images
UN
UN
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ စုပေါင်းပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားသို့ ဗဟိုအလုပ်အမှုဆောင်များတက်ရောက်
ခင်နီနီအောင် Saturday, 16 March 2019
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကော့နွဲကျေးရွာအုပ်စု ကော့နွဲကျေး ရွာဘုန်းတော်ကြီး ကျောင်းထိုင်ဆရာ တော်အား ယနေ့နံနက် ၁ဝနာရီတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဗဟိုအလုပ်အမှုဆောင် ကရင် ပြည်နယ်တာဝန်ခံဦးသူရိန်ဇော်၊ ဗဟို အလုပ်အမှုဆောင် ကရင်ပြည်နယ် ပါတီဥက္ကဋ္ဌဦးစောမြင့်ဦး၊ ဗဟိုကော် မတီဝင် ပြည်နယ်ပါတီအတွင်းရေး မှူးဦးစန်းကိုနှင့် ပြည်နယ်ပါတီကော် မတီဝင်များ၊ ဘားအံခရိုင်ပါတီဥက္ကဋ္ဌ နှင့် ပါတီကော်မတီဝင်များက သွား ရောက်ဖူးမြော်၍ ဆရာတော်အားလှူ ဖွယ်ပစ္စည်းနှငနဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။
ကော့နွဲကျေးရွာ ဘုန်းကြီးကျောင်း ဓမ္မာရုံတွင်ကျင်းပသော စုပေါင်းပါတီဝင် အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားကို နိုင်ငံ တော်သီချင်းသီဆို၍ဖွင့်လှစ်ခဲ့ပြီးဗဟိုအလုပ် အမှုဆောင်ဖြစ်ကြသော ကရင်ပြည်နယ် တာဝန်ခံဦးသူရိန်ဇော်နှင့် ကရင်ပြည်နယ် ပါတီဥက္ကဋ္ဌဦးစောမြင့်ဦးတို့က အမှာစကား ပြောကြားခဲ့သည်။ ပါတီဝင်အသစ်အဆိုပြု လွှာ အစောင် ၂၁ဝ ကိုကျေးရွာသားတစ်ဦး ကပေးအပ်ခဲ့ပြီး မြို့နယ်ပါတီဥက္ကဋ္ဌက လက် ခံရယူခဲ့သည်။ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေများ ကို ကရင်ပြည်နယ်တာဝန်ခံဦးသူရိန်ဇော်က ငွေကျပ်တစ်သိန်း၊ကရင်ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦးကငွေကျပ်တစ်သိန်း၊ကရင်ပြည် နယ်ပါတီအတွင်းရေးမှူးဦးစန်းကိုကငွေကျပ် ငါးသောင်းပေးအပ်ရာ ကျေးရွာရပ်မိရပ်ဖ က လက်ခံရယူခဲ့သည်။
ဆက်လက်ပြီး ပြည်ခိုင်ဖြိုးပါတီသို့ ဝင်ရောက်ရခြင်းအကြောင်းကိုကျေးရွာသား တစ်ဦးကရှင်းလင်းပြောကြားပေးခဲ့သည်။
ကရင်ပြည်နယ်တာဝန်ခံဦးသူရိန်ဇော် နှင့်အဖွဲ့သည် တက်ရောက်လာသည့်ပါတီ ဝင်အသစ်များကို ပါတီရင်ထိုးတံဆိပ်များ တပ်ဆင်ပေးခဲ့သည်။ ပြီးနောက် အခမ်း အနားကို ''ပြည်ခိုင်ဖြိုးဟေ့''သီချင်းသီဆို ၍ မွန်းတည့် ၁၂ နာရီတွင် အခမ်းအနား ကိုရုပ်သိမ်းခဲ့သည်။
အဆိုပါအခမ်းအနားကို ဘားအံခရိုင် ပါတီဥက္ကဋ္ဌနှင့်ပါတီကော်မတီဝင်များ၊လှိုင်းဘွဲ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင် များ၊ရပ်/ကျေးပါတီဥက္ကဋ္ဌများ၊ ပါတီဝင် များစုစုပေါင်းအင်အား ၁၇ဝ တက်ရောက် ခဲ့ကြောင်း သိရသည်။