images
UN
UN
ကျောက်ဖြူမြို့နယ် ဒေသခံပြည်သူများကို ပြည်ခိုင်ဖြိုးပါတီမှ ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက် နိုင်စေရန်
Friday, 15 March 2019
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ နယ်အတွင်းရှိ ကျေးလက်နေပြည် သူများ၏ လိုအပ်လျက်ရှိသော ကျန်းမာရေးစောင့်ရှောက်မှုဒါနအား ကျောက်ဖြူခရိုင်/မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီက လုပ်ဆောင်လျက်ရှိနေ ကြောင်း သိရသည်။
ယင်းကဲ့သို့ ကျန်းမာရေးစောင့် ရှောက်မှုဒါနအား ပြုလုပ်လျက်ရှိ ရာ ယခုလ ၁၃ ရက်က ကျောက် ဖြူမြို့နယ် မင်းရပ်အုပ်စု လိတ္တင် ကျေးရွာမှ ကျေးရွာနေလူထုအား ဒေါက်တာထင်လင်းဦးနှင့်အဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးစောင့် ရှောက်မှု လုပ်အားပေးရာသို့ ပြည် နယ်ကော်မတီဝင် ဦးသိန်းနု၊ ကျောက်ဖြူခရိုင် ဘဏ္ဍာရေးမှူး ဦးခင်မောင်ကြီးနှင့် ခရိုင်ကော် မတီဝင်များ၊ ကျောက်ဖြူမြို့နယ် ကော်မတီဝင်များ၊ ကျေးရွာစည်းရုံး ရေးမှူးများလည်း လိုက်ပါကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရ သည်။
ယင်းကဲ့သို့ ဆေးဝါးကုသရာ တွင် ပြည်သူလူထုအား ဆေးကုရာ တွင် လိုအပ်သည့် ဆေးဝါးပစ္စည်း အား ရခိုင်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တာဝန်ယူဆောင်ရွက်ပေးနေကြောင်း သိရသည်။
ယခုဆေးဝါးကုသမှုမှာကျောက် ဖြူ မြို့နယ်အတွင်း ခုနစ်ကြိမ်ခန့် ရှိပြီဖြစ်ကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုပေးရန်လိုအပ်သော ကျန်ရှိသည့်ကျေးလက်ဒေသများသို့ အရောက်ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများပေး ရန် စီစဉ်လျက်ရှိကြောင်းလည်း သိရသည်။