images
UN
UN
ဥရောပထိပ်တန်းအဆင့်သို့ ပြန်ရောက်လာဟု လီဗာပူးနည်းပြပြောကြား ဥရောပပြိုင်ပွဲများတွင် ရှုံးထွက်အဆင့်၌ ဂျာမနီကလပ်များနှင့်တွေ့တိုင်း လီဗာပူးဗိုလ်လုပွဲရောက်ခဲ့
Thursday, 14 March 2019


လီဗာပူးနည်းပြဂျာဂင်ကလော့ပ် က ဘိုင်ယန်မြူးနစ်အား အဝေး ကွင်းတွင်အနိုင်ရကာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်သို့ ရောက် ရှိခဲ့ခြင်းကြောင့် ၄င်း၏အသင်း သည် ဥရောပတွင် ထိပ်တန်းအဆင့် ရှိသော အသင်းတစ်သင်းအဖြစ်သို့ ပြန်လည်ရောက်ရှိလာသည်ဟု ပြောကြားခဲ့ကြောင်း ဒေးလီးမေးလ် သတင်းဌာနကဖော်ပြသည်။
လီဗာပူးသည် တိုက်စစ်မှူး မာနေးနှင့် နောက်ခံလူဗန်ဒိုက်တို့ သွင်းယူခဲ့သောဂိုးများဖြင့် ဘိုင်ယန် မြူးနစ်အား ၃-၁ ဂိုးဖြင့်အနိုင်ရ ကာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် အဆင့်သို့ နောက်ဆုံးတက်ရောက် နိုင်သည့်အင်္ဂလန်ကလပ်အဖြစ် ရပ် တည်နိုင်ခဲ့ခြင်းဖြစ်သည်။ ဂျာဂင် ကလော့ပ်က ''ကျွန်တော်တို့ အတွက် ကျေနပ်စရာရလဒ်မျိုးဖြစ် သလို ကြီးမားတဲ့ခြေလှမ်းတစ်ရပ် ကို လှမ်းနိုင်ခဲ့တာမျိုးဖြစ်တယ်လို့ လည်း ပြောလို့ရပါတယ်။ ဥရောပ အဆင့်မှာ ကျွန်တော်တို့ဘာတွေ လုပ်ပြနိုင်သလဲဆိုတာကိုလည်း သက်သေပြနိုင်ခဲ့တာပါ။ ဒါကြောင့် လီဗာပူးဟာ ဥရောပထိပ်တန်း အဆင့်ကို ပြန်ရောက်လာပြီလို့ ပြောလို့လည်းရပါတယ်။ ပိုမိုခက်ခဲ တဲ့စိန်ခေါ်မှုတွေ ရင်ဆိုင်ရဦးမှာ ဖြစ်ပေမယ့် ဘယ်လိုစိန်ခေါ်မှုမျိုး ဖြစ်ဖြစ် ကျော်လွှားနိုင်မယ်လို့ ယုံ ကြည်တဲ့ဆုံးဖြတ်ချက်တွေ ကျွန် တော်တို့ဆီမှာ ရှိနေပါပြီ။ ကွာ တားဖိုင်နယ်အဆင့်မှာ ဘယ် အသင်းနဲ့ပဲတွေ့တွေ့ အကောင်းဆုံး ရင်ဆိုင်နိုင်မှာပါ''ဟုပြောသည်။
လီဗာပူးသည် ဥရောပကလပ် ပြိုင်ပွဲများတွင် ဂျာမနီကလပ်များ နှင့် ဆုံတွေ့သည့်နှစ်တိုင်းတွင် အဆိုပါပြိုင်ပွဲတွင် ဗိုလ်စွဲခြင်း သို့ မဟုတ် ဗိုလ်လုပွဲသို့ရောက်ရှိသည့် အစဉ်အလာအားပိုင်ဆိုင်ထားသည်။ ၂ဝ၁၁ ခုနှစ်နှင့် ၂ဝ၁၈ ခုနှစ်တွင် ချန်ပီယံလိဂ်ပြိုင်ပွဲ၌လည်းကောင်း၊ ၂ဝ၁၆ ခုနှစ်တွင် ယူရိုပါလိဂ်ပြိုင်ပွဲ တွင်လည်းကောင်း ဗိုလ်စွဲခြင်း သို့ မဟုတ် ဗိုလ်လုပွဲသို့ရောက်ရှိခြင်း များ ပိုင်ဆိုင်ထားသည်။
Ref ;Dailymail