images
UN
UN
ထိုင်းနိုင်ငံတွင် တောင်ယာမီးရှို့ခြင်းများကြောင့် တာချီလိတ်မြို့နယ်တွင် လေထုညစ်ညမ်းမှုမှာ အဆိုးရွားဆုံးဖြစ်
ဝိုင်ဝိုင် Thursday, 14 March 2019
ထိုင်းနိုင်ငံတွင် တောင်ယာမီးရှို့ခြင်းများကြောင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ်နှင့် မြန်မာနိုင်ငံ တာချီလိတ်မြို့နယ်တို့တွင် မီးခိုးများ၊ ပြာမှုန်များကြောင့် လေထုညစ်ညမ်းမှုမှာ အဆိုးရွားဆုံးအခြေအနေကို ရောက်ရှိနေသဖြင့် ယနေ့တွင် ခရိုင်/မြို့နယ်အဆင့် အုပ်ချုပ်ရေးနှင့်ကျန်းမာရေးအဖွဲ့များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက အများပြည်သူများအား နှာခေါင်းစည်းအခု ၁ဝဝဝဝ ကို အခမဲ့ပေးဝေခဲ့ကြကြောင်း သိရသည်။