images
UN
UN
အကြိမ်(၉ဝ)မြောက် အတုလဗုဒ္ဓမဟာစွယ်တော်မြတ်ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
လွှမ်းသီဟ (ဝါးခယ်မ) Thursday, 14 March 2019
နှစ်စဉ်ကျင်းပမြဲဖြစ်သော ဧရာဝတီတိုင်းဒေသကြီး မြောင်းမြ ခရိုင် ဝါးခယ်မမြို့နယ် ကျုံမငေး မြို့၏ ကျက်သရေဆောင် အတု လဗုဒ္ဓမဟာစွယ်တော်မြတ် ဗုဒ္ဓ ပူဇနိယဘုရားပွဲတော်ကို အကြိမ် (၉ဝ)မြောက်အဖြစ် ယခုလ ၁၇ ရက်မှစကာ စည်ကားသိုက်မြိုက် စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အတုလဗုဒ္ဓမဟာစွယ်တော် မြတ်ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကို နှစ်စဉ်တပေါင်းလဆန်း ၁၂ ရက်မှ တပေါင်းလပြည့်ကျော် ၄ အထိ ကျင်းပပြီး တရားပွဲများ၊ ကျုံမငေး မြို့မှ ကျောင်းသားကျောင်းသူ များ၏ ပဒေသာကပွဲ၊ ဗလာပွဲ ၊ ဇာတ်သဘင်များ၊ ပျော်ပွဲရွှင်ပွဲများ ထည့်သွင်းကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။
ယင်းနောက် ကျုံမငေးမြို့သူ၊ မြို့သားများ ကုသိုလ်သဒ္ဓါတရား ပွားများနိုင်စေရန် တပေါင်းလ ဆန်း ၁၄ ရက်တွင် အတုလဗုဒ္ဓ မဟာစွယ်တော်မြတ်အား ကျုံမငေး မြို့အတွင်းသို့ ဒေသစာရီလှည့် လည်အပူဇော်ခံမည်ဖြစ်ကြောင်း၊ တပေါင်းလပြည့်နေ့၌ ဆီမီးမျှော ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။