images
UN
UN
လုံခြုံရေးများနှင့်ရန်ဖြစ်ခဲ့၍ လီယွန်ပရိသတ်များ ဒဏ်ရာရရှိ
Thursday, 14 March 2019


ဘာစီလိုနာအားရှုံးနိမ့်ခဲ့သည့်ချန်ပီယံလိဂ်ပွဲစဉ်အပြီးတွင် လုံခြုံရေး များနှင့်ရန်ဖြစ်ခဲ့သောကြောင့် လီယွန်ပရိသတ်များ ဒဏ်ရာရရှိခဲ့ကာ ရန် ဖြစ်ခဲ့သည့်ပရိသတ်များကို ဖော်ထုတ်နိုင်ရန်ဒေသဆိုင်ရာရဲတပ်ဖွဲ့က ကြိုးပမ်းလျက်ရှိသည်။ ဘာစီလိုနာမြို့တွင်ကျင်းပခဲ့သော အဆိုပါပွဲစဉ် သို့ လီယွန်ပရိသတ် ၅ဝဝဝ ခန့် လာရောက်အားပေးခဲ့ကြသည်။ လီယွန် ပရိသတ်များထဲတွင် ဘောလုံးလူရမ်းကားများလည်းပါရှိလာခဲ့ကာ ပွဲ မစတင်မီကတည်းက လုံခြုံရေးများအား ရန်စမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသဆိုင်ရာရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ ရန်ဖြစ်မှုများကြောင့် လီယွန်ပရိသတ်ငါးဦးခန့်မှာ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့သည်ဟုလည်း အတည်ပြုခဲ့သည်။ Ref ;AS