images
UN
UN
ယူရိုပါလိဂ်ဖလားကိုရယူရန် အမ်မရီ ပိုမိုစိတ်အားထက်သန်
Friday, 15 March 2019


အာဆင်နယ်နည်းပြအမ်မရီက ပရီးမီးယားလိဂ်တွင် အဆင့်လေး နေရာရယူ၍ ချန်ပီယံလိဂ်ဝင်ခွင့် ရခြင်းထက် ယူရိုပါလိဂ်ဖလားကို ရယူကာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိ ခြင်းကို ပိုမိုသဘောကျသည်ဟု ဖွင့်ဟလိုက်သည်။ အာဆင်နယ် သည် အိမ်ကွင်းတွင် ရန်းနက်စ် အား သုံးဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ ခြင်းကြောင့် နှစ်ကျော့ပေါင်းရလဒ် ၄-၃ ဂိုးဖြင့် ယူရိုပါလိဂ်ကွာတား ဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင် ခဲ့သည်။
ယူရိုပါလိဂ်ချန်ပီယံဖြစ်ပါက ချန်ပီယံလိဂ်ဝင်ခွင့်ကို ရရှိမည်ဖြစ် သောကြောင့် ပြည်တွင်းပြိုင်ပွဲတွင် အဆင့်လေးနေရာရရှိရန် ရုန်းကန် ခြင်းထက် ယူရိုပါလိဂ်ပြိုင်ပွဲကို ဦးစားပေးအဖြစ် ယှဉ်ပြိုင်နိုင်သည့် အနေအထားကို အမ်မရီက ဖွင့်ဟ လိုက်ခြင်းဖြစ်သည်။ ပြည်တွင်း ပြိုင်ပွဲတွင် အဆင့်လေးနေရာအတွင်း ဝင်ရန် အသင်းခြောက်သင်းအထိ ပြိုင်ဆိုင်နေရသောကြောင့် ယူရို ပါလိဂ်ပြိုင်ပွဲက ပိုမိုအခွင့်အရေး ရှိနေသည်ဟု ၄င်းက ပြောကြား ခဲ့သည်။ Ref ;Dailymail