်တပင်ကျေးရွာတွင် ဆေးလိပ် သောက်ရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွား
မန်းကျော် Thursday, 14 March 2019
အင်္ဂပူမြို့နယ် ညောင်ကျိုးဒေသ ဝက်လဟာကျေးရွာအုပ်စု ကညင်တပင်ကျေးရွာနေအဘွားဒေါ်ကြည်မြင့်နေအိမ်တွင် ယမန်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်က (၈၂ နှစ်) အရွယ်သူငယ်ပြန်သူအဘွား ဒေါ်ကြည်မြင့် ဆေးလိပ်သောက်ရာမှ စောင်ပေါ်သို့ မီးဖွားကျပြီး မီးကူးဆက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုဖြစ်ပွားရာသို့ အင်္ဂပူမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး စိုးမင်း ဦးဆောင်သောတပ်ဖွဲ့ဝင်များ၊ ညောင်ကျိုးနယ်မြေရဲစခန်း မှူးဦးဆောင်သောတပ်ဖွဲ့ဝင်များ၊ အင်္ဂပူမြို့နယ်မီးသတ်စခန်းမှ ဒုဦး စီးမှူးအောင်ကိုဝင်းဦးဆောင်သော တပ်ဖွဲ့ဝင်များ၊ ညောင်ကျိုး မှသန္ဓေတပ်ဖွဲ့နှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး မှူးနှင့်ပြည်သူများပူးပေါင်းပြီး မီးငြှိမ်းသတ်ယာဉ်တစ်စီးဖြင့် မီးငြှိမ်း သတ်ရာ နံနက် ၉ နာရီတွင်မီးငြှိမ်းသတ်နိုင်ခဲ့သည်။
မီးလောင်မှုကြောင့် အိမ်ရှင်ဒေါ်ကြည်မြင့်၏ လူနေအိမ်သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ၊ သစ်တိုင်တစ်ထပ်အိမ်နှင့် ဘေးအနီးရှိ ဦးသောင်း ရွှေ၏ လူနေအိမ်သွပ်မိုး၊ ထရံကာ၊ ဝါးခင်းနှင့် ၄င်း၏ ထင်းစင်တို့ မီးလောင်ခဲ့ပြီး တန်ဖိုးငွေကျပ် ၂၃၇၆ဝဝဝ ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့ ကြောင်းနှင့် လူ၊ တိရစ္ဆာန်ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။