images
UN
UN
ပါတီဆိုင်းဘုတ်တင်အခမ်းအနားနှင့် ရေနွေးကြမ်းစကားဝိုင်း မိတ္ထီလာမြို့နယ် ကန်သာအုပ်စုတွင် ကျင်းပ
စိုးလှိုင်(ထီလာ) Saturday, 16 March 2019
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ကန်သာအုပ်စု တနောင်းကန်စံပြကျေးရွာ၌ ယနေ့မွန်းလွဲ ၂နာရီ မှစတင်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်/ကျေးဆိုင်းဘုတ်စိုက်ထူပွဲနှင့် ရေနွေးကြမ်းစကားဝိုင်း ကျင်းပခဲ့သည်။
အဆိုပါရေနွေးကြမ်းစကားဝိုင်းနှင့် ပါတီဆိုင်းဘုတ်တင်ခြင်းအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟို ကော်မတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်း၊မန္တလေးတိုင်းဒေသကြီး ပါတီအတွင်းရေး မှူးဦးအောင်ကျော်မိုး(တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်)၊ ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ဥက္ကဋ္ဌနှင့်မြို့နယ်ကော်မတီဝင်များ၊ ကန်သာအုပ်စု တနောင်းကန်စံပြကျေးရွာ ရပ်/ကျေးပါတီဥက္ကဋ္ဌဦးယုတင်နှင့်ပါတီဝင် များ စုစုပေါင်း ၇၅ ဦးတို့တက်ရောက်ကြပြီး ကျေးရွာလိုအပ်ချက်များတင်ပြရာ လွှတ် တော်ကိုယ်စားလှယ်က ပြန်လည်ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ ပါတီဆိုင်း ဘုတ်စိုက်ထူကာ လွှတ်တော်ကိုယ်စား လှယ်များ၊ ပါတီဝင်များက အောင်သပြေ အမွှေးနံ့သာ