images
UN
UN
မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မီးဘေးသင့်မိဘပြည်သူများသို့ အလှူငွေလှူဒါန်း
အေးမင်းဇော် (မြောက်ဥက္ကလာ) Saturday, 16 March 2019
ရန်ကုန်တိုင်းဒေသကြီးမြောက် ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးသန်းထိုက်၊ အတွင်းရေး မှူးဦးဝင်းကြိုင်၊ ဘဏ္ဍာရေးမှူး ဦးအောင်ဝင်းနှင့် မြို့နယ်ပါတီကော် မတီဝင်များက ယမန်နေ့ညနေ ၅ နာရီခွဲတွင်(ဆ)ရပ်ကွက်ဓမ္မရက္ခိတ ဓမ္မာရုံမီးဘေးကယ်ဆယ်ရေးစခန်း သို့သွားရောက်၍မီးဘေးသင့် မိဘပြည်သူများအား အလှူငွေကျပ် ၄ဝ၅ဝဝဝ ကိုသွားရောက်လှူဒါန်းရာ (ဆ)ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးစိုးဝင်း နှင့်ကယ်ဆယ်ရေးအဖွဲ့များက လက်ခံခဲ့ကြောင်းသိရသည်။
ထို့နောက် မီးဘေးသင့်မိဘပြည်သူများ ခေတ္တတည်းခိုရာ ကယ်ဆယ်ရေးစခန်းဓမ္မာရုံဘေးပတ်လည်နှင့် ရေနုတ်မြောင်းများ အား ခြင်ဆေးဖျန်းခြင်းလုပ်ငန်းကို ပြည်ခိုင်ဖြိုးပါတီမှ ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။