images
UN
UN
တိုင်းပြည်နှင့်ပြည်သူလူထုကို အမှန်တကယ်ချစ်ခင်မြတ်နိုးသည်ဆိုပါက မိမိတို့တိုင်းပြည်နှင့် လူထုတစ်ရပ်လုံး ဒုက္ခရောက်စေမည့်ပုဒ်မမျိုးကို မဖျက်သင့်ကြောင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသောင်းအေးထောက်ပြ
သာလှ(ပျဉ်းမနား) Friday, 15 March 2019
တိုင်းပြည်နှင့်ပြည်သူလူထုကို အမှန်တကယ်ချစ်ခင်မြတ်နိုးသည်ဆိုပါက မိမိတို့တိုင်းပြည်နှင့်လူထုတစ်ရပ်လုံးဒုက္ခရောက်စေမည့် ၅၉(စ)ကဲ့သို့ ပုဒ်မမျိုးကိုမဖျက်သင့်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသောင်းအေး ထောက်ပြပြောဆိုလိုက်သည်။
ယနေ့ ပြီးဆုံးသွားပြီဖြစ်သော ဒုတိယအကြိမ်လွှတ်တော်ရက်များ အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကော်မတီဖွဲ့ စည်းခြင်းများ၊ပြင်ဆင်နိုင်ရေးအတွက် ပြင်ဆင်လိုသည့် ဥပဒေပါအချက် များ၊ အပိုဒ်၊အပိုဒ်ခွဲများကို လွှတ် တော်ကိုယ်စားလှယ် ၄၅ဦးပါကော် မတီတစ်ရပ်ဖွဲ့စည်း၍ ဆောင်ရွက် လျက်ရှိရာ ယခုရက်ပိုင်းအတွင်း တွင် ဥပဒေပုဒ်မ၅၉(စ)ကို ဖျက် သိမ်းပြင်ဆင်သွားရန် ကောလာ ဟလသတင်းများထွက်ပေါ်လျက် ရှိနေပြီး ယင်းအခြေအနေများနှင့် ပတ်သက်၍ ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ခေတ္တ နားချိန်တွင် သတင်းထောက်များက ဦးသောင်းအေးနှင့် တွေ့ဆုံမေး မြန်းမှုတစ်ခုတွင် ထိုသို့ထောက်ပြ ပြောကြားလိုက်ခြင်းဖြစ်သည်။
''ပြောရရင်တော့ ၅၉(စ)က ဒီဟာကို ဖျက်ပစ်မယ်လို့ မနေ့က တော့ကြားတာပေါ့နော်။ ဒီ၅၉(စ) ဟာ ဘာကြောင့်ထည့်ထားတယ်။ဘယ်လောက်အန္တရာယ်ရှိတယ်ဆို တာတစ်တိုင်းပြည်လုံးသိပါတယ်။ ပြည်သူတွေအားလုံးသိတယ်။ကိုယ့် တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာ ကို ကိုယ့်တိုင်းပြည်ရဲ့အထွတ် အခေါင်ဖြစ်တဲ့သမ္မတ ဒါဟာ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ဖြစ် သင့်တာပေါ့။တခြားတိုင်းတစ်ပါး ကလာပြီးတော့ မခြယ်လှယ် အောင်၊ မအုပ်စိုးအောင် ဒီ၅၉ (စ)က ပြဋ္ဌာန်းခဲ့တာ။ဆိုလိုတာ က တိုင်းပြည်ရဲ့အမျိုးသားရေး၊ တိုင်းပြည်ရဲ့အချုပ်အခြာအာဏာ ကို ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင် အောင်လို့ကိုယ့်တိုင်းရင်းသား၊ကိုယ့် ညီအစ်ကိုမောင်နှမတွေကပဲ ကွပ် ကဲအုပ်ချုပ်သွားနိုင်အောင်လို့ ဒါ လေးကို ကန့်သတ်ချက်ပေးထား တာ။ အဲဒါကိုသွားပြီး ဖျက်လိုက် တယ်ဆိုရင် ဘယ်နိုင်ငံခြားသား မဆိုကိုယ့် တိုင်းပြည်ကိုလာပြီး တော့ အုပ်ချုပ်သွားမယ်ဆိုရင် အချုပ်အခြာအာဏာ လက်လွတ် ဆုံးရှုံးသွားတာနဲ့ အတူတူပဲဖြစ် လိမ့်မယ်။ အဲတော့အန်ကယ်က တော့ ကြားလိုက်လို့သာ ကြား လိုက်ရတာ။ NLD ဒီလောက်ကြီး တော့လုပ်လိမ့်မယ်လို့ မထင်ဘူး။ ဘာကြောင့်လဲဆိုရင် ဒါက အမျိုး သားရေးဖြစ်နေလို့ တိုင်းပြည်ကို တကယ်ချစ်တယ်။ ပြည်သူကို တကယ်ချစ်တယ်ဆိုရင် ကိုယ့် တိုင်းပြည်ဒုက္ခရောက်မယ့်ပုဒ်မ မျိုးကို မဖျက်သင့်ဘူး'' ဟု ဦးသောင်းအေးကသတင်းထောက် များနှင့် တွေ့ဆုံမေးမြန်းဖြေကြားမှု တွင် ထည့်သွင်းပြောကြားလိုက် ခြင်းဖြစ်သည်။
လက်ရှိအချိန်ကာလတွင်ဖွဲ့ စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉(စ)ကို ဖျက်သိမ်းသွားနိုင်ခြေ ရှိကြောင်း၊ ဖျက်သိမ်းရင် ၄၅ဦး ကော်မတီတွင် အဆိုပြုတင်သွင်း ကြောင်း အစရှိသဖြင့် ကောလာ ဟလသတင်းများနှင့်အတူသတင်း ထောက်များအနေဖြင့် မေးမြန်း လာသည့်အချိန်တွင် အဆိုပါကိစ္စ ကို ဦးတည်မေးမြန်းမှုများရှိလာ ကြသောကြောင့် လွှတ်တော်ကိုယ် စားလှယ်ဦးသောင်းအေးအနေဖြင့် ကြားသိထားခြင်းမရှိသော်လည်း မေးမြန်းလာသည့်မေးမြန်းမှုအပေါ် တွင် ¤င်း၏ဆန္ဒသဘောထား တစ်ရပ်ကို သတင်းထောက်များ သို့ ဆက်လက်ပြောကြားခဲ့သည်။
''နည်းနည်းပါးပါးပြင်ဆင် တယ်ဆိုရင် လက်ခံရင်လက်ခံရ ဦးမယ်။ သို့သော်လည်း ဒီမှာ ပြဋ္ဌာန်းထားတဲ့ ပြဋ္ဌာန်းချက်က လုံလောက်တယ် လို့ထင်တယ်။ဘာကြောင့်လဲဆိုရင် အခြားတိုင်း ပြည်တွေကလည်း နိုင်ငံသား တောင်မဟုတ်ဘူး။ ဘာသာရေး အရပါ ကန့်သတ်ထားတယ်။ သူတို့တိုင်းပြည်မှာ ကိုးကွယ်တဲ့ ဘာသာမဟုတ်ရင် ဝန်ကြီးတွေ၊ ဝန်ကြီးချုပ်တွေ၊ သမ္မတတွေဖြစ် ခွင့်မပေးဘူးဆိုတဲ့ အဆင့်ထိသူများ တိုင်းပြည်တွေမှာရှိပါတယ်။ကိုယ့် တိုင်းပြည်မှာတော့ အဲလောက်ထိ မဟုတ်ဘူး။ တိုင်းပြည်ရဲ့အချုပ် အခြာအာဏာကို ကိုယ့်တိုင်းရင်း သား ညီအစ်ကိုမောင်နှမတွေရဲ့ လက်ထဲမှာရှိစေချင်လို့ ၅၉(စ)က ပြဋ္ဌာန်းထားတယ်။ဒါကိုကြားသာ ကြားလိုက်ရတယ်စိတ်ထဲမှာတော့ မယုံဘူး။NLD ကဒီလောက်ကြီး ၅၉(စ)ကို ဖျက်ပစ်လောက်တဲ့ အထိ လုပ်လိမ့်မယ်လို့ အန်ကယ် တော့ မထင်ဘူး။ အခုလိုကြားရ တာတော့ စိတ်တော့မကောင်း ဘူး'' ဟု ပျော်ဘွယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ပြောသည်။