images
UN
UN
ဒီမိုကရေစီအပြောင်းအလဲမှာ မသေချာမရေရာနိုင်သည့်ကိစ္စများကို အာရုံမစိုက်ပါနှင့် အကျိုးရလဒ်သေချာပေါက် ရနိုင်မည့်ကိစ္စကိုသာ ဥပဒေနှင့်အညီ အာရုံစိုက်ပါ
မျိုးဇာနည် Friday, 15 March 2019
နိုင်ငံတော် အချုပ်အခြာအာဏာ သည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံးတွင် တည်သည် ဟူ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခြေခံ ရမည့်မူများထဲတွင် သတ်မှတ်ပြဋ္ဌာန်း ထားပါသည်။ အချုပ်အခြာအာဏာသည် လူထုထံ၌ရှိပြီး လူထုထံတွင် တည်ရ သည်။ ထိုအာဏာကို လူထုထံမှ ခံယူပြီး ဥပဒေပြုအစိုးရ၊ အုပ်ချုပ်ရေးအစိုးရ၊ တရားစီရင်ရေး အစိုးရများသည် လူထု ကိုယ်စား အာဏာကို သုံးစွဲရသည်။
နိုင်ငံတော်ကို ဖွဲ့စည်းအုပ်ချုပ်ခဲ့ကြ ရာတွင် အချုပ်အခြာအာဏာကိုသုံးပိုင်းခွဲ ကာ အာဏာသုံးရပ်ဖြင့် ကဏ္ဍသုံးရပ်ခွဲ ပြီး အုပ်ချုပ်လေ့ရှိသည်။ ယင်းအာဏာ သုံးရပ်ဆိုသည်မှာ -
(၁) ဥပဒေပြုရေးအာဏာ(Legislative Power)
(၂) တရားစီရင်ရေးအာဏာ(Judi-cal Power) နှင့်
(၃) စီမံခန့်ခွဲရေး (အုပ်ချုပ်ရေး) အာဏာ၊(Executive Power)
ဟူ၍ဖြစ်သည်။
အချုပ်အခြာအာဏာသည် နိုင်ငံ တစ်နိုင်ငံအတွင်း အမြင့်ဆုံးအာဏာ ဖြစ်ရသည်။ ပိုင်းခြား၍လည်းမရ၊ ကန့် သတ်၍လည်းမရသည့် အချုပ်အခြာ အာဏာဖြစ်သည်။
အချုပ်အခြာအာဏာနှင့် တွဲသုံးလေ့ရှိ သည့် စကားလုံးမှာ လွတ်လပ်သော ဆိုသည့် စကားလုံးဖြစ်သည်။ 'လွတ် လပ်သောအချုပ်အခြာအာဏာပိုင်နိုင်ငံ' ဟူ၍ သုံးလေ့ရှိသည်။ နိုင်ငံတစ်နိုင်ငံတွင် လွတ်လပ်မှုမရှိဘဲ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု မရှိနိုင်ပါ။ ထို့ပြင် ပြည်တွင်း အချုပ်အခြာအာဏာပိုင်မှုကို လွှမ်းမိုးထား ခြင်းခံနေရပါကလည်း လွတ်လပ်မှုရှိ သည်ဟု မဆိုနိုင်ပါ။
သို့ဖြစ်ရာ နိုင်ငံတစ်နိုင်ငံသည် လွတ် လပ်သည်ဟု ဆိုနိုင်ရန်အတွက် မိမိကိုယ် ပိုင်ဆုံးဖြတ်ပိုင်ခွင့်(Self determination Principle) အရရပ်တည်နိုင်မှသာ ပြည် တွင်း ပြည်ပလွတ်လပ်သော နိုင်ငံတစ် နိုင်ငံဖြစ်သည်ဟု ဆိုနိုင်ပါသည်။
