images
UN
UN
အင်ဗာတာနှင့်ချိတ်ဆက်သည့်ဘက်ထရီအိုး အပူရှိန်လွန်ကဲမှုကြောင့်နေအိမ်မီးလောင်မှုဖြစ်ပွား
မိုဃ်းကျ(မြစ်ကြီးနား) Thursday, 14 March 2019
ကချင်ပြည်နယ်မိုးညှင်းမြို့တွင် ယမန်နေ့က နေအိမ်တွင် အသုံးပြု လျက်ရှိသည့် အင်ဗာတာနှင့် ချိတ် ဆက်လျက်ရှိသော ဘက်ထရီအိုး အပူရှိန်လွန်ကဲမှုကြောင့် နေအိမ် မီးလောင်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ယမန်နေ့ မွန်းလွဲ ၁၂နာရီ ၁ဝမိနစ်က မိုးညှင်းမြို့ နားခါရပ်ကွက် အိမ်အမှတ်(၁၈) တွင် နေအိမ်၌အသုံးပြုနေသည့် အင်ဗာတာနှင့်တွဲလျက် ဘက်ထရီ အိုးမှာ အပူရှိန်လွန်ကဲရာမှ မီး လောင်မှုစတင်ဖြစ်ပွားခဲ့ရာ မိုးညှင်း ခရိုင် မီးသတ်ဦးစီးဌာနမှ လက် ထောက်ညွှန်ကြားရေးမှူး ဦးဟိန်း မင်းထိုက်နှင့် မီးသတ်တပ်ဖွဲ့ဝင် များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေ ပြည်သူများက မီးငြှိမ်းသတ်ယာဉ် နှစ်စီး၊ ရေသယ်ယာဉ်နှစ်စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ရာ မွန်းလွဲ ၁၂ နာရီခွဲတွင်မီးငြိမ်းသွားခဲ့ပြီးမီးလောင် မှုကြောင့်လူနှင့်တိရစ္ဆာန်များထိခိုက် ဒဏ်ရာရရှိခြင်းမရှိသော်လည်း ငွေ ကျပ် ၅၇ဝဝဝဝရှိ ဒေါ်ယဉ်ယဉ်ခိုင် (၄ဝနှစ်) ပိုင်ဆိုင်သည့် သွပ်မိုး၊ အုတ်ကာ နှစ်ထပ်နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့သည်။
ဖြစ်စဉ်ကြောင့် မီးပေါ့ဆစွာ အသုံးပြုသူ ဒေါ်ယဉ်ယဉ်ခိုင် (၄ဝ နှစ်)အား မိုးညှင်းမြို့မရဲတပ်ဖွဲ့စခန်း မှ (ပ)၂၅/၂ဝ၁၉၊ ပြစ်မှုပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။