images
UN
UN
ရှားတောမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကက်သလစ်ဘုရားကျောင်းဆောင်သစ် ဆောက်လုပ်ရာတွင် မြေသယ် မြေဖို့ လုပ်အားဒါနပြု ဆောင်ရွက်
မမောင်(ချိကယ်သူ) Friday, 15 March 2019
ကယားပြည်နယ် လွိုင်ကော် ခရိုင် ရှားတောမြို့နယ် ပြည်ခိုင်ဖြိုး ပါတီလူငယ်ရေးရာ လှုပ်ရှားမှု အနေဖြင့် ယနေ့မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ မြောက်ပိုင်း ကျေးရွာအုပ်စု ဒေါဝယ်ရောရွာ စိန်ဖရန်းစစ်ဆီဗေးရီးယား ကက် သလစ်ဘုရားကျောင်းဆောင်သစ် ဆောက်လုပ်ရာတွင် မြေသယ်၊ မြေဖို့၊ ပျဉ်သယ်ခြင်းလုပ်အားဒါန သွားရောက်ဆောင်ရွက်ကြသည်။
ယင်းသို့သွားရောက် ဆောင် ရွက်ရာတွင် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဘောလခဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်ဦးစိုးရယ်၊ ပြည်နယ်ကော် မတီဝင်များဖြစ်ကြသော ဦးအောင် နိုင်ဦး (ပြည်နယ်လူငယ်ရေးရာ တာဝန်ခံ)၊ ဒေါ်နန်းယဉ်သီတာ ထွေး(ပြည်နယ်လူငယ်ရေးရာ ဒု-တာဝန်ခံ)၊မယ်စဲ့မြို့နယ် ဒေါ်နန်း စောရင်(ပြည်နယ်လူငယ်ရေးရာ လှုပ်ရှားမှုတာဝန်ခံ)နှင့် လွိုင်ကော် မြို့နယ်ဦးအောင်ကျော်မြင့်(ပြည် နယ်လူငယ်ရေးရာလှုပ်ရှားမှုဒု -တာဝန်ခံ)၊ လွိုင်ကော်ခရိုင်ကော် မတီဝင်များ၊ဘောလခဲခရိုင်အတွင်း ရေးမှူး ဦးချစ်ဦးမောင်၊ဘောလခဲ မြို့နယ်အတွင်းရေးမှူး ဦးဟန်ထူး၊ ရှားတောမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးပေါလူနှင့် မြို့နယ်ကော် မတီဝင်များ၊ မြို့နယ်ခုနစ်မြို့နယ်မှ ပါတီလူငယ်ခေါင်းဆောင်နှင့် အဖွဲ့ ဝင်၅၇ဦး၊ရှားတောမြို့နယ်မြောက် ပိုင်းကျေးရွာအုပ်စုရှိ ဒေါဝယ်ရော ကျေးရွာလူငယ်များ အပါအဝင် စုစုပေါင်းအင်အား ၁၅ဝတက် ရောက်ကြောင်းနှင့် ယခုလ ၁၆ ရက်တွင်တစ်ရက်တာလုပ်အားဒါန ထပ်မံဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။