နိုင်ငံတစ်နိုင်ငံတွင် လွတ်လပ်မှုကို ဥပဒေသဘောအရသာမက နိုင်ငံရေးနှင့် စီးပွားရေးအရလည်း လွတ်လပ်မှသာ စစ်မှန်ပြည့်ဝသော လွတ်လပ်မှုဟုဆိုနိုင် ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ရည် ရွယ်ချက်သည် အစိုးရက ပြည်သူလူထု ၏ အခွင့်အရေးကို မချိုးဖောက်နိုင်ရေး အတွက် ကာကွယ်ရန်ဖြစ်သည်။ ထို့ ကြောင့် အခြေခံဥပဒေတစ်ရပ်သည် တိကျ ပြတ်သားရန်လိုပါသည်။နိုင်ငံ၏အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလများကို မျှော် တွေးပြီး ဖွဲ့စည်းထားသော ဥပဒေဖြစ်ရ ပါမည်။ ပြည်သူလူထုအခွင့်အရေးကို ကာကွယ်ရန်အတွက်လည်း အခြေခံ ဥပဒေကို ကျင့်သုံးသည့်နိုင်ငံတိုင်းတွင် အမြဲစောင့်ကြည့်နေရန်လိုပါသည်။ အစိုး ရ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက် ပြီး ဝေဖန်သုံးသပ်နိုင်သူများ၊ ဝေဖန် သုံးသပ်ပိုင်ခွင့်များလည်း ရှိရန်လိုသည်။ ထို့ပြင် နိုင်ငံရေးအသိတရားများရှိရန် လိုသေးသည်။ ဤအချက်များနှင့် မပြည့် စုံသည့် နိုင်ငံတွင် တက်လာသော အစိုးရ ၏ လှည့်စားခြင်းကို ပြည်သူများခံကြ ရမည်သာဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်၏ ရည်ရွယ်ချက်သည် အစိုးရက ပြည်သူ လူထုအခွင့်အရေးကို မချိုးဖောက်နိုင် ရန်အတွက် ကာကွယ်ရန်ဖြစ်သည်။ ပါတီတစ်ဖွဲ့ အဖွဲ့အစည်းတစ်ခု ခေါင်း ဆောင်တစ်ဦး၏ ဆန္ဒဖြင့် လိုက်ပါဆောင် ရွက်ခြင်း ဥပဒေကိုပြင်ဆင်သည့် အခွင့် ကောင်းကိုရယူပြီး ပြင်ဆင်ခြင်းတို့သည် တိကျပြတ်သားမှုမရှိ ရှုပ်ထွေးကာ အစိုးရ အပေါ် ပြည်သူတို့အကြည်အညိုပျက်စေ နိုင်သည့်အပြင် နိုင်ငံ၏အနာဂတ်တွင် လည်း ထိခိုက်စေနိုင်ပါသည်။
ယခုအခါ မြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်) ကို အသစ် ပြန်ရေးကြရန် ပြင်ဆင်ကြရန်ဆိုသည့် အကြောင်းအရာနှင့် ပတ်သက်ပြီး ပြော ဆိုဝေဖန်မှုများ ကြားသိနေရသည်။ ဤ သည်နှင့် ပတ်သက်ပြီး ဥပဒေပညာရှင် များ၏ အမြင်ကိုဖော်ပြလိုပါသည်။
ဥပဒေပညာရှင် တစ်ဦးဖြစ်သည့် ဦးသောင်းညွန့်ကသူ၏အမြင်ကိုအောက်ပါ တိုင်းဆိုပါသည်-
''တချို့ပညာရှင်တွေ၊ တချို့နိုင်ငံရေး ပါတီတွေ တချို့ပုဂ္ဂိုလ်တွေဟာ ဒီအခြေခံ ဥပဒေကို အသစ်ရေးဆွဲဖို့လိုတယ်။ ဒါမှ မဟုတ် ပြင်ဆင်ဖို့လိုတယ် စသည်ဖြင့် အဲဒီလိုဆွေးနွေးကြတဲ့အနေအထားမှာ အင်္ဂလိပ်လိုပြောရင် Premature ပေါ့လေ၊ သိပ်များစောလွန်းမနေဘူးလား၊ ဘာလို့ လဲ၊ ကျွန်တော်တို့က ဒီမိုကရေစီကျင့်စဉ် နဲ့ပတ်သက်လို့ အလှမ်းကွာခဲ့တာက ၁၉၆၂ ခုနှစ်ကနေပြီး ၂ဝ၁ဝ ပြည့်နှစ်ထိ အောင် အလှမ်းကွာခဲ့တယ်။
ဒီကာလ အတွင်းမှာ ဒီမိုကရေစီကျင့်စဉ်ကို ကျင့် သုံးခဲ့ရတဲ့ အခြေအနေမရှိပါဘူး။ ဒီတော့ ဒီအခြေအနေလေးမှာ အတိုင်းအတာတစ် ခုထိအောင် ဒီအခြေခံဥပဒေကိုလက်တွေ့ ကျင့်သုံးပြီးတော့မှ လိုအပ်တဲ့ပြင်ဆင်ဖို့ သင့်တယ်ဆိုလို့ရှိရင်လည်း ပြင်ဆင်ဖို့ သင့်တဲ့ကိစ္စလေးတွေကို အားလုံးညှိညှိ နှိုင်းနှိုင်း တိုင်တိုင်ပင်ပင်နဲ့ စိတ်ရှည်လက် ရှည်နဲ့ ဆောင်ရွက်ကြမယ်ဆိုရင် ပြည်သူ တွေမျှော်မှန်းတဲ့ နိုင်ငံတော်ကို ဒီမိုကရေ စီနိုင်ငံဖြစ်ဖို့ဆိုတဲ့ ပန်းတိုင်သည် အေး အေးဆေးဆေး တည်တည်ငြိမ်ငြိမ် ညင် ညင်သာသာလေးနဲ့ ရောက်သွားလိမ့်မယ် လို့ ပြောချင်ပါတယ်''ဒေါက်တာ မနန်တူးဂျာ(သွားဘက် ဆိုင်ရာဆရာဝန်၊ မိုးညှင်းမြို့နယ်)က လည်း အခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်) နှင့်စပ်လျဉ်းပြီး သူ၏အမြင်ကိုအောက်ပါ အတိုင်းဆိုပါသည်-
လက်ရှိ ၂ဝဝ၈ အခြေခံဥပဒေတည် ဆောက်ပုံက ပြည်ထောင်စုစနစ် ပုံစံဖြစ် တယ်လို့ မြင်တယ်။ ဘာ့ကြောင့်လဲဆို ရင် ဒီအခြေခံဥပဒေမှာ အခြေခံဥပဒေတွေ ရဲ့ အခရာဖြစ်တဲ့ အာဏာမဏ္ဍိုင်သုံးရပ် ဖြစ်တဲ့ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေး အာဏာနဲ့ တရားစီရင်ရေးအာဏာသုံးရပ် စလုံးကို ပြဋ္ဌာန်းထားတယ်။ ပြီးရင် ပြည် နယ်နဲ့ တိုင်းဒေသကြီးတွေကိုလည်း ခွဲ ဝေပေးထားတာတွေ့ရတယ်။ ဆွေးနွေး ချင်တာတစ်ခုက လက်ရှိအခြေခံဥပဒေ ဟာ လွန်ခဲ့တဲ့အခြေခံဥပဒေ ၁၉၇၄ ခုနှစ် အခြေခံဥပဒေများထက် သာလွန်တဲ့ အချက်တွေလည်း ရှိပါတယ်။
အခုလက်ရှိအခြေခံဥပဒေဟာ တိုင်း ရင်းသားတွေရဲ့ အခွင့်အရေးလည်း ယခင်အခြေခံနှစ်ခုထက် ပိုမိုပေးထားတာ တွေ့ရပါတယ်။ ဥပမာပြောရမယ်ဆိုရင် ခုနတင်ပြခဲ့သလို ဒီပြည်နယ်တွေမှာ လွှတ်တော်ဆိုတာလည်း ရှိပါတယ်။ ပြီး ရင် ဝန်ကြီးချုပ် ဦးဆောင်တဲ့ ပြည်နယ် အစိုးရဆိုတာလည်း သတ်သတ်မှတ်မှတ် ဖွဲ့စည်းထားတာရှိတယ်။
တိုင်းရင်းသားအခွင့်အရေးမှာ ယခင် ပြဋ္ဌာန်းခဲ့တဲ့၊ သုံးစွဲခဲ့တဲ့အခြေခံဥပဒေများ မှာ မပါတဲ့ တိုင်းရင်းသားအခွင့်အရေး တစ်ရပ်လို့ ဆိုလိုရတဲ့အချက်တစ်ခု ဒီ လက်ရှိအခြေခံဥပဒေမှာ ပါနေတယ်။ အဲဒါဘာလဲဆို တိုင်းရင်းသားရေးရာ ဝန်ကြီးခန့်အပ်နိုင်တဲ့အချက်တစ်ခုဖြစ်ပါ တယ်။ ဒါလည်း ထူးခြားတဲ့ တိုင်းရင်း သားအခွင့်အရေးတစ်ရပ်လို့ မှတ်ယူလို့ရ ပါတယ်။
အလားတူပဲ ပြည်နယ်မှာနေထိုင်ကြ တဲ့ တိုင်းရင်းသားတွေထဲက ပြည်နယ် မရရှိခဲ့တဲ့ တိုင်းရင်းသားတွေအနေနဲ့ မိမိ တို့နေထိုင်ကြတဲ့ ပြည်နယ်တွေမှာ ကိုယ် ပိုင်အုပ်ချုပ်ရေး တိုင်း(သို့မဟုတ်) ကိုယ် ပိုင်အုပ်ချုပ်ရေးဒေသတွေကို သတ်မှတ် ဖွဲ့စည်းပေးထားတာကို တွေ့ရပါတယ်။ ဒါတွေဟာ ကျွန်တော်တို့လက်ရှိ သုံးစွဲ နေတဲ့အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ တိုင်းရင်းသားများရဲ့ အခွင့်အရေးတွေ ဖြစ်တယ်လို့ ကျွန်တော်မြင်ပါတယ်။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ပတ်သက်ပြီး ဆွေးနွေးရမယ်ဆိုရင် အခုလက်ရှိမှာ လည်း ပြည်နယ်နှင့် တိုင်းဥပဒေပြုရေး အာဏာတွေပေးထားပါတယ်။ လွှတ် တော်တွေရှိပါတယ်။ နောက်ပြီးတော့ ဒီဥပဒေပြုရေးအာဏာတွေကို ဒီထက် မက ပိုပြီးတိုးပေးလိုက်မယ်ဆိုရင် အများ ပြည်သူတွေ လိုလားတောင့်တနေတဲ့ အဆင့်ကိုရောက်တယ်လို့ ကျွန်တော်မြင် ပါတယ်။
ကျွန်တော်တို့လက်ရှိဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ လိုအပ်သလို တဖြည်းဖြည်း ချင်းပြုပြင်သွားမယ်ဆိုရင် နောင်တစ်ချိန် မှာ ကျွန်တော်တို့လိုလားတောင့်တနေတဲ့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုအဆင့် ကို ရောက်ရှိသွားနိုင်ပါတယ်လို့ ကျွန် တော်အခိုင်အမာယုံကြည်တယ်။
ဒေါက်တာအင်ဒရူးငွန်ကျုံးလျန်(ဖွဲ့ စည်းပုံအခြေခံဥပဒေဘာသာရပ်နှင့်ဥပဒေ ပါရဂူဘွဲ့ရ(အမေရိကန်)၊ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းဗဟို ဌာနဥပဒေအကြံပေးက အခြေခံဥပဒေ (၂ဝဝ၈ခုနှစ်)နှင့်စပ်လျဉ်းပြီး အောက်ပါ အတိုင်းဆိုပါသည်။
၂ဝဝ၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဟာ ဖက်ဒရယ်စနစ်ဒါမှမဟုတ် ဖက်ဒ ရယ်မူလို့ ပြောလို့ရမယ့်လက္ခဏာအချက် ငါးချက်ကို အခြေခံထားတာ ကျွန်တော် နည်းနည်းပြောလိုပါတယ်။

ပထမအချက်က စာနဲ့ရေးထားတဲ့ အခြေခံဥပဒေရှိပါတယ်။ အဲဒါ ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေဖြစ်ပါတယ်။
ဒုတိယအချက်က အစိုးရနှစ်ခု၊ ပြည် ထောင်စုနဲ့တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်ဆိုတဲ့အစိုးရကို ဖန်တီးပေးထား ပါတယ်။
ယမန်နေ့မှအဆက်
တတိယတစ်ချက်က ပြည်သူ့ထံက နေ ဆင်းသက်လာတဲ့အချုပ်အခြာအာဏာ ကြီးကို ခက်မကြီးသုံးဖြာနဲ့ ပိုင်းခြားထား ပါတယ်။ တရားစီရင်ရေးရှိတယ်။ အုပ် ချုပ်ရေးရှိတယ်။ ဥပဒေပြုရေးရှိပါတယ်။
စတုတ္ထအနေနဲ့ အခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုတွေ ဖြစ်လာတဲ့အခါမှာ သမာသမတ်ကျကျ ဖြေရှင်းပေးမယ့် အခြေခံဥပဒေဆိုင်ရာ ခုံရုံးလည်း ရှိပါ တယ်။
ပဉ္စမအနေနဲ့ လူဦးရေကိုအခြေမခံဘဲ ဒေသန္တရနဲ့မျိုးနွယ်စုတွေ ဒီအနေအထား တွေအခြေခံတဲ့ အမျိုးသားလွှတ်တော်ကို လည်း ဖွဲ့စည်းပေးထားပါတယ်။
(ဆက်လက်ဖော်ပြပါမည်)