images
UN
UN
အခြေခံဥပဒေကို ရိုးရိုးသားသားပြင်ဆင်ကြရန် ကြိုးပမ်းနေကြခြင်းလား၊၊ ကိုယ်ကျိုးသက်သက် ရှေးရှုသော ၅၉(စ)အရေးအခင်း ဖန်တီးခြင်းလား၊၊
တက္ကသိုလ်မြတ်သူ Friday, 15 March 2019
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ၁၉၉၃ခုနှစ် ဇန်နဝါရီလ ၉ရက်မှ ၂ဝဝ၇ခုနှစ် စက် တင်ဘာလ ၃ရက်နေ့အထိ လူထုလူတန်း စားစုံ၊ အလွှာစုံ၊ဒေသစုံ၊ တိုင်းရင်းသားစုံ ကိုယ်စားလှယ်တစ်ထောင်ကျော် အချိန် ယူဆွေးနွေး၊ ညှိနှိုင်း၊ ချမှတ်ပေးခဲ့သည့် အခြေခံမူများ၊ အသေးစိတ်အခြေခံရမည့် မူများဖြင့် ရေးဆွဲခဲ့ခြင်းဖြစ်သည်။ ထိုသို့ အမျိုးသားညီလာခံ ခေါ်ယူကျင်းပပြီး ချမှတ်ပေးသောမူများဖြင့် အခြေခံဥပဒေ အသစ်ကို ရေးဆွဲရန် ၁၉၉၂ခုနှစ်၊ ဇွန်လ ၂၃ ရက်၊ ၃ဝ ရက်၊ ဇူလိုင်လ ၇ ရက်နေ့ များတွင် တရားဝင်ရပ်တည်ဆဲနိုင်ငံရေး ပါတီ၁ဝခုနှင့် တပ်မတော်အစိုးရ(နဝတ) တို့ ဆွေးနွေးသဘောတူသည့်အတိုင်း အမျိုးသားညီလာခံကြီး ကျင်းပခဲ့ခြင်းဖြစ် သည်။
အမျိုးသားညီလာခံကိုယ်စားလှယ်အစု အဖွဲ့ရှစ်ခုစလုံးတွင်ပါဝင်သော တိုင်းရင်း သားလူမျိုးများကချည်း ဦးရေအားဖြင့် ခုနစ်ရာမကပါဝင်လေသည်။ ယင်းတိုင်း ရင်းသားကိုယ်စားလှယ်များသည် ရိုးသား ဖြူစင်သောသူများ ဖြစ်ကြသည်။ ဥပဒေ ချိုးဖောက်၍ အကျဉ်းကျ၊ ထောင်ချခံရ သူများ၊ နိုင်ငံတော်ကို သစ္စာဖောက်ဖျက် ပုန်ကန်နေဆဲသူများ၊ တိုင်းတစ်ပါးသို့ ထွက်ပြေးကပ်ရပ်စားသောက်ကာထမင်း ရှင်၊ ဒေါ်လာရှင်တို့အလိုကျ ကိုယ့်ပြည် တွင်းပြန်ခိုးဝင်ကာ မိုင်းထောင်၊ ဗုံးကွဲ သတ်ဖြတ်သူများမပါဝင်ပေ။ အခြားဖိတ် ကြားသင့်သော ကိုယ်စားလှယ်အစုအဖွဲ့ တွင် ပါဝင်သူများသည်ပင်လျှင် ဥပဒေ ဘောင်အတွင်း လိုလိုလားလား ပြန်ဝင် လာက မိမိတို့ဒေသ၊ မိမိတို့တိုင်းရင်း သားများနှင့်ပြည်ထောင်စုကြီးတစ်ခုလုံး ငြိမ်းချမ်း၊ တည်ငြိမ်၊ ဖွံ့ဖြိုးတိုးတက် အောင် ကြိုးပမ်းနေကြသည့် တိုင်းရင်း သား ငြိမ်းချမ်းရေးအဖွဲ့များပါဝင်သည်။ ပြည်ထောင်စုမှ ခွဲထွက်ရေး တောင်းဆို တင်ပြသူများ မပါဝင်ခဲ့ပါပေ။
