images
UN
UN
ပူးပေါင်းကော်မတီ၏အစီရင်ခံစာအပိုဒ် ၁ဝ ပါ ဖော်ပြချက်များအတိုင်း ဆောင်ရွက်ရန်မသင့်
Thursday, 14 March 2019
နေပြည်တော်တွင် မတ် ၁၄ ရက်က ကျင်းပခဲ့သော ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာအား ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဦးခင်မောင်သီ၏ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးတင်ပြ ခြင်းကိုဖော်ပြအပ်ပါသည်။

လေးစားအပ်ပါသော ပြည်ထောင်စု လွှတ်တော်နာယကကြီးနှင့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ၊ ဧည့်သည် တော်များအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်း ဆက်သ ဂါရဝပြုအပ်ပါတယ်။ ကျွန် တော်ကတော့ ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် မဲဆန္ဒနယ်က ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သီ ဖြစ်ပါတယ်။
လေးစားအပ်ပါသော ပြည်ထောင်စု လွှတ်တော်နာယကကြီးခင်ဗျား
ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို အကြံပြုဆွေးနွေးမှာ ဖြစ်ပါတယ်။
ဦးသိန်းထွန်း ကျောင်းကုန်းမဲဆန္ဒ နယ်အပါအဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၄၃ဦးတို့က လက်မှတ် ရေးထိုးပြီး နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၆၁ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မခွဲ(ဃ)နှင့် ပုဒ်မခွဲ(င)တို့ကို ပြင်ဆင် ရန် ဥပဒေကြမ်းကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁၂)၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်းပုဒ်မ ၄၃၃၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မ ၄၃၄၊ ပုဒ်မ ၄၃၅နှင့် ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ နည်းဥပဒေ ၁၃၃တို့နှင့်အညီ ၂ဝ၁၉ခုနှစ် ဖေဖော်ဝါရီ ၈ ရက်စွဲဖြင့် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း တင်ပြခဲ့ပါကြောင်း တွေ့ရှိရပါတယ်။
ပြည်ထောင်စုလွှတ်တော်ရုံးမှ ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၉ရက်တွင် ဖြန့်ဝေ ထားသည့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း၏ ရည်ရွယ် ချက်
(၁) ဥပဒေမူကြမ်းတင်သွင်းရခြင်း ၏ ရည်ရွယ်ချက်မှာ ဒီမိုကရေ စီစံနှုန်းများနှင့်အညီ လွတ်လပ် ၍တရားမျှတပြီး နိုင်ငံသားများ ၏ တန်းတူညီမျှအခွင့်အရေး ရရှိစေရန်နှင့် တိုင်းရင်းသား အများစု၏ လိုလားချက်ကို အလေးဂရုပြုဖော်ဆောင်ပေးရန် ရည်ရွယ်ပါသည်လို့ ဖော်ပြထား ကြောင်း တင်ပြပါသည်။
ကျိုးကြောင်းဖော်ပြချက်
(၂) တိုင်းဒေသကြီး သို့မဟုတ်ပြည် နယ်ဝန်ကြီးချုပ်ကို သမ္မတက ရွေးချယ်အတည်ပြုခန့်အပ်ခြင်း သည် ဒီမိုကရေစီစံနှုန်း၊ နိုင်ငံ သားများ၏တန်းတူညီမျှမှုအခွင့် အရေးနှင့် တရားမျှတပြီး လွတ် လပ်မှုအခွင့်အရေးများကို အား နည်းစေလျက်ရှိသည့်အတွက် ဒီမိုကရေစီစံနှုန်းများနှင့်ညီညွတ် စေရန် လွတ်လပ်၍ တရားမျှတ စေရန်၊ နိုင်ငံသားများ၏တန်း တူညီမျှအခွင့်အရေးရရှိစေရန်တို့ အတွက် တင်သွင်းခြင်းဖြစ်ပါ သည်။

(၃) ထို့အပြင် တိုင်းရင်းသားအများ စုကလည်း ကိုယ့်ကြမ္မာကိုယ် ဖန်တီးရန်၊ ဖက်ဒရယ်ဒီမိုကရေ စီစနစ်ကို ကျင့်သုံးခွင့်ရရန် လိုလားတောင့်တလျက်ရှိကြ သဖြင့် ဗဟိုချုပ်ကိုင်မှုလျော့ပါး သွားစေရန်ပြင်ဆင်သည့်ဥပဒေ ကိုတင်သွင်းရခြင်းဖြစ်ပါကြောင်း ဖော်ပြထားပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် ဥပဒေမူကြမ်းဖြစ်သည့် ပုဒ်မ ၂၆၁၊ ပုဒ်မ ခွဲ(ခ)၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မခွဲ (ဃ)နှင့် ပုဒ်မ ခွဲ(င)တို့နှင့်စပ်လျဉ်း၍လွှတ်တော်အစည်း အဝေး၌ ဆွေးနွေးခြင်းမပြုမီ အသေး စိတ်လေ့လာစိစစ်ရန် နာယကသည် ပြည် သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီနှင့် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော် မတီတို့အား အမိန့်ကြော်ငြာစာအမှတ် ၁၄/၂ဝ၁၉ ဖြင့် ပူးပေါင်း ကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယ အကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းလေ့ လာစိစစ်ရေး ပူးပေါင်းကော်မတီဖွဲ့စည်း ခြင်း အမှတ်စဉ် ၃၊ တာဝန်နှင့်လုပ်ပိုင် ခွင့်များ
