images
UN
UN
၁၉၆၂ခုနှစ်သမိုင်းဝင်ပုဂ္ဂိုလ်များမော်ကွန်းဥပဒေနှင့်အညီ ရုပ်တုလုပ်ခွင့်ဆိုင်ရာအခြေအနေရှိမရှိမေးခွန်းပယ်ချခံရ
သာလှ(ပျဉ်းမနား) Friday, 15 March 2019
လက်ရှိအစိုးရလက်ထက်တွင် နိုင်ငံအဝန်း မြို့နယ်အသီးသီးတို့တွင် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်တုများကို စိုက်ထူနေကြလျက်ရှိရာတွင် ရုပ်တုပုံစံများမှာ ဗိုလ်ချုပ်ပုံစံအသွင်သဏ္ဌာန် အလွဲအမှားများစွာ ဖြစ်ပေါ်လျက်ရှိနေသောကြောင့် ၁၉၆၂ ခုနှစ် သမိုင်းဝင်ပုဂ္ဂိုလ်များ မော်ကွန်းဥပဒေနှင့်အညီ ရုပ်တုလုပ်ခွင့်ရှိမရှိမေးခွန်းကို မိတ္ထီလာမဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက လွှတ်တော်သို့ တင်ပြခဲ့ရာမေးခွန်းမေးခွင့်မရရှိဘဲ ပယ်ချခံခဲ့ရကြောင်း ၄င်းက ပြောသည်။
အဆိုပါ မေးခွန်းကို မေးမြန်း လိုသည့် ရည်ရွယ်ချက်မှာလည်း တိုင်းသူပြည်သားအားလုံး အစဉ် တစိုက်လေးစားခဲ့ရသည့် လွတ် လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင် ဆန်းကို ဂုဏ်သိက္ခာနိမ့်ကျစေ သော အခြေအနေများပေါ်ပေါက် လျက်ရှိနေသောကြောင့် ထိုကဲ့သို့ မဖြစ်ပေါ်ရစေရန် ၁၉၆၂ ခုနှစ် သမိုင်းဝင်ပုဂ္ဂိုလ်များ မော်ကွန်း ဥပဒေနှင့်အညီ ထုလုပ်ခွင့်ပြုနိုင် ရန် ရည်ရွယ်ခြင်းဖြင့်မေးခွန်း မေး မြန်းရန် တင်ပြခဲ့ခြင်းဖြစ်ကြောင်း ယနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ခေတ္တနားချိန်တွင် သတင်းထောက်များနှင့်တွေ့ဆုံ မေးမြန်းမှုတစ်ရပ်တွင် ပြောကြား ခဲ့ခြင်းဖြစ်သည်။
''မြန်မာနိုင်ငံတစ်လွှားမှာ အားလုံးသိကြတဲ့အတိုင်း ဗိုလ်ချုပ် ရုပ်တုက ဗိုလ်ချုပ်နဲ့အသွင်သဏ္ဌာန် မတူဘူး။ မတူဘဲနဲ့ပုံစံအမျိုးမျိုးနဲ့ ဗိုလ်ချုပ်ပုံစံနဲ့တောင်မဟုတ်ဘူး။လူတစ်ယောက်ရဲ့ ပုံစံနဲ့မညီတဲ့ ပုံစံတွေထုတာ။ တို့ အစဉ်တစိုက် လေးစားခဲ့တဲ့ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်းကို ဂုဏ်သိက္ခာ နိမ့်ကျ စေတဲ့ သဘောမျိုးတွေရှိပါတယ်။အဲဒါကြောင့်မို့လို့ အဲ့ဒါကို ရည် ရွယ်ပြီးတော့ နောက်တစ်ခုက ဒီရုပ်တုတွေ ထုတာဟာ ၁၉၆၂ ခုနှစ် သမိုင်းဝင်ပုဂ္ဂိုလ်များ မော် ကွန်းဥပဒေဆိုတာရှိတယ်။ အဲ့ ဥပဒေနဲ့အညီ ထုလုပ်ခွင့်ရှိမရှိဆို တာ မေးခဲ့တာပါ။ မေးလိုက်တဲ့ အခါမှာ ပြည်သူ့လွှတ်တော်ဥပဒေ ၁၄၁(ဆ)အရ လိုအပ်မှုမရှိဘဲ အတိတ်ကပြီးခဲ့တာကို ပြန်လည် မေးမြန်းတဲ့ မေးခွန်းများမဖြစ်စေ ရဆိုတဲ့ ငြိသွားတဲ့အတွက်ကြောင့် ပယ်ချခံလိုက်ရတာပါ'' ဟု ဒေါက်တာမောင်သင်းက ပြော သည်။
အဆိုပါမေးခွန်းကို ဖေဖော် ဝါရီ ၂ဝ ရက်က ပြည်သူ့လွှတ် တော်သို့ ကြယ်ပွင့်ပြမေးခွန်း အဖြစ် တင်ခဲ့ခြင်းဖြစ်ပြီး ယမန် နေ့က ပြန်ချပေးလိုက်ကြောင်း ၄င်းက ထုတ်ဖော်ပြောကြားသည်။
မေးခွန်း၏ အဓိကအကြောင်း အရင်းနှင့် စပ်လျဉ်း၍လည်း ဒေါက်တာမောင်သင်းက သတင်း ထောက်များသို့ ရှင်းလင်းပြော ကြားခဲ့ရာတွင် ၁၉၆၂ခုနှစ် မော် ကွန်းဝင်ပုဂ္ဂိုလ်တွေရုပ်တု ဥပဒေ နှင့်ညီ/မညီ၊ ဥပဒေနဲ့အညီ ခွင့်ပြု ထားခြင်း ဟုတ်မဟုတ်၊ ထို့ပြင် လွတ်လပ်ရေးဖခင်ကြီးနိုင်ငံတော် ကောင်းအောင် ပြုခဲ့သူကို နောင် လာနောင်သားများ အတုယူစေလို ခြင်း၊ အားကျစေလိုခြင်း စသည့် အကြောင်းအရာများပါဝင်ကြောင်း လည်း ၄င်းက ထပ်လောင်းပြော သည်။
''သူ့ပုံကို တွေ့လိုက်တာနဲ့ နောင်မျိုးဆက်တွေက ဗိုလ်ချုပ်ရဲ့ ဂုဏ်၊ ဗိုလ်ချုပ်ကို လေးစားသွား တာဖြစ်စေချင်တယ်။ အခုဟာကျ တော့ ထုချင်သလို ထုနေကြ တယ်။ တကယ်တမ်း ဒီလိုထုနေ တာကို ဥပဒေနဲ့အညီ ဆောင်ရွက် တယ်လို့ မမြင်ဘူး။ မော်ကွန်းဝင် ပုဂ္ဂိုလ်ကြီးတစ်ယောက်က လူမသိ သူမသိ ထားချင်တဲ့နေရာမှာ ထား လို့မဖြစ်ဘူး။ လူရိုသေရှင်ရိုသေ ဖြစ်ရမယ်။ အဖွဲ့အစည်းလိုက် လည်းလာပြီးတော့ အလေးပြု နိုင်ရမယ်။ကျောင်းသူကျောင်းသား ကလေးတွေကို ပြောပြနိုင်တဲ့ နေရာမျိုးလည်းဖြစ်ရမယ်။အထင် ကရ ရှိတဲ့နေရာမှာထားရမှာပေါ့။ မော်ကွန်းဝင် ပုဂ္ဂိုလ်ကြီးဆိုတာ နောင်လာနောက်သားတွေ အားကျ ဖို့ အတုယူဖို့လေ။ အခုဟာ က အားကျဖို့ အတုယူဖို့နေနေသာ သာ မြင်လိုက်တာနဲ့ ရယ်စရာလို ကဲ့ရဲ့စရာလိုဖြစ်တဲ့အခါကျတော့ ဗိုလ်ချုပ်ရဲ့ဂုဏ်ကို နှိမ့်ချနေသလို ဖြစ်သွားတာပေါ့။ အရေးကြီးဆုံး က တကယ်ဆိုရင် အဲဒီဥပဒေမှာ ၄(စ)လုံးမှာ မည်သူမျှ တော်လှန် ရေး အစိုးရ၏ခွင့်ပြုချက်မရဘဲ မထုလုပ်ရ ထုလုပ်ခွင့်မရှိစေရ အဲဒီလိုဥပဒေရှိတယ်။ ဒီမေးခွန်း မေးရတဲ့ အဓိကရည်ရွယ်ချက်က ဟိုဘက်က အစိုးရကို မသိဘဲနဲ့ လုပ်သွားတာလည်းရှိရင်ရှိမယ်။ သူတို့အဖွဲ့လောက်ပဲ သိတာဖြစ် မယ်။ အဲဒီတုန်းက တော်လှန်ရေး အစိုးရဆိုတဲ့စာက ဒီနေ့ ပြည် ထောင်စုအစိုးရ ဒီပြည်ထောင်စု အစိုးရမသိဘဲနဲ့ လုပ်မိတာမှန်သမျှ ကို တွေ့တဲ့သူက ချက်အင်ဘဲလန့် လုပ်ပေးရမယ်။ ဒီမေးခွန်းပယ်ချ ခံရတယ်ဆိုတော့ အန်ကယ်တို့ရဲ့ အပြန်အလှန် ထိန်းကျောင်းရ တယ်ဆိုတဲ့တာဝန်တစ်ခု လစ် ဟင်းသွားတာပေါ့'' ဟူ၍လည်း မိတ္ထီလာမဲဆန္ဒနယ်ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်က သတင်း ထောက်များသို့ ပြောကြားခဲ့သည်။
Image may contain: 1 person