images
UN
UN
သတင်း
မောင်စိမ့်စမ်း(ဇလွန်) Thursday, 14 March 2019
* အသံလွှင့်ဌာန ဟိုးပြည်ပက
သတင်းသမား ခရီးသွားငဲ့။
* နိုင်ငံတကာ မျက်နှာစာနှင့်
ကမ္ဘာတစ်လွှား ထင်ယောင်မှားသည့်
အမှားသတင်း ယိုးစွပ်ခြင်းများ
ကင်းရှင်းစေရန် စိတ်ထားမှန်ဖြင့်
အမှန်သတင်းလွှင့်စေချင်။
* သတင်းဌာနဟူသည်
ပြည်သူ၏နား မျက်စိများဟု
ယုံစားခံယူ တို့ပြည်သူကို
ငြူစူငြိုးထား အမုန်းပွား၍
လှည့်စားလွှင့်ထုတ် အကြံယုတ်ဖြင့်
မဟုတ်သတင်း ဖြန့်ခြင်းလား။
* ပြည်တွင်းအရေး တို့အရေး၌
ရှုပ်ထွေးနှောင့်ယှက် ဝင်စွက်ဖက်ကာ
ငဲ့ကွက်မထောက် ဆိုရေးရောက်က
ချောက်ချလွှင့်ထုတ် အကျိုးယုတ်အောင်
မဟုတ်မမှန် ကောက်ကျစ်ဉာဏ်ဖြင့်
လုပ်ကြံသတင်းဖြန့်ခြင်းလား။
* မဟုတ်သည်ကို ဟုတ်ယောင်ဆို၍
ရန်လိုပြစ်ရှာ ထိပါးလာလျှင်
အလွှာပေါင်းစုံ လူမျိုးစုံက
တုံ့ပြန်ချေပ ကြရမည်။
* အရပ်ရပ်က
ဖြစ်ရပ်အမှန် ပြည်သူ့ထံသို့
မှန်ကန်တိကျ ရောက်ရှိမှသာ
သတင်းအမှန် တို့လက်ခံမည်
ဝေဖန်ဆန်းစစ်ကြရမည်။