images
UN
UN
မိုင်းဖြတ် မီးဘေးသင့်ပြည်သူများအား ပြည်ခိုင်ဖြိုးပါတီမှ ထောက်ပံ့ပစ္စည်းများ အိမ်တိုင်ရာရောက်ပေးအပ်
ရွှေကို(မိုင်းဖြတ်) Friday, 15 March 2019
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဖြတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယခုလ ၁၃ ရက်ည ၇ နာရီခန့်က နမ့်ပန် အုပ်စု နမ့်ဝိုးထောင်ကျေးရွာတွင် တောမီး လောင်ကျွမ်းရာမှ တစ်ဆင့် လူနေအိမ် ခြောက်လုံး မီးကူးဆက်လောင်ကျွမ်းခံခဲ့ရ သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့ ပစ္စည်းများကို ယမန်နေ့ မွန်းတည့် ၁၂ နာရီ က အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့သည်။ မီးဘေးသင့်အိမ်ထောင်စု ခြောက်စုအား ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်များဖြစ်သည့် ဦးစိုင်းကျောက်၊ဦးအားကို နှင့် ပါတီဝင်များက ဆန်ခြောက်အိတ်၊ ခေါက်ဆွဲခြောက် ခြောက်ဖာ၊ ဆားခြောက်တွဲ နှင့်မုန့်များကို ထောက်ပံ့ပေးအပ်ခဲ့သည်။