images
UN
UN
အာရှဒေသသို့ ပြန်လည်ဦးတည်လာသော ရုရှား၏ရည်မှန်းချက်များ
ပြည့်ဖြိုးနိုင် Tuesday, 19 March 2019
(ယမန်နေ့မှအဆက်)
အင်ဒိုနီးရှားနိုင်ငံနှင့်ပတ်သက်သော အကြောင်းအရာများသည် အမေရိကန် က ချမှတ်ကျင့်သုံးခဲ့သောမူဝါဒများ ကြောင့် ရုရှားစစ်လက်နက်ထုတ်လုပ် ရောင်းချသည့်ကုမ္ပဏီများ ဈေးကွက်သစ် များ ရရှိခဲ့ကြောင်း ပြသနေသည့်နမူနာ ကောင်းတစ်ရပ်ဖြစ်ခဲ့သည်။ အမေရိကန် သည် ၁၉၉၁ ခုနှစ်မှစတင်ကာ အရှေ့ တီမောခွဲထွက်ရေးနှင့်ဆိုင်သည့်အကြောင်း အရာများကြောင့် အင်ဒိုနီးရှားအပေါ် စစ် လက်နက်ရောင်းချမှုများ ပြုလုပ်ရာ၌ အကန့်အသတ်များ စတင်ထားရှိခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် အမေရိကန်နှင့်ဥရောပ သမဂ္ဂတို့သည် အရှေ့တီမောအရေးနှင့် ပတ်သက်၍ အင်ဒိုနီးရှားအပေါ် အရေး ယူပိတ်ဆို့မှုများ ချမှတ်ခဲ့ရာ၌ စစ်လက် နက်ရောင်းချခြင်းများအား အလုံးစုံပိတ် ပင်ခဲ့သည်။ ထိုကဲ့သို့ ပိတ်ပင်လိုက်ခြင်း ကြောင့် အင်ဒိုနီးရှားအနေဖြင့် ပိုင်ဆိုင် ထားသောလေယာဉ်များအား ထိန်းသိမ်း ခြင်းကဲ့သို့ လုပ်ငန်းစဉ်များတွင် အပို ပစ္စည်းမရရှိခြင်းကြောင့် အကျပ်အတည်း များ ကြုံတွေ့ခဲ့ရသည်။
သို့သော် ရုရှားကုမ္ပဏီများသည် အမေရိကန်နှင့်ဥရောပသမဂ္ဂမှ ချမှတ် လိုက်သည့် အရေးယူပိတ်ဆို့မှုများကြောင့် အင်ဒိုနီးရှားကြုံတွေ့ခဲ့သောအကျပ်အတည်း များကို ကူညီဖြေရှင်းပေးရန် အသင့်ရှိခဲ့ သည်။ ၁၉၉၂ ခုနှစ် နိုဝင်ဘာလမှစတင် ကာ အင်ဒိုနီးရှားသို့ ရုရှားကုမ္ပဏီများ ရောင်းချခဲ့သည့် စစ်လက်နက်ပစ္စည်းများ ၏ စုစုပေါင်းတန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံရှိခဲ့သည်။ ရုရှားကုမ္ပဏီများဘက်မှ ရောင်းချခဲ့သော စစ်လက်နက်များထဲတွင် သံချပ်ကာယာဉ် များ၊ တင့်ကားများ၊ ကမ္ဘာကျော်ရိုင်ဖယ် အမျိုးအစားဖြစ်သည့် ကလက်ရှ်နီကော့ဗ် ရိုင်ဖယ်များ၊ တိုက်လေယာဉ်များ၊ တိုက် ခိုက်ရေးရဟတ်ယာဉ်များ၊ စစ်ဘက်သုံး အခြားပစ္စည်းများ ပါဝင်ခဲ့သည်။ ရုရှား မီဒီယာများကလည်း အင်ဒိုနီးရှားသို့ စစ်လက်နက်ပစ္စည်းများ ရောင်းချမှုကို ကျယ်ကျယ်ပြန့်ပြန့် ရေးသားဖော်ပြခဲ့ကြ သည်။ ၂ဝဝ၆ ခုနှစ် ဇန်နဝါရီ ၁ရက် တွင် အမေရိကန်က အင်ဒိုနီးရှားအပေါ် ချမှတ်ထားသော စစ်လက်နက်ရောင်းချမှု ပိတ်ပင်ခြင်းများကို ဖယ်ရှားခဲ့သော်လည်း လက်ရှိအချိန်အထိ အင်ဒိုနီးရှားဈေးကွက် သည် ရုရှားစစ်လက်နက်များကိုသာ အများဆုံးတောင်းဆိုလျက်ရှိသည်။
မြန်မာနိုင်ငံသည်လည်း အမေရိကန် နှင့် အနောက်နိုင်ငံများကြောင့် ရုရှားစစ် လက်နက်ကုမ္ပဏီများပိုင်ဆိုင်သွားခဲ့သည့် ခိုင်မာသောဈေးကွက်တစ်ခုဖြစ်ခဲ့သည်။ ရုရှားကုမ္ပဏီများသည် မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်းအမျိုးမျိုး ရောင်းချ ပေးခဲ့ရာတွင် အဆင့်မြင့်တိုက်လေယာဉ် များဖြစ်သောMiG-29 များ၊Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်များ၊Mi-17 ပို့ဆောင်ရေးရဟတ်ယာဉ်များ ပါဝင်ခဲ့ သည်။ ရုရှားကုမ္ပဏီများဘက်မှ မြန်မာ နိုင်ငံသို့ ရောင်းချပေးခဲ့သော တိုက်လေ ယာဉ်များနှင့်တိုက်ခိုက်ရေးရဟတ်ယာဉ် များသည် စွမ်းဆောင်ရည်မြင့်မားသော တိုက်လေယာဉ်နှင့်တိုက်ခိုက်ရေးရဟတ် ယာဉ်များဖြစ်ကြသည်။
ထို့အပြင် ၂ဝဝ၈ ခုနှစ် ဇန်နဝါရီလအတွင်း၌ ရုရှားကာ ကွယ်ရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ အားSu-30 အမျိုးအစားတိုက်လေယာဉ် များ ရောင်းချပေးမည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။Su-30 တိုက်လေယာဉ် များသည် ရုရှားနိုင်ငံမှထုတ်လုပ်သော ပဉ္စမမျိုးဆက်တိုက်လေယာဉ်များထဲ၌ စွမ်းဆောင်ရည်မြင့်မားသည့်တိုက်လေ ယာဉ်အမျိုးအစားတစ်ခုဖြစ်ကာ နိုင်ငံ အနည်းငယ်ကိုသာ ရောင်းချပေးထား သည်။ မြန်မာနိုင်ငံသို့Su-30 တိုက်လေ ယာဉ်များ ရောင်းချရန် ဆုံးဖြတ်ခဲ့မှုအပေါ် အမေရိကန်နှင့်ဥရောပနိုင်ငံများက ပြင်း ပြင်းထန်ထန်ဝေဖန်ကန့်ကွက်ခဲ့ကြသည်။
ရုရှားစစ်ဘက်ပညာရှင်များသည် မြန်မာနိုင်ငံ၏ လေကြောင်းနယ်ပယ်နှင့် ဆိုင်သောကဏ္ဍတွင် ပူးပေါင်းဆောင်ရွက် မှု အများအပြားပြုလုပ်ခဲ့သည်။ မြန်မာ နိုင်ငံသို့ ရောင်းချထားသော တိုက်ခိုက် ရေးရဟတ်ယာဉ်များ ပြုပြင်ထိန်းသိမ်း ခြင်းကဲ့သို့ လုပ်ငန်းစဉ်များတွင် ရုရှား ပညာရှင်များက ကူညီသင်ပြမှုများ ပြု လုပ်ခဲ့ကြသည်။ သို့သော် ရုရှားအနေဖြင့် မြန်မာ့တပ်မတော်အား ၁၉၉ဝ ပြည့်လွန် နှစ်များကတည်းက သင်ကြားလေ့ကျင့် မှုများပြုလုပ်ရာတွင် လိုအပ်သည့်အကူ အညီများ စတင်ပေးအပ်ခဲ့ခြင်းဖြစ်၍ ရုရှားဘက်မှ ကူညီသင်ပြမှုများ ပြုလုပ် ခဲ့ခြင်းမှာ အကြောင်းအရာအသစ်ဖြစ်သည် ဟု ဆိုနိုင်မည်မဟုတ်ပါ။ ၁၉၉ဝ ပြည့် လွန်နှစ်ပိုင်းများမှစတင်ကာ မြန်မာ့ တပ်မတော်မှ အရာရှိများအား ရုရှားနိုင်ငံ ရှိ တက္ကသိုလ်နှင့်ကောလိပ်များတွင် သက် ဆိုင်ရာဘာသာရပ်အသီးသီးအား စတင် သင်ကြားပေးခဲ့ခြင်းဖြစ်သည်။ ရုရှားနှင့် မြန်မာကြားရှိ ဆက်ဆံရေးအခြေအနေမှာ စစ်လက်နက်များ ရောင်းချခြင်းနှင့်စစ် ဘက်ဆိုင်ရာ ပူးပေါင်းလေ့ကျင့်မှုများ ပြုလုပ်ခြင်းများ မတိုင်မီကတည်းက ကောင်းမွန်သည့်အခြေအနေတွင် ရှိခဲ့ သည်။ ရုရှားနိုင်ငံဘက်မှ စက်ပစ္စည်း များ၊ စက်မှုလုပ်ငန်းသုံးကုန်ကြမ်းများ၊ ဓာတုပစ္စည်းများ၊ သတ္တုများနှင့်အခြား ပစ္စည်းများကို မြန်မာနိုင်ငံဘက်သို့ တင် ပို့ရောင်းချခဲ့သည်။ မြန်မာနိုင်ငံဘက်မှ လည်း ဆန်နှင့်ချည်မျှင်များ၊ အထည် ချုပ်လုပ်ငန်းထုတ်ကုန်များကို ရုရှားနိုင်ငံ သို့ တင်ပို့ရောင်းချခဲ့သည်။ ရုရှားကာ ကွယ်ရေးဝန်ကြီးဆာဂျီရှိုအီဂူက မြန်မာ နိုင်ငံသည် ရုရှားအတွက် အရှေ့တောင် အာရှဒေသတွင်သာမက အာရှပစိဖိတ် ဒေသတစ်ခုလုံးအတွက်ပါ မဟာဗျူဟာ မြောက်မိတ်ဖက်နိုင်ငံဖြစ်ကြောင်း ပြော ကြားခဲ့ဖူးသည်။ ဆာဂျီရှိုအီဂူသည် ၂ဝ၁၈ ခုနှစ်အတွင်း၌ မြန်မာနိုင်ငံသို့ ချစ်ကြည် ရေးခရီးလာရောက်ခဲ့ဖူးသည့်အပြင် အဆိုပါ ခရီးစဉ်မှအပြန်တွင် ရုရှားဘက်မှ မြန်မာ နိုင်ငံသိှု့Su-30 တိုက်လေယာဉ်များ ရောင်းချမည်ဟု သတင်းထုတ်ပြန်ခဲ့ သည်။
(Ref; A Resurgent Russian Sets its Sights on Asian By Bertil Lintner)
(ဆက်လက်ဖော်ပြပါမည်)