၁၉၉၃ ခုနှစ်တွင် NLD အထွေထွေ အတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးသူ များအန္တရာယ်မှ ကာကွယ်သည့်ဥပဒေ အရ နေအိမ်တွင် ကန့်သတ်မိန့်ထုတ်ပြန် ထားချိန်ဖြစ်၍ ပါတီဥက္ကဋ္ဌဦးအောင်ရွှေက ပင် ဒေါ်အောင်ဆန်းစုကြည်၏ထိပ်တိုက် ရင်ဆိုင်ဆန့်ကျင်လှုပ်ရှားမှုများကြောင့် NLD ပါတီကို မတရားအသင်းကြေညာ ခံရမည်စိုးရိမ်လာကာ ဒေါ်စုကြည်အား NLD မှ ထုတ်ပယ်ကြောင်း ကြေညာခဲ့ သည်။ အခြေခံဥပဒေသစ် ရေးဆွဲရေး အတွက် ပါတီ ၁ဝခုနှင့် နဝတတို့ ၁၉၉၂ ခုနှစ် ဇွန်၊ ဇူလိုင်ညှိနှိုင်းပွဲသို့ NLD ပါတီ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်တက်ခဲ့ သည်။ အမျိုးသားညီလာခံခေါ်ယူကျင်းပ မူချပြီး ထိုမူများဖြင့် အခြေခံဥပဒေရေး ဆွဲရန် သဘောတူခဲ့သည်။ ထိုစဉ်က ၁ဝ ပါတီဆိုရာ၌ NLD ၊ တစညတို့မှာ ပါတီကြီးများဖြစ်ပြီး ကျန်ပါတီများမှာ တိုင်းရင်းသားပါတီများဖြစ်ကြသည်။ ရှမ်း NLD မှ ဦးခွန်ထွန်းဦးနှင့် အဖွဲ့လည်း တက်ကြသည်။
အကြိုညှိနှိုင်းသဘောတူ ဆုံးဖြတ် ချက်အရ ၉-၁-၉၃ ရက်နေ့တွင် အမျိုး သားညီလာခံ စတင်ကျင်းပသောအခါ NLD ဥက္ကဋ္ဌကြီး ဦးအောင်ရွှေနှင့် ပါတီ ကိုယ်စားလှယ်များ(စုစုပေါင်းငါးဦး)နှင့် ရွေးကောက်ပွဲတွင် ရွေးချယ်ခံရသော NLD အမတ် ကိုယ်စားလှယ် ၉ဝ ခန့် တက်ရောက်ခဲ့သည်။ ဦးခွန်ထွန်းဦးနှင့် ရှမ်း NLD ကိုယ်စားလှယ်အဖွဲ့လည်း တက်ရောက်ခဲ့ကြပေသည်။ အမျိုးသား ညီလာခံမှ အခန်း၁၅ခန်းအတွက် အခြေခံ မူများ၊ အသေးစိတ်အခြေခံရမည့်မူများ ချမှတ်ကြရပေသည်။ အခန်း(၁) နိုင်ငံ တော်အခြေခံမူများချမှတ်ကြရာ စုစုပေါင်း အခြေခံမူကြီး ၁ဝ၄ ချက် ရရှိခဲ့သည်။ ညီလာခံမှ ကျန်အခန်းများအတွက် မူများ
ဆက်လက်ချမှတ်ရာ၌ အခန်း(၁)အခြေခံ မူ ၁ဝ၄ ချက်ထဲမှ ထိုအခန်းခေါင်းစဉ် အတွက် ဖော်ညွှန်းထားသော အခြေခံမူ များကို ထိုအခန်းသို့ ရွှေ့ပြောင်းပို့ခဲ့ရ သည်။ ဤသို့ဖြင့် အမျိုးသားညီလာခံ ကျင်းပပြီးစီးချိန်၌ အခန်း(၁) နိုင်ငံတော် အခြေခံမူများမှာ ၈၆ခုသာ ကျန်ရှိသည်။ ကျန်အခန်းများသို့ ရွှေ့ပို့ခဲ့ရသော အခြေခံ မူများ၏ အရေးပါ၊ ပဓာနကျမှုကြောင့် ယင်းမူ(ပုဒ်မ)များကိုလည်း အခန်း(၁)ပါ နိုင်ငံတော်အခြေခံမူများနှင့် တစ်တန်း တည်းထားခဲ့ရသည်။
နိုင်ငံတော်အခြေခံမူများBasic Principle ကို အချို့နိုင်ငံအခြေခံဥပဒေ များ၌ှState Principle (နိုင်ငံတော် အချုပ်အခြာ အာဏာရပ်ကြီး၏ အဓိကရ မှုများ)ဟုသုံးသည်။ အချို့ကွGuidance Principles လမ်းညွှန်အခြေခံမူများဟု သုံးနှုန်းကြပေသည်။ ယင်းနိုင်ငံတော် (လမ်းညွှန်) အခြေခံဥပဒေပါမူကြီးများ သည် နိုင်ငံတော်၏ ရည်မှန်းချက်မူဝါဒ များဖြစ်ပေသည်။အခြေခံဥပဒေပါ အခြား အခန်းလိုက်ခေါင်းစဉ်များသည်နိုင်ငံတော် အခြေခံမူ၏လမ်းညွှန်ချက်ဖြင့် အသေး စိတ်မူများချရပေသည်။ နိုင်ငံတော်ကြီး နှင့် တိုင်းရင်းဖွားနိုင်ငံသားပြည်သူတို့၏ လုံခြုံရေး၊ငြိမ်းချမ်းရေး၊သာယာဝပြောရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လွတ်လပ်စွာနေထိုင် လုပ်ကိုင် စားသောက်ရေးတို့အတွက် စိတ်အချရဆုံး၊ အာမခံချက်အရှိဆုံးမူများ ဖြစ်၍ ထိုမူများကို ရွေးကောက်ပွဲနိုင်ပြီး တက်လာသည့် အာဏာရပုဂ္ဂိုလ်၊ အစု အဖွဲ့တို့က ၄င်းတို့ကိုယ်ကျိုး ပါတီကျိုး၊ ကိုင်စွဲထားသော ပါတီအကျိုး၊ ၄င်းတို့ သြဇာခံ ဆရာမွေးထားသော ပြည်ပမှ (နယ်ချဲ့)နိုင်ငံများ အကျိုးအတွက် လွယ် လွယ်ပြင်မပစ်နိုင်အောင် သံကွန်ချာ အထပ်ထပ် ဝန်းရံထားသကဲ့သို့ ပြင်ရ ခက်စေခဲ့ရသည်။
နိုင်ငံအချို့မှ အခြေခံဥပဒေများသည် လူတစ်စုက အာဏာပိုင်တစ်ဖွဲ့က လွှတ် တော်အမတ်များက ရေးဆွဲပြဋ္ဌာန်းထား သဖြင့် မကြာခဏအခြေခံဥပဒေကို ပြင် ဆင်ဖြည့်စွက်နေရသည်။ လက်ရှိအခြေခံ ဥပဒေကိုဖျက်ကာအသစ်ဆွဲနေခဲ့ရသည်။ ပြင်သစ်နိုင်ငံဆိုလျှင် အခြေခံဥပဒေပြင် ဆွဲရသည်မှာ ၁၅ ကြိမ် ရှိသွားပေပြီ။ စစ်အာဏာသိမ်းပွဲ ၁၁ ကြိမ်ဖြစ်သော ပါကစ္စတန်၊စစ်အာဏာသိမ်းပွဲ ၁၉ ကြိမ် ရှိသွားသော ထိုင်းနိုင်ငံတို့တွင် အခြေခံ ဥပဒေကို မည်သူတွေကရေးဆွဲပြဋ္ဌာန်း၍ အသစ်ပြင်ဆွဲရသော အကြိမ်မည်မျှရှိပြီ ကို လေ့လာသင့်ပေသည်။ ဆိုခဲစေမြဲစေ ဟူသော စကားကဲ့သို့ အခြေခံဥပဒေကို ရေးခဲစေ (ခက်ခက်ခဲခဲ အချိန်ယူစဉ်းစား မြော်မြင်ရေးဆွဲစေ)မြဲစေဖြစ်သင့်ပေသည်။ အမေရိကန်ပြည်ထောင်စုသည် ၁၇၇၆ ခုနှစ်တွင် နယ်ချဲ့အင်္ဂလိပ်ကိုတော်လှန် ကာ လွတ်လပ်ရေးယူခဲ့သည်။ ထိုစဉ်က သာမန်ပြည်နယ်စု ပြည်ထောင်စုမျိုး မဟုတ်။ သီးခြားလွတ်လပ်အာဏာပိုင် သော ၁၃ နယ် (နိုင်ငံငယ် ၁၃ ခု) စုထောင်သောနိုင်ငံစု ပြည်ထောင်စုဖြစ် သည်။ ပြည်နယ်များဖြင့် စုဖွဲ့သော ပြည် ထောင်စု(ပြည်နယ်စု) Federal State ဖြစ်သည်။ လွတ်လပ်သော နိုင်ငံများစုဖွဲ့ သော် နိုင်ငံစု(Confederate State) ဖြစ်ပေသည်။အမေရိကန်သည် ဥရောပမှ အင်္ဂလိပ်၊ စကော့၊ အိုင်းရစ်၊ ပြင်သစ်၊ စပိန်၊ ပေါ်တူဂီ၊ ဒတ်ခ်ျ၊အီတလီ၊ ဂျာမနီ၊ ရုရှားတို့ ကျူးကျော်အခြေချခဲ့သော နိုင်ငံ ဖြစ်သည်။ ကွန်ဖက်ဒရေးရှင်းခေါ် လွတ် လပ်၍ အာဏာသီးခြားပိုင်သော နိုင်ငံ ငယ်များအစုအဖွဲ့ဖြစ်သဖြင့် မကြာခဏ ဦးနင်းပဲ့ထောင်၊ တစ်ဗိုလ်တစ်မင်းဖြစ် နေ၍ လွတ်လပ်ပြီး၁၁နှစ်အကြာ ၁၇၈၇ ခုနှစ်တွင်မှ အမျိုးသားညီလာခံ ကျင်းပ မူချပြီးFederal State ပြည်နယ်စု ပြည် ထောင်စုအသွင်ပြောင်းခဲ့ရသည်။
အမေရိကန်၏ ၁၃ ပြည်နယ် ပြည် ထောင်စု အစပိုင်းသည် ၁၃ဗိုလ်အစုအဖွဲ့ ဖြစ်ရာ တစ်ဗိုလ်နှင့်တစ်ဗိုလ်အကျောမခံ၊ ဒူးတင်ပေါင်တင်မခံ၊ ကိုယ့်မာန၊ ကိုယ့် ဘဝင်ဖြင့် မကြာမီကာလ၌ ကွဲအက်ခွဲ ထွက် ပြိုကျသွားတတ်ပေသည်။ အာရပ် ပြည်ထောင်စု၊ မလေးရှားပြည်ထောင်စု၊ ဆိုဗီယက်ပြည်ထောင်စု၊ ယူဂိုဆလပ် ပြည်ထောင်စု စသည်တို့သည် အချုပ် အခြာ သီးခြားပိုင် နိုင်ငံများစုဖွဲ့ထားခဲ့ ပေသည်။ ထိုပြည်ထောင်စုအမည်ခံနိုင်ငံ စုများ ပြန်လည်ခွဲထွက်ပြိုပျက်သွားရပေ သည်။ ဤသည်မှာ ကွန်ဖက်ဒရိတ်တက် နိုင်ငံစုစနစ်၏ အကွဲအပြဲနိယာမဖြစ်ပေ သည်။ ၁၉၆၂ခုနှစ်က ဖက်ဒရယ်စစ်စစ် မူ၊ ရှမ်းမူ၊ စော်ဘွားမူ၊ ရှစ်ပြည်နယ်မူ လှုပ်ရှားမှုကြီးသည် ပြည်ထောင်စုကြီး ရှစ်စိတ်ကွဲ၊ ရှစ်နိုင်ငံခွဲကာ နယ်ချဲ့စစ် အုပ်စုတွင် ခိုင်းနွားသာသာ အဆင့်ဖြင့် ပါဝင်မည့်အထောက်အထားအရ တပ်မ တော်က အာဏာသိမ်းယူပြီး ပြည် ထောင်စု မပြိုကွဲရန် ကာကွယ်ခဲ့ရဖူးပေ သည်။ ဖက်ဒရယ် Federal State ဟူ သည် ပြည်နယ်များဖြင့် စုစည်းတည် ထောင်သော ပြည်ထောင်စု(ရိုးရိုး-စစ် စစ်)ဖြစ်လေသည်။ ၁၉၆၂ခုနှစ်က ဖက် ဒရယ်တွင် နာမဝိသေသနရှေ့ဆက်စာ လုံး၊ နောက်ဆက်စာလုံးများ ဖြည့်စွက် ကာ စစ်မှန်သောဖက်ဒရယ်၊ ဖက်ဒရယ် စစ်စစ် စသည်ဖြင့် ကွန်ဖက်ဒရေးရှင်း နိုင်ငံစုအဖွဲ့ဖြစ်ရန် လုပ်ကြံခဲ့ကြဖူးပေပြီ။
ထို့ကြောင့် အမျိုးသားညီလာခံက ပြည်ထောင်စုစစ်စစ်မူဖြစ်သော ပြည် နယ်များဖြင့်ဖွဲ့စည်းသော ရိုးရိုးသားသား ပြည်ထောင်စုဖြစ်အောင် မူချခဲ့သည်။ ပြည်နယ် ခုနစ်ခု၊ တိုင်းဒေသကြီးခုနစ်ခု နှင့် တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုခြောက်ခုတို့ဖြင့်ဖွဲ့ရန် မူချခဲ့သည်။ ပြည်ထောင်စု၏ မည်သည့်အစိတ်အပိုင်း နယ်မြေမှခွဲမထွက်ရဟု ပြဋ္ဌာန်းခဲ့ရသည်။ ကမ္ဘာတွင် ပြည်ထောင်စုအပီသဆုံး၊ တိုင်းရင်းသားများကိုယ်တိုင်အချုပ်အခြာ အာဏာကို ကိုယ်တိုင်ပါဝင်ကျင့်သုံးနိုင် ဆုံး ပြည်ထောင်စုအဖြစ် မြန်မာပြည် ထောင်စုကဂုဏ်ယူနိုင်ပေသည်။ အမေ ရိကန်ပြည်ထောင်စုမှ ပြည်နယ် ၅ဝတွင် မည်သည့် ပြည်နယ်များသည် တိုင်းရင်း သားလူမျိုးများ၏ ပြည်နယ်များဖြစ်ပါ သနည်း။ ရှာကြည့်ပါ။ ထမင်းထုပ်သာ သိုးသွားမည်။ အမေရိကန်လူဖြူတို့၏ ပြည်နယ်များချည်းဖြစ်ပေသည်။ တရုတ် ပြည်တွင် တိုင်းရင်းသားလူမျိုး ၅၅မျိုးရှိ သည်။ အခွဲ၊ အကွဲပြဿနာ ရှောင်လို၍ ပြည်ထောင်စုမဖွဲ့၊ တစ်ပြည်ထောင်စနစ်၊ တစ်ပါတီအစိုးရဦးဆောင်မှုပုံစံဖြင့် ယနေ့ ကမ္ဘာ့ဒုတိယစီးပွားဖြစ် နိုင်ငံကြီးဖြစ် သွားပေပြီ။ မြန်မာနိုင်ငံကား ၁၉၄၇ ခုနှစ်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းက ပြည်ထောင်စုစနစ်ဖြင့်သွားမည်ဟု အတိ အလင်း မြွက်ဟကြေညာခဲ့ပေသည်။
ပြည်ပသွေးထိုးမှု၊ သွေးခွဲမှုအရ ဖြစ် စေ၊ မိမိတို့တစ်ကိုယ်တော်၊တစ်စု၊တစ်ဖွဲ့ ဆန္ဒအရဖြစ်စေ ပြည်ထောင်စုမှ ခွဲထွက် ရေးတောင်းဆိုလှုပ်ရှားဆူပူပုန်ကန်မှု၊ စင် ပြိုင်အစိုးရထောင်လိုမှုများပင် ဖြစ်ခဲ့ရ သည်။ မြန်မာနိုင်ငံသည် အမေရိကန်ကဲ့ သို့ အိမ်နီးချင်းနိုင်ငံများကို စစ်တိုက်၊ အနိုင်ယူပြီး သိမ်းပိုက်ခဲ့သော နယ်ပယ် ဒေသများဖြင့် တည်ထောင်ထားသော နယ်ချဲ့သိမ်းယူ၊ တိုးချဲ့၊ အဓမ္မသွတ်သွင်း သော ပြည်ထောင်စုမဟုတ်ပေ။ မူလက ပင် ယနေ့မြန်မာနိုင်ငံ မြေပုံကြီးသည် မူလပကတိကပင် ရှိနေခဲ့သော နိုင်ငံ၊ ယင်းနိုင်ငံမြေပုံပေါ်သို့ အရှေ့၊ အနောက်၊ တောင်၊ မြောက်ဒေသဆီမှ ဝင်ရောက် အခြေချသောတိုင်းရင်းသားများ၊ ဒေသခံ တိုင်းရင်းသားများ၊ အဆင့်ဆင့်အသွင် ပြောင်းလာသော ဤမြေဖြင့် တိုင်းရင်း သားဒေသများကို အနော်ရထာ၊ ဘုရင့် နောင်၊ အလောင်းဘုရားတို့ စုစည်းတည် ထောင်ခဲ့သည့် နိုင်ငံကြီးဖြစ်သည်။ ဗိုလ် ချုပ်အောင်ဆန်းနှင့်အမြော်အမြင် ကြီးမား သောတိုင်းရင်းသားခေါင်းဆောင်များ၏ ပင်လုံစိတ်ဓာတ်ကြောင့်အလောင်းဘုရား ၏ တတိယမြန်မာနိုင်ငံတော်ကြီးသည် ခေတ်သစ်မြန်မာပြည်ထောင်စုကြီး ဖြစ် လာခဲ့ရပေသည်။ထို့ကြောင့်ပြည်ထောင်စု မပြိုကွဲရေး၊ ပြည်ထောင်စု၏ မည်သည့် အစိတ်အပိုင်းမျှခွဲမထွက်ရဟု လွယ်လွယ် မပြင်နိုင်သည့်အခြေခံမူများ ချမှတ်ခဲ့ခြင်း ဖြစ်သည်။
အမျိုးသားညီလာခံမှ မူများချမှတ်ရာ ၌ အခန်း(၁) နိုင်ငံတော်အခြေခံမူများ၊ အခန်း(၂)နိုင်ငံတော်ဖွဲ့စည်းတည်ဆောက် ပုံ၊ အခန်း(၃) နိုင်ငံတော်အကြီးအကဲ အခန်းသုံးခန်းစလုံး အသေးစိတ်အခြေခံ ရမည့်မူများကို တစ်ခဲနက် ချမှတ်ပြီးစီး သည်အထိ ဥက္ကဋ္ဌဦးအောင်ရွှေဦးစီးသော NLD ကိုယ်စားလှယ် (ရှစ်ဆယ်ကျော် ကိုးဆယ်)၊ ဦးခွန်ထွန်းဦး ဦးဆောင်သော ရှမ်း NLD တို့ တက်ရောက်ခဲ့ကြသည်။နိုင်ငံတော်အခြေခံမူ၁ဝ၄ချက်မှာညီလာခံ ပြီးဆုံးချိန်၌ အခန်း(၁)တွင် အခြေခံမူ ၈၆ ချက် ကျန်ရှိသည်။ အခြေခံဥပဒေ ရေးဆွဲရေးကော်မရှင် ၅၄ ဦးက အခြေခံ ဥပဒေမူကြမ်းရေးဆွဲစဉ်အခြေခံမူ အချို့ နောက်အခန်းများသို့ ထပ်မံပို့လိုက်ကြ သဖြင့် အခန်း(၁)တွင် အခြေခံမူ ၄၈ခု သာကျန်သည်။ နောက်အခန်းပို့ မူလ ၁ဝ၄ ချက် အခန်း(၁)ပါ အခြေခံမူများ သည် နိုင်ငံတော်အခြေခံမူအဆင့်တွင် ဆက်လက်ရှိနေခဲ့သည်။ ထို့ကြောင့် ပြည် သူ့ဆန္ဒအဆုံးအဖြတ်ဖြင့် ပြင်ရမည့် ပုဒ်မ များအဖြစ် ပုဒ်မ ၄၃၆တွင် ဖော်ပြထားရ ခြင်းဖြစ်သည်။
(ဆက်လက်ဖော်ပြပါမည်။)