images
UN
UN
ဥပဒေကြမ်းကို ဥပဒေနှင့်အညီ ဆက်လက်တင်သွင်းပြင်ဆင်နိုင်ပါက တိုင်းရင်းသားများ၏အခွင့်အရေးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်
Thursday, 14 March 2019




လေးစားအပ်ပါသော ပြည်ထောင်စု လွှတ်တော်နာယကကြီးနှင့် ပြည်တောင် စုလွှတ်တော် ကိုယ်စားလှယ်များ၊ ဧည့် သည်တော်များအားလုံး မင်္ဂလာပါခင်ဗျာ။ ကျွန်တော်ကတော့ရှမ်းပြည်နယ်(တောင် ပိုင်း) ရပ်စောက်မြို့နယ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့် ဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင် သည့် ဥပဒေကြမ်းလေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက် နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ အပေါ် ဆွေးနွေးသွားမှာဖြစ်ပါတယ်။
လေးစားအပ်ပါသော နာယကကြီး ခင်ဗျား
ကျွန်တော်တို့ပါတီ ကိုယ်စားပြု ကျောင်းကုန်းမဲဆန္ဒနယ်မှ ဦးသိန်းထွန်း အပါအဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၄၃ ဦးက ၈-၂-၂ဝ၁၉ ရက်စွဲဖြင့် လက်မှတ်ရေးထိုးတင်ပြခဲ့ သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁ ကို ပြင်ဆင်ရန် ဥပဒေကြမ်းတင်သွင်း ခြင်းသည် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ အခန်း ၁၂၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်းအခန်း၌ ဖော်ပြထား သော ပုဒ်မ ၄၃၅ နှင့်အညီ လွှတ်တော် ကိုယ်စားလှယ်စုစုပေါင်းရာခိုင်နှုန်း ၂ဝ ၏သဘောထား ရယူတင်သွင်းခဲ့ခြင်း ဖြစ်ပါတယ်။
ယင်းကဲ့သို့ တင်သွင်းချက်များသည် ပြဋ္ဌာန်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်း များအတိုင်း ဖြစ်ပါတယ်။ ထို့ပြင် အခြေခံဥပဒေမှဆင့်ပွားထားသော ပြည် ထောင်စုလွှတ်တော် ဥပဒေ အခန်း ၁၁၊ ဥပဒေ ၆၉၊ နည်းဥပဒေ အခန်း ၁၈၊ နည်းဥပဒေ(၁၃၃)နှင့်အညီတင်သွင်းလာ သည့်မူကြမ်းဖြစ်၍ ပြည်ထောင်စု လွှတ် တော်နည်းဥပဒေ(၁၃၄)အရ လွှတ်တော် နာယကမှ လွှတ်တော်အစည်းအဝေး၏ အဆုံးအဖြတ်ကို ရယူရမှာဖြစ်ပါတယ်။
ထိုသို့ ပြင်ဆင်ရန် ဥပဒေကြမ်းကို လည်း ပြည်ထောင်စုလွှတ်တော်နည်း ဥပဒေ (၁၃၆) နှင့်အညီ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်သည့် ဥပဒေမူကြမ်းကို စတင်ဆွေးနွေးခြင်းမပြုမီ ယင်းဥပဒေမူ ကြမ်းနှင့် ပူးပေါင်းကော်မတီ၏ လေ့လာ စိစစ်ချက်တို့ကို လွှတ်တော်နာယက က သတ်မှတ်ထားသော နည်းလမ်းအတိုင်း လွှတ်တော်ကိုယ်စားလှယ်များထံ ပြည် ထောင်စုလွှတ်တော်ရုံးက ကြိုတင်ဝေငှ ထားရမည်ဟု ပြဋ္ဌာန်းပါရှိပါတယ်။
သို့သော်လည်း ထိုသို့ဥပဒေပြဋ္ဌာန်း ချက်များနှင့်အညီ တင်သွင်းထားသည့် ပုဒ်မ ၂၆၁ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ၅-၃-၂ဝ၁၉ ရက်နေ့တွင် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာစိစစ် တွေ့ရှိချက် သဘောထားမှတ်ချက်များ အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈) ခုနှစ် ပြင်ဆင်ရေးပူးပေါင်းကော်မတီ ၄၅ ဦး၏ လုပ်ငန်းစဉ်များတွင် တစ်ပါတည်း ဆောင်ရွက်သင့်ကြောင်း ပါရှိခဲ့ပြီးပူးပေါင်းကော်မတီဝင် ငါးဦးကလည်း လွှတ် တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့် အညီ ယင်းဥပဒေကြမ်းကို လွှတ်တော်တွင် ဆက်လက်ဆွေးနွေးသင့်ကြောင်း အဆိုပြု ခဲ့တာ တွေ့ရှိရပါတယ်။

၅-၃-၂ဝ၁၉ ရက်နေ့က ပြည်ထောင်စု လွှတ်တော်၏ အစီရင်ခံစာပါ ဆောင်ရွက် ချက်များအရ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၆၁ ပြင်ဆင်ရန် မူကြမ်းကို ၂ဝဝ၈ ဖွဲ့စည်း ပုံပြင်ဆင်ရေးပူးပေါင်းကော်မတီသို့ တစ်ပါ တည်း ထည့်သွင်းဆောင်ရွက်စေခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၅၊ ပြည် ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ (၁၃၅)ဖြင့် ကိုက်ညီမှုမရှိ၊ ကွဲလွဲဆန့်ကျင် နေပြီး၊ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးကို နှောင့် နှေးကြန့်ကြာအောင် ဆောင်ရွက်နေသည်ဟု သဘောရိုးဖြင့် ထင်မြင်ယူဆမိပါသည်။
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁ သည် တိုင်းဒေသကြီး ပြည်နယ်များ ၏အခွင့်အရေးများကို ဦးစားပေးဆောင်ရွက် နိုင်ရန် ဝန်ကြီးချုပ်ခန့်အပ်ခြင်းနှင့် သက်ဆိုင် သည့်ပုဒ်မဖြစ်သဖြင့် တိုင်းဒေသကြီး၊ ပြည် နယ်အသီးသီးမှ ပြင်ဆင်ရန် တိုင်းရင်းသား များ အထူးမျှော်လင့်တောင့်တနေသော ပုဒ်မ တစ်ခုဖြစ်ပါတယ်။
ပုဒ်မ ၂၆၁ ကို ပြင်ဆင်ရာတွင် ဖွဲ့စည်း ပုံအခြေခံဥပဒေပုဒ်မ ၄၃၆(ခ)ဖြင့်ပင် အလျင် အမြန်ပြင်ဆင်နိုင်ပါတယ်။ ထိုသို့ပြင်ဆင် ရာတွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အနှစ်သာရများကို ထိခိုက်မှုမရှိသည့်အပြင် လက်ရှိအစိုးရြေ<ွကးကြော်နေသော ဖက်ဒ ရယ် ပြည်ထောင်စုတည်ဆောက်ရေးမူနှင့် ကိုက်ညီနေကြောင်းကိုလည်း တွေ့ရှိရပါ တယ်။
ဤဥပဒေကြမ်းကိုဥပဒေနှင့်အညီ ဆက် လက်တင်သွင်းပြီး ပြင်ဆင်နိုင်ပါကအချိန်တို အတွင်း၌ပင် တိုင်းရင်းသားများ၏အခွင့် အရေးကို အကောင်အထည်ဖော်ဆောင်ရွက် နိုင်မည်ဖြစ်ပြီး မိမိတို့လက်ရှိတည်ဆောက် နေတဲ့ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံ သော ပြည်ထောင်စုအဖြစ် ဆောလျင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာဖြစ် သလို တိုင်းရင်းသားပြည်သူများ၏ ယုံ ကြည်မှုကို ရရှိလာမှာဖြစ်ခြင်းကြောင့် ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်များကိုများစွာအထောက် အကူပြုလိမ့်မည်လို့ ယုံကြည်ပါတယ်။
သို့ဖြစ်ပါ၍ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ဦးတည်ရှေ့ရှု၍ တိုင်းရင်း သားများ လိုလားတောင့်တနေသော ဒီမို ကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကြီးအဖြစ် တည်ဆောက်နိုင် ရေးအတွက် ဥပဒေကြမ်းပူးပေါင်းကော်မတီ ၏ အစီရင်ခံစာပါအချက်များသည် တည်ဆဲ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုလွှတ် တော်ဆိုင်ရာ နည်းဥပဒေများဖြင့် ကိုက်ညီ စေရန် အထူးသတိပြု အလေးထားဆောင် ရွက်သင့်ပါကြောင်းနှင့် တင်သွင်းထားသော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၂၆၁ ပြင်ဆင်ရန်ဥပဒေမူကြမ်းကို ဥပဒေနှင့် အညီ ပြည်ထောင်စုလွှတ်တော်မှာ ဆက်လက်၍ ဦးစားပေးပြင်ဆင်ဆွေးနွေးဆုံးဖြတ်သင့်ပါ ကြောင်း လေးစားစွာတိုက်တွန်းတင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။