images
UN
UN
၂ဝ၁၉ ခုနှစ်မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင် ပါဝင်မည့်အကယ်ဒမီအကူများနှင့်တွေ့ဆုံခြင်း
ဒဂုံဝေလင်း Friday, 15 March 2019
မတ်လ၂၃ရက်တွင်ကျင်းပမည့် မြန်မာရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ယခင်က အကယ်ဒမီဗန်းကိုင်အဖြစ်လည်းကောင်း၊ ထို့နောက် ရွှေကြိုဟုသတ်မှတ်ကြသော လူငယ်လူရွယ်တက်သစ်စအနုပညာရှင်လေးများကို ယခု ၂ဝ၁၉ ခုနှစ်တွင် အကယ်ဒမီ အကူဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး(ဗဟို) အကယ်ဒမီရွေးချယ်ရေးအဖွဲ့ကနေ သတ်မှတ်လိုက်ကြောင်းသိရပြီး အနုပညာရှင်အလွှာအသီးသီးမှ သားသမီးများကို ရွေးချယ်ခန့်အပ်ခဲ့ကြောင်း သိရသည်။
အကယ်ဒမီအကူအုပ်သာကျော်
(နေမင်း၏တူ)
ကျွန်တော်ကတော့ ကိုနေမင်းရဲ့တူပါ မျိုးဆက်သစ်အဖြစ်ပါဝင် ဖြစ်တာပါ။အကယ်ဒမီအကူမောင်အဖြစ်နဲ့ပါဝင်ရလို့ အရမ်းလည်းဝမ်းသာပါတယ်။ကိုယ်နဲ့ ရင်းနှီးပြီးသား အနုပညာမောင်နှမတွေကို ကိုယ်ကဝိုင်းဝန်းကူညီရမှာမို့ အရမ်းကို ပျော်ပါတယ်။ အနုပညာလျှောက်လှမ်း နေကျထက် ပိုပြီးတော့ သတိထားမိမယ် လို့ ထင်ပါတယ်။ တစ်နိုင်ငံလုံးက ကြည့် နေမယ့်ပွဲမှာ ပါဝင်ရတာမို့ အမှားအယွင်း တွေ မရှိအောင်ကြိုးစားလုပ်ဆောင်သွား မှာပါ။အကယ်ဒမီအကူမောင်မယ်မို့ အခွင့် အလန်းတွေ ပိုရလာမယ်လို့ရှိပါတယ်။
အကယ်ဒမီအကူမောင်မင်းသန့်ကိုကို
(မင်းသူ၏သား)
''ကျွန်တော်ကတော့ သရုပ်ဆောင် မင်းသူရဲ့သားပါ။ပါဝင်ဖြစ်တာကတော့ အဖေက ဇာတ်လမ်းတွဲရိုက်ကူးချိန်မှာ ဦးရန်လေးနဲ့ ကားရိုက်ဆုံတော့ အကယ် ဒမီအကူ မောင်လျှောက်ရတယ်ဆိုတာ သိခဲ့ပါတယ်။ ကျွန်တော့်ကို အဖေက ရှုတင်ကို ခေါ်လေ့ခေါ်ထမရှိခဲ့ပါဘူး။ ကိုယ်တိုင်အကယ်ဒမီပေးပွဲတက်ရမှာမို့ တော်တော်လေးကို စိတ်လှုပ်ရှားနေပါ တယ်။ အနုပညာနဲ့ပတ်သက်တာတော့ ဘာမှ မလုပ်ဖြစ်ပါဘူး။ နောက်ပိုင်းအနု ပညာအလုပ်တွေလုပ်ဆောင်ဖို့ ကြိုးစား ကြည့်ပါမယ်။ ခုတော့ ကျွန်တော် ကြော်ငြာတော့ စရိုက်ကြည့်ဖြစ်ပါတယ်။
အကယ်ဒမီအကူမောင်ထက်လင်းအောင်
(နေထက်လင်း၏သား)
ကျွန်တော်ကတော့ သရုပ်ဆောင် နေထက်လင်းရဲ့သားဖြစ်ပါတယ်။အကယ် ဒမီအကူမောင်နေရာက ပထမဆုံးပါဝင် ခွင့်ရလို့အရမ်းကို စိတ်လှုပ်ရှားပါတယ်။ အရမ်းလည်းပျော်ပါတယ်။အရင်ကတော့ အဝေးကနေ ကြည့်နေရတဲ့ပရိသတ်တစ် ယောက်ပေါ့။ အခုက ကိုယ်အကြိုက် Idol တွေကို ပေးမဲ့ဆု သယ်ပေးရမယ် ဆိုတော့ စိတ်လှုပ်ရှားပြီး ပျော်မိတယ်။ အဖေကတော့ မင်းသားဖြစ်စေချင်တယ်။ကိုယ်တိုင်လည်း မင်းသားဖြစ်ချင်တော့ အဖေရဲ့ အိပ်မက်နဲ့ကိုယ့်ရဲ့အိပ်မက်ကထပ် တူကျပါတယ်။
အကယ်ဒမီအကူသဇင်ထူးမြင့်
(ခင်လှိုင်သမီး)
ညီမက ဦးခင်လှိုင်ရဲ့သမီး သဇင် ထူးမြင့်ပါ။ တာဝန်ကတော့ အရမ်းကြီး တယ်။ အရမ်းလေးနက်တဲ့ဆုတစ်ဆုကို ကိုင်ရမှာဆိုတော့၊ အရမ်းဂုဏ်ယူပါ တယ်။နိုင်ငံတော်အဆင့်လုပ်တဲ့ အကယ်ဒမီ ဆုပေးပွဲမှာ အခုလိုပါဝင်ဖို့က အိပ်မက် တော့မမက်ခဲ့ပါဘူး။ ညီမနဲ့ကလည်း သတ်သတ်ကြီးဖြစ်နေတာလေ။ အရင်က သွားလျှောက်ရတာ အခုကတော့ အနု ပညာရှင်တွေရဲ့မျိုးဆက်တွေကို လုပ်ခိုင်း တာလေဒီလိုပွဲကြီးမှာ ပါဖို့ကမ်းလှမ်းခံရ တာဆိုတော့ ဂုဏ်ယူရပါတယ်။ညီမတို့ ကူညီပေးမဲ့ အကယ်ဒမီနှစ်မှာကောင်းတဲ့ အနုပညာရှင်အတတ်ပညာရှင်တွေအားလုံး ကိုရစေချင်ပါတယ်။
အကယ်ဒမီအကူ မေတိုးခိုင်
(အိန္ဒြာကျော်ဇင်တူမ)
ညီမကတော့ အိန္ဒြာကျော်ဇင်ရဲ့ တူမ မေတိုးခိုင်ပါ။ ဒီနှစ်ထဲမှာ အနုပညာရှင် တွေရဲ့မျိုးဆက်သစ်တွေ ရွေးချယ်တာမို့ လာပြီးလျှောက်တာ အရွေးချယ်ခံရလို့ အတိုင်းမသိဝမ်းသာမိပါတယ်။အရင်က တော့ အကယ်ဒမီပေးပွဲမှာရွှေကြိုလေးတွေ ထွက်လာတာတွေ့ရင်ကိုယ်တိုင်လည်း အားကျခဲ့တယ်။ ကိုယ်တိုင်လည်း အခု ဒီအထဲက တစ်ယောက်ဖြစ်ပြီးတော့ စင်မြင့်ပေါ်မှာပါဝင်ရမှာမို့ ပျော်ပါတယ်။ ကိုယ်တိုင်လည်း သရုပ်ဆောင်အလုပ်တွေ လုပ်ပေမယ့် အသစ်တစ်ယောက်လိုပဲ ခံယူထားပါတယ်။ အနုပညာအလုပ်က တော့ SkyNet က လွှင့်မယ့်ရုပ်ရှင် ကားမှာပါဝင် သရုပ်ဆောင်ဖို့ရှိပါတယ်။