images
UN
UN
ထပ်ဆင့်အကယ်ဒမီ မို့မို့မြင့်အောင်ရဲ့ ငယ်ဘဝကို ပုံဖော်လိုက်တဲ့ ခင်ဝင့်ဝါ
ဒဂုံဝေလင်း Friday, 15 March 2019
ဒါရိုက်တာဝိုင်းရဲ့ သင်ကြား မှုတွေနဲ့ အကောင်းဆုံး သရုပ် ဆောင်ခဲ့တဲ့ ''လှပ်၍လွင့်သော'' ရုပ်ရှင်ကားကြီးထဲက ကြည်ပြာ ကာရိုက်တာနဲ့ သရုပ်ဆောင် ခင် ဝင့်ဝါကို တွေ့မြင်ရဦးမည်ဖြစ် သည်။
''ဒီဇာတ်ကားလာကမ်းလှမ်း တဲ့အချိန်မှာ မေမွှေး (မို့မို့မြင် အောင်)ငယ်ဘဝကို သရုပ်ဆောင် ရမယ်ဆိုတော့ အရမ်းလည်း ကြောက်တယ်။ အရမ်းလည်းတုန် လှုပ်တယ်။ တာဝန်လည်း အရမ်း ကြီးတယ်။ မေမွှေးငယ်ဘဝသရုပ် ဆောင်တာ ပီပြင်လား မပီပြင်ဘူး လား ပြောမှာ အရမ်းကြောက် တယ်။ မေမွှေးက သမီးကြိုးစား ပေါ့နော်။ မေမွှေးရဲ့ငယ်ဘဝအများ ဆုံးက သမီးပါတာဖြစ်တဲ့အတွက် သမီးရဲ့ဇာတ်ဝင်ခန်းတွေက ပိုများ တယ်တဲ့။ မေမွှေးပြောလိုက်တဲ့ စကားတစ်ခွန်းက ခြေလှမ်းတိုင်း မှာ အိုက်တင်ရှိတယ်တဲ့။ ဘေး ကနေပဲ ရိုက်ရိုက်၊ နောက်ကနေပဲ ရိုက်ရိုက် သမီးမျက်နှာမပါဘူး ဆိုပေမယ့် အိုက်တင်မလုပ်ရဘူး လို့တော့ မခံယူထားနဲ့ပေါ့ အား ပေးတယ်။
ညီမအတွက် ပညာလည်း တော်တော်ရပါတယ်။ မေမွှေးပြော လိုက်တဲ့ ခြေလှမ်းတိုင်းမှာ အိုက် တင်ရှိတယ်ဆိုတာက ခြေထောက် ရဲ့Body Movement တွေကအစ အိုက်တင်လုပ်ရမယ်ပေါ့နော်။အမှတ် တရဆိုတာထက် ညီမအတွက်မှတ် တိုင်တစ်ခုဖြစ်ခဲ့တယ်''ဟု ပြောပါ တယ်။