(က) ကော်မတီသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရန် ဥပဒေမူကြမ်းကို ပြည် ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်း ဥပဒေများနှင့်အညီ လေ့လာစိစစ်ရမည် လို့ ဖော်ပြထားပါသဖြင့် တာဝန်နှင့်လုပ် ပိုင်ခွင့်များအတိုင်း တာဝန်ယူမှု၊ တာဝန်ခံ မှုတိုးမြှင့်ဆောင်ရွက်နိုင်ပါရန် အကြံပြု ဆွေးနွေးအပ်ပါသည်။
ပူးပေါင်းကော်မတီဖြစ်သည့် ဖွဲ့စည်း ပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင် ဆင်သည့် ဥပဒေမူကြမ်းလေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိ ချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံ စာကို ၂ဝ၁၉ ခုနှစ် မတ်လ ၅ ရက်နေ့ တွင်ကျင်းပသည့် ပြည်ထောင်စုလွှတ် တော်အစည်းအဝေးတွင် ဖတ်ကြားတင်ပြ ခဲ့ပါသည်။
ဥပဒေမူကြမ်းလေ့လာစိစစ်ရေးပူး ပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက် နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ စာပိုဒ် ၄ တွင် ဖော်ပြထားသည်မှာ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းတွင် ပုဒ်မ ၂၆ဝ ပုဒ်မခွဲ (ခ)၊ (ဂ)၊ (ဃ)နှင့် (င) တို့ကိုသာပြင်ဆင်ရန် တင်ပြခဲ့ခြင်းဖြစ် ကြောင်း လေ့လာတွေ့ရှိရပါသည်လို့ ဖော် ပြထားရာ ဥပဒေကြမ်းကို စိစစ်ချက် ဇယားဖြင့် လွှတ်တော်သို့ တင်ပြသင့်ပါ ကြောင်း အကြံပြုဆွေးနွေးအပ်ပါသည်။
ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင် ခံစာအပိုဒ် ၇ တွင်-
ထိုသို့ ဆီလျော်ညီညွတ်မှုရှိစေရန် ပြင်ဆင်ရန်လိုအပ်သည့်အတွက် ပုဒ်မ တစ်ခုချင်းစီကို ပြင်ဆင်လျှင် ပြင်ဆင် သည့်ဥပဒေကြမ်းများ လွှတ်တော်သို့ အကြိမ်ကြိမ်တင်သွင်းဆောင်ရွက်ရန်လို အပ်ကြောင်း လေ့လာတွေ့ရှိရပါသည်လို့ ဖတ်ရှုရပါသည်။ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ဆောင်ရွက်ရမည့်ကိစ္စ ရပ်များတွင် ဥပဒေကြမ်းတင်သွင်းခြင်း၊ ဆွေးနွေးခြင်းနှင့်ဆုံးဖြတ်ခြင်းများကို ပုဒ်မတစ်ခုချင်းစီကို ပြင်ဆင်ခြင်း၊ ဖြည့် စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ အသစ်အစား ထိုးခြင်းများ ကို ဆောင်ရွက်ရခြင်းဖြစ်ပါ ကြောင်း တင်ပြဆွေးနွေးအပ်ပါသည်။
လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာအပိုဒ် ၁ဝ ပါ ဖော်ပြချက်များအတိုင်းဆောင်ရွက်ရန် မသင့်ပါကြောင်းအကြံပြုတင်ပြပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်)ပြင် ဆင်ရေးပူးပေါင်းကော်မတီက ဆောင် ရွက်မည့်ပြင်ဆင်ရေးလုပ်ငန်းများသည် လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ အတိုင်း ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း ဆွေးနွေးအကြံပြုအပ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ခုနှစ်) သည် နိုင်ငံတော်၏ရှေ့ဆက်ဆောင်ရွက် ခဲ့ရသည့် ဒီမိုကရေစီ အရွေ့တစ်ခုကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း ဆွေးနွေး တင်ပြပါသည်။
နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင် သည့် ဥပဒေမူကြမ်းလေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏လေ့လာတွေ့ရှိချက် နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို ဇယားဖြင့် မူလဥပဒေပြဋ္ဌာန်းချက်၊ ပြင် ဆင်ရန် အဆိုပြုတင်ပြချက်၊ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏သဘောထားမှတ် ချက်များကို ပြုစုပြီး ပြည်ထောင်စုလွှတ် တော်သို့ ထပ်မံတင်ပြပေးပါရန် တိုက် တွန်းပြောကြားအပ်ပါသည်။