images
UN
UN
ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တွင် မန်ယူနှင့်ဘာစီလိုနာတွေ့ဆုံ ယူရိုပါလိဂ်ကွာတားဖိုင်နယ်တွင် အာဆင်နယ်ပွဲကျပ်နေပြီး ချဲလ်ဆီးပွဲချောင်နေ
Friday, 15 March 2019
ယခုရာသီ ချန်ပီယံလိဂ်ကွာ တားဖိုင်နယ်ပွဲစဉ်များအတွက် မဲခွဲ ပွဲကို ယနေ့တွင် နိုင်ယွန်မြို့ရှိ ဥရောပဘောလုံးအဖွဲ့ချုပ်ရုံးတွင် ပြုလုပ်ခဲ့သည်။ ချန်ပီယံလိဂ်ကွာ တားဖိုင်နယ်အတွဲများ ထွက်ပေါ် လာရာတွင် မန်ယူသည် ဘာစီလို နာနှင့်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး လီဗာ ပူးနှင့် ပေါ်တို၊ ဂျူဗင်တပ်နှင့်အေ ဂျက်တို့ ယှဉ်ပြိုင်ရမည်ဖြစ်ကာ မန်စီးတီးနှင့်စပါးမှာ အင်္ဂလိပ် အသင်းအချင်းချင်း တွေ့ဆုံသည့်ပွဲ စဉ်အဖြစ် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
မန်ယူသည် ဥရောပပြိုင်ပွဲတွင် ဘာစီလိုနာနှင့် ရှစ်ကြိမ်တွေ့ဆုံခဲ့ ဖူးပြီး တစ်ကြိမ်သာအနိုင်ရကာ သုံးကြိမ် ရှုံးနိမ့်ခဲ့ဖူးသည်။ လီဗာပူး သည် ပေါ်တိုနှင့်စုစုပေါင်း ခြောက် ကြိမ်ယှဉ်ပြိုင်ခဲ့ဖူးပြီး ရှုံးပွဲမရှိခဲ့ဘဲ သုံးပွဲအနိုင်ရခဲ့သည်။အဆိုပါ ခြောက် ပွဲတွင် ၁၂ ဂိုးသွင်းနိုင်ခဲ့ပြီး နှစ်ဂိုး သာ ပေးခဲ့ရသည်။ဂျူဗင်တပ်သည် အေဂျက်နှင့် ၁၂ ကြိမ်တွေ့ဆုံခဲ့ဖူး ပြီး ခြောက်ပွဲနိုင်၊ လေးပွဲသရေကျ ကာ နှစ်ပွဲရှုံးခဲ့ဖူးသည်။ မန်စီးတီး သည် ဥရောပပြိုင်ပွဲ၌ အင်္ဂလိပ် အသင်းများနှင့် နှစ်ကြိမ်ယှဉ်ပြိုင်ခဲ့ ဖူးပြီး နှစ်ကြိမ်စလုံး ရလဒ်မကောင်း ခဲ့ဖူးသည့် မှတ်တမ်းရှိနေသည်။
ပထမအကျော့ပွဲစဉ်များကို ဧပြီ ၉ ရက်နှင့် ၁ဝ ရက်တွင် ယှဉ်ပြိုင် ရမည်ဖြစ်ပြီး အေဂျက်၊ လီဗာပူး၊ စပါးနှင့်မန်ယူတို့မှာ အိမ်ကွင်းတွင် ပထမအကျော့ပွဲစဉ်များယှဉ်ပြိုင်ရ မည်ဖြစ်သည်။ စပါးနှင့်မန်စီးတီး ပွဲစဉ်မှ အနိုင်ရသောအသင်းသည် အေဂျက်နှင့်ဂျူဗင်တပ်ပွဲစဉ်မှ အနိုင် ရသောအသင်းနှင့်ဆီမီးပွဲစဉ်ယှဉ် ပြိုင်ရမည်ဖြစ်ပြီး ဘာစီလိုနာနှင့် မန်ယူပွဲစဉ်မှ အနိုင်ရသောအသင်း သည် လီဗာပူးနှင့်ပေါ်တိုပွဲစဉ်မှ အနိုင်ရသောအသင်းနှင့် ဆီမီးပွဲစဉ် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ထို့နောက် ယူရိုပါလိဂ်ကွာတား ဖိုင်နယ်ပွဲစဉ်များကို ဆက်လက်မဲ ခွဲခဲ့ရာတွင် နာပိုလီနှင့်အာဆင်နယ်၊ ဗီလာရီးရဲလ်နှင့်ဗလန်စီယာ၊ ဘင် ဖီကာနှင့်ဖရန့်ဖတ်၊ ဆလားဗီးယား နှင့်ချဲလ်ဆီးတို့ ယှဉ်ပြိုင်ကြရမည် ဖြစ်သည်။ ယူရိုပါလိဂ်ကွာတား ဖိုင်နယ်ပထမအကျော့ကို ဧပြီ ၁၁ ရက်တွင် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဒုတိယအကျော့ကို ဧပြီ ၁၈ ရက် တွင် ဆက်လက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။ Ref ;UEFA