images
UN
UN
ဖာဂူဆန်ကိုင်တွယ်မည့်အသင်းတွင် ဘက်ခမ်းပါဝင်မည်
Thursday, 14 March 2019


မန်ယူကစားသမားဟောင်းတစ်ဦးဖြစ်သော ဘက်ခမ်းသည် ၄င်း နှင့်ဆက်ဆံရေးမကျေလည်မှုများရှိခဲ့ဖူးသော မန်ယူဂန္ထဝင်နည်းပြ ဖာဂူဆန်ကိုင်တွယ်မည့်အသင်းတွင် ပါဝင်ကစားမည်ဖြစ်ကြောင်း စကိုင်းသတင်းဌာနက ဖော်ပြသည်။ မေ ၂၆ ရက်တွင် ရန်ပုံငွေပွဲ အဖြစ် ဘိုင်ယန်မြူးနစ်ဂန္ထဝင်ကစားသမားများအသင်းနှင့်ယှဉ်ပြိုင် ကစားမည့် မန်ယူဂန္ထဝင်ကစားသမားများအသင်းတွင် ဘက်ခမ်း ဝင်ရောက်ကစားရန် စီစဉ်ထားခြင်းဖြစ်ကာ ၄င်းနှင့်အတူ ပေါလ် စခိုး၊ နဗီးညီနောင်နှင့် ဂျက်စတန်တို့လည်း ပါဝင်မည်ဖြစ်သည်။ မန်ယူဂန္ထဝင်ကစားသမားများအသင်းကို ဖာဂူဆန်က နည်းပြအဖြစ် တာဝန်ယူမည်ဖြစ်သည်။ Ref ;SKY