images
UN
UN
အတ္တလိုအင်ဆန္ဒများကို အစွဲပြုအကောင်အထည်ဖော်နေခြင်းဟာ ပြည်သူများအပေါ်ထားရှိတဲ့ စေတနာအရင်းခံလား
Thursday, 21 March 2019
နေပြည်တော်တွင် မတ်၁၅ရက်ကကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်အစည်း အဝေး၌ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းအား ဥပဒေမူကြမ်းလေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးသိန်းထွန်း၏ ကန့်ကွက်ဆွေးနွေးမှုကို ဖော်ပြအပ် ပါသည်။
လေးစားအပ်ပါသောနာယကကြီးခင်ဗျား
ကျွန်တော်ကတော့ဗိုလ်မှူးသိန်းထွန်း ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင် သည့် ဥပဒေကြမ်းလေ့လာစိစစ်ရေး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
နာယကကြီးခင်ဗျား
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၅ အရ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင် ရန် ဥပဒေမူကြမ်းကို ပြည်ထောင်စု လွှတ်တော်ရှိ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ ရာခိုင်နှုန်း ၂ဝ က တင်ပြ လာလျှင် အဆိုပါပြင်ဆင်ချက် ဥပဒေ မူကြမ်းကို ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးရမည်လို့ ပြဋ္ဌာန်းထားပါ တယ်။ ဒီပြဋ္ဌာန်းချက်အရ ပြင်ဆင်ချက် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ် တော်က လက်ခံဆွေးနွေးဆုံးဖြတ်ကြရမှာ ဖြစ်ပါတယ်။ စိစစ်ရေးပူးပေါင်းကော် မတီက ပြင်ဆင်ချက်ဥပဒေမူကြမ်းကို ငြင်းပယ်ခွင့် မရှိပါဘူး။ ပြည်ထောင်စု လွှတ်တော်က ပြင်ဆင်ချက်ဥပဒေမူကြမ်း ဆွေးနွေးရမယ့်အစား စိစစ်ရေးကော် မတီက ကိုယ်စားလှယ်များရဲ့ ဆွေးနွေး ဆုံးဖြတ်ခွင့်ကို ငြင်းပယ်ကျော်လွှားလိုက် ခြင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖောက်ဖျက်ခြင်းဖြစ်တာကြောင့် စိစစ်ရေး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို လုံးဝလက်မခံပါကြောင်းနှင့် အစီရင်ခံစာ အား ပယ်ဖျက်ပေးရန် ဦးစွာတင်ပြလို ပါတယ်။
ဒုတိယအချက်ကတော့ ၃ဝ ဦး ပူးပေါင်းကော်မတီဖွဲ့စည်းမှုဖြစ်ပါတယ်။ စိစစ်ရေး ပူးပေါင်းကော်မတီကို Percentage နဲ့ အာဏာရပါတီက ကော်မတီ အဖွဲ့ဝင်အများစု ရယူပြီး ဖွဲ့စည်းထားပါ တယ်။ ယခုလို အခြေခံဥပဒေပြင်ဆင် ရေး ဥပဒေမူကြမ်းတစ်ရပ်ကို စိစစ်တဲ့ ကော်မတီ ဖွဲ့စည်းရာမှာFair and equatity ရှိဖို့ ပါတီကိုယ်စားလှယ်အရေ အတွက် တူညီဖို့လိုပါတယ်။ ဒါမှအားလုံး ရဲ့ မျှတတဲ့အမြင်၊ သဘောထားများ ပါဝင်မှာ ဖြစ်ပါတယ်။ ဒီလို တစ်ဖက် သတ် ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်ခြင်းဟာ ဒီမိုကရေစီရဲ့ အခြေခံပင်မဖြစ်တဲ့ လွှတ် တော်ရဲ့ ရပ်တည်ချက် မျှော်မှန်းချက် များနဲ့ ကိုက်ညီပါသလားလို့ သံသယ ဖြစ်မိပါတယ်။ ဥပဒေပြုနေတဲ့ လွှတ်တော် အတွက် ကောင်းမွန်တဲ့ အစဉ်အလာ မဟုတ်ကြောင်းကိုလည်း သတိပြုစေလို ပါတယ်။Fair and equatity မရှိတဲ့ စိစစ်ရေးပူးပေါင်းကော်မတီက တင်လာ တဲ့ အစီရင်ခံစာဟာလည်း အားလုံးပါဝင် သော ဆုံးဖြတ်ချက်၊ သဘောထားများ မပါဝင်တာကြောင့် အစီရင်ခံစာကို လက် မခံနိုင်ကြောင်း တင်ပြလိုပါတယ်။


နာယကကြီးခင်ဗျား
တတိယအချက်ကတော့ ပြင်ဆင် ချက်ဥပဒေမူကြမ်းအပေါ် ထားရှိတဲ့ နိုင်ငံ ရေးအကျိုးစီးပွားပဲ ဖြစ်ပါတယ်။ ယနေ့ တည်ဆဲအစိုးရရဲ့ ရည်မှန်းချက်တစ်ရပ် က ဖက်ဒရယ်နဲ့ ဒီမိုကရေစီဖြစ်ပါတယ်။ ဖက်ဒရယ်စနစ်ဆိုတာသည် ဗဟိုနဲ့ပြည် နယ်အကြား အာဏာခွဲဝေအုပ်ချုပ်မှုပုံစံပဲ ဖြစ်ပါတယ်။ ယခု ပြင်ဆင်ချက်ဥပဒေမူ ကြမ်းဟာ ဗဟိုကချုပ်ကိုင်ထားတဲ့ လုပ် ပိုင်ခွင့်အာဏာတစ်ရပ်ကို ပြည်နယ်များ သို့ အာဏာခွဲဝေပေးခြင်း ဖြစ်ပါတယ်။
ယခု ပြင်ဆင်ချက်ဥပဒေကြမ်းပါ ပုဒ်မ ၂၆၁ ကိုလည်း ပထမအကြိမ်လွှတ် တော်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး မှာ ယင်းအချိန်မှာ အတိုက်အခံပါတီက ပြင်ဆင်ချက် တင်ခဲ့ဖူးပါတယ်။တိုင်းရင်း သားများကလည်း ပုဒ်မ ၂၆၁ ပြင်ဆင် ရေးကို တောင်းဆိုနေပါတယ်။ ဒါကြောင့် ယခု ပြင်ဆင်ချက်ဥပဒေကြမ်းဟာ ဖက်ဒရယ်စနစ်လိုလားသူတိုင်းအတွက် အတည်ပြုပေးသင့်တဲ့ ပုဒ်မတစ်တစ်ခု ဖြစ်ပါတယ်။ ပုဒ်မ ၂၆၁ တစ်ခုတည်း ကို သီးခြားပြင်ဆင်ခြင်းသည် သင့်မြတ်မှု မရှိကြောင်းဆိုတဲ့ အစီရင်ခံစာရဲ့ ဖော်ပြ ချက်ဟာ ကျိုးကြောင်း မဆီလျော်တဲ့ ဓားသွားပေါ်က ပျားရည်တစ်စက်ပဲဖြစ် ပါတယ်။ ပုဒ်မ ၂၆၁ တစ်ခုတည်းကို ပြင်မယ်ဆိုပါကလည်း ပြင်ဆင်လို့ရတဲ့ ပုဒ်မ ဖြစ်ပါတယ်။ ဒီလိုပြင်ဆင်လို့ရတဲ့ ပုဒ်မကို တိုင်းရင်းသားများအကျိုးစီးပွား နဲ့ ဖက်ဒရယ်တည်ဆောက်ရေးဆိုင်ရာ ဦးတည်ချက်ဖြစ်တာကြောင့်ပြည်ထောင်စု လွှတ်တော်က အတည်ပြုသင့်တဲ့ ပြင်ဆင် ချက်ဥပဒေမူကြမ်းဖြစ်ပါတယ်။ ဒါမှ လည်း ယနေ့ ပြောကြားနေတဲ့ အမျိုးသား ရင်ကြားစေ့ရေး၊ ဖက်ဒရယ်စနစ်တည် ဆောက်ရေးဆိုတဲ့ ကြွေးကြော်မှုများကို လက်တွေ့ သက်သေပြနိုင်ပါလိမ့်မယ်။ သို့မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအကျိုးစီးပွား၊ ပါတီအကျိုးစီးပွား၊ နိုင်ငံရေးအကျိုး စီးပွားတွေအတွက် ပုဒ်မ ၂၆၁ ပြင်ဆင် ချက်ဥပဒေမူကြမ်းကို မဲအသာစီးနဲ့ ဆုံးဖြတ်ငြင်းပယ်ကြမယ်ဆိုရင် နိုင်ငံရေး အမြတ်ထုတ် အသုံးချကြမယ်ဆိုရင် စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်နေရဆဲ ငြိမ်း ချမ်းရေးတည်ဆောက်မှု၊ အမျိုးသားရင် ကြားစေ့ရေး၊ ယုံကြည်မှုတည်ဆောက် ရေးများအတွက် အကျပ်အတည်းများ ဖြစ်ပွားစေပါလိမ့်မယ်။ ဒါဟာ နိုင်ငံ အတွက်win win လား၊ win lose လား၊lose lose လားဆိုတာ အထူးသတိချပ်စေ လိုပါတယ်။
မည်သည့်ပါတီအဖွဲ့အစည်းက တင် သည်ဖြစ်စေ နိုင်ငံနဲ့ ပြည်သူအကျိုးစီးပွား ကို ဦးတည်ဆောင်ရွက်ကြရမှာ လွှတ် တော်နဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ အဓိကတာဝန်ဖြစ်ပါတယ်။ နိုင်ငံနဲ့ပြည်သူ့ အကျိုးစီးပွားခေါင်းစဉ်အောက်မှာ မိမိတို့ အတ္တလိုအင်ဆန္ဒများကို အစွဲပြုအကောင် အထည်ဖော်နေခြင်းဟာ ပြည်သူများ အပေါ် ထားရှိတဲ့ စေတနာအရင်းခံလား ဆိုတာ မပြေးသော်လည်း ကန်ရာတွေ့နေ ရပါတယ်။
နာယကကြီးခင်ဗျား
မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းကို အချိန်မီသင်ခန်းစာယူနိုင်ဖို့ ဆွေးနွေးတင် ပြလိုပါတယ်။ မြန်မာနိုင်ငံရဲ့ ခေတ်စနစ် တွေဟာ အစိုးရနဲ့ပြည်သူသဘောထား ကွဲလွဲမှုတွေကြောင့် တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲခဲ့ရာ ယခုအခါ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးနေပြီဖြစ်ပါတယ်။ မြန်မာ နိုင်ငံမှာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးချိန်ကစပြီး ပါလီမန်ဒီမိုကရေစီစနစ် ကို ကျင့်သုံးခဲ့ပါတယ်။ အဲဒီအချိန်မှာ ဒီမိုကရေစီကျင့်သားမရလို့ ညှိနှိုင်းဆွေး နွေးမှု အားနည်းခဲ့လို့ အကွဲအပြဲတွေနဲ့ ကြုံတွေ့ခဲ့ရပြီးဖြစ်ပါတယ်။ ဒါကြောင့် ပါလီမန်ဒီမိုကရေစီစနစ်ဟာ ၁၉၆၂ ခုနှစ် မှာ တစ်ခန်းရပ်ခဲ့ပါတယ်။ ၁၄ နှစ် ကြာ ပါလီမန်ဒီမိုကရေစီစနစ် တစ်ခန်းရပ်စေခဲ့ တဲ့ အရင်းခံအကြောင်းတရားကတော့ ပုဂ္ဂိုလ်ရေးကိုယ်ကျိုးစီးပွား၊ ပါတီစွဲ အကျိုးစီးပွားတွေကြောင့်ဆိုတာ သမိုင်း သက်သေတွေအဖြစ် ရှိနေဆဲပါ။ ဒါကို ဒီကနေ့ သင်ခန်းစာယူကြရပါမယ်။ယနေ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးစနစ်အပြောင်း အလဲဟာ နုနယ်လွန်းနေပါသေးတယ်။ ရင့်ကျက်မှုတွေ၊ ပြင်ဆင်ဖြည့်ဆည်းရ မယ့်အချက်တွေ များစွာလိုအပ်နေဆဲ အခြေအနေ ဖြစ်ပါတယ်။ ဒီလိုအချိန် မှာ အတ္တဆန္ဒဗဟိုပြုတဲ့ အတွေးတွေ၊ နားထောင်ရုံသာကောင်းပြီး လက်တွေ့ မကျတဲ့ အပြောတွေ၊ အလုပ်တွေထက် ဘုံအကျိုးစီးပွားကို ဦးတည်ဖို့ အထူး လိုအပ်ပါတယ်။
ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ကျော်လွန်ဆောင်ရွက်ထားတဲ့ စိစစ် ရေးပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာ ကို ပယ်ဖျက်သင့်ပါကြောင်းနှင့် ပုဒ်မ ၂၆၁ ပြင်ဆင်ရေးဥပဒေမူကြမ်းကို ပြည် ထောင်စုလွှတ်တော်က ဥပဒေနဲ့အညီ ဆက်လက်ဆွေးနွေးဆုံးဖြတ်ရန် လိုအပ်ပါ ကြောင်း ဆွေးနွေးအပ်ပါတယ်။ အားလုံး ကို ကျေးဇူးတင်ပါတယ်။