images
UN
UN
ပဲခူးတိုင်းဒေသကြီးင်္ီဗ မှရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် တောင်ငူနှင့်ဖြူးမြို့မဈေးတို့တွင် စစ်ဆေး
တင်စိုး(ပဲခူး) Thursday, 14 March 2019
ပဲခူးတိုင်းဒေသကြီး အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ခေတ္တတိုင်းဒေသကြီး ဦးစီးမှူးဒေါက်တာမြတ်မိုးကြည် ဦးဆောင်၍ ယမန်နေ့ နံနက်ပိုင်း က တောင်ငူနှင့်ဖြူး မြို့မဈေးတို့၌ ရောင်းချနေသော အစားအသောက် ပစ္စည်းများအား ရွေ့လျားဓာတ်ခွဲ ယာဉ်ဖြင့် သွားရောက်စစ်ဆေးခြင်း များပြုလုပ်ကြသည်။
ထိုသို့စစ်ဆေးမှုပြုလုပ်ရာတွင် ခေတ္တတိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာမြတ်မိုးကြည်နှင့်အတူ သက်ဆိုင်ရာမြို့နယ်များမှ အစား အသောက်နှင့်ဆေးဝါးကြီးကြပ် ကွပ်ကဲရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များပူးပေါင်းပါဝင်ပြီး ဈေး ကွက်ထောက်လှမ်းစစ်ဆေးခြင်း၊ ကျပန်းနမူနာကောက်ယူခြင်း၊ ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် ချက် ချင်းစစ်ဆေးခြင်းများ ပြုလုပ်ကြ ကြောင်း သိရသည်။
ခေတ္တတိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာမြတ်မိုးကြည်နှင့်အဖွဲ့သည် တောင်ငူနှင့်ဖြူး မြို့မဈေးအတွင်း၌ ရောင်းချနေသောအစားအသောက် နမူနာအမျိုး(၄ဝ)အားကောက်ယူပြီး ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် နမူနာ ၂၁မျိုးအား ချက်ချင်းစစ်ဆေးရာခံ တက်ချဉ်နှင့်တမာချဉ်တို့တွင် ခွင့်မ ပြုဓာတုတာရှည်ခံပစ္စည်း SALY- SALIC ACID ပါဝင်ကြောင်း စစ် ဆေးတွေ့ရှိရသဖြင့်ရောင်းချသူများ အား ခံဝန်ကတိရေးထိုးစေခြင်း၊ ရောင်းချပစ္စည်းများအား သိမ်း ဆည်းဖျက်ဆီးခြင်းပြုလုပ်ခဲ့ပြီး ကျန်နမူနာ ၁၉ မျိုးအား ခွင့်မပြု ဓာတုဆိုးဆေးများ ပါဝင်မှုရှိ/မရှိ စစ်ဆေးရန်အတွက် ပဲခူးတိုင်း ဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနဓာတ် ခွဲခန်းသို့ ယူဆောင်လာကြောင်း သိရသည်။