images
UN
UN
ကမ္ဘာ့အဆင့်ခြေစွမ်းအား ရော်နယ်ဒိုပိုင်ဆိုင်ဆဲဟု မက်ဆီချီးကျူး
Thursday, 14 March 2019


ဘာစီလိုနာတိုက်စစ်မှူး မက် ဆီက ကမ္ဘာ့အကောင်းဆုံးကစား သမားဆုအတွက် အစဉ်တစိုက် ယှဉ်ပြိုင်ခဲ့ရသည့်ပြိုင်ဘက်ဖြစ် သော ရော်နယ်ဒိုသည် ကမ္ဘာ့အဆင့် ခြေစွမ်းအား ပိုင်ဆိုင်နေဆဲဖြစ်သည် ဟု ချီးကျူးခဲ့ကြောင်း ဘီဘီစီ သတင်းဌာနကဖော်ပြသည်။
ရော်နယ်ဒိုသည် အက်သလက် တီကိုနှင့်ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ်ဒုတိယအကျော့ပွဲစဉ် တွင် ဂျူဗင်တပ်အသင်း ကွာတား ဖိုင်နယ်သို့ရောက်ရှိစေမည့်ဂိုးများ ကိုသွင်းယူကာ ခြေစွမ်းပြခဲ့သူဖြစ် သည်။ မက်ဆီက ''အက်သလက် တီကိုနဲ့ ဂျူဗင်တပ်တို့တွေ့ခဲ့တဲ့ ပွဲစဉ်မှာ အက်သလက်တီကိုက အားသာချက်တွေ ပိုများမယ်လို့ ကျွန်တော်ထင်ခဲ့ပါတယ်။ ဒါပေမဲ့ ရော်နယ်ဒိုနဲ့ ဂျူဗင်တပ်ဟာ အံ့ အားသင့်ဖွယ်ကောင်းလောက်တဲ့ စွမ်းဆောင်ရည်မျိုးကို ထုတ်ဖော် ပြသပြီး နောက်တစ်ဆင့်ကို တက် ရောက်နိုင်ခဲ့ပါတယ်။ အဲဒီပွဲမှာ ဟက်ထရစ်သွင်းခဲ့တဲ့ရော်နယ်ဒို ဟာ ကမ္ဘာ့အဆင့်ခြေစွမ်းမျိုးကို ပိုင်ဆိုင်နေဆဲဖြစ်တယ်လို့ တစ် ကမ္ဘာလုံးပြသခဲ့တယ်လို့ ယုံကြည် မိပါတယ်''ဟုပြောသည်။
Ref ;BBC