images
UN
UN
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်ရွေးချယ်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်များ ပြည်သူနှင့်တွေ့ဆုံ
ဝင်းညွန့်(သတင်းနဂါး) Thursday, 14 March 2019
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် (၉)ရပ်ကွက်တွင် လှိုင်သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှဦးဆောင်၍ ယမန် နေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်က အမှတ် (၉) ရပ်ကွက်ရှိ လမ်းအသီးသီးတို့တွင် တစ်လမ်းဝင်တစ်လမ်းထွက် ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ ကော်မတီဝင်ရွေးချယ်ပွဲကိုယခုလ ၃၁ရက်တွင် ကျင်းပမည်ဖြစ်ရာ ဖေဖော်ဝါရီ လ ၂၈ ရက်မှစတင်ပြီး စည်းရုံးခွင့်တစ်လ ခွင့်ပြုထားရာ လှိုင်သာယာမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးဇေယျာအောင်၊ နယ်မြေတာဝန်ခံ ဒေါ်ဖြိုး ဖြိုးဝေ၊ အမှတ်(၉)ရပ်ကွက် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဒေါ်အေးသန်း၊ ရပ်ကွက်ပါတီ ကော်မတီဝင်များ၊ လူငယ်ထုခေါင်းဆောင် များလိုက်ပါ၍ လှိုင်သာယာမြို့နယ် မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ရွေး ချယ်ခံမည့် ကိုယ်စားလှယ်လောင်းများဖြစ် သော ဦးကြည်စိုး၊ ဦးသောင်းလှိုင်၊ ဦးစိုင်း လင်းဇော်နှင့် ဦးလေးနိုင်တို့ လိုက်ပါလာပြီး လှိုင်သာယာမြို့နယ်အတွင်း တစ်ရပ်ကွက် ပြီး တစ်ရပ်ကွက် ကွင်းဆင်းတွေ့ဆုံမှုများ